Sunday, April 24, 2016

မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က မိုးတိမ်တောင် အခြေအနေနှင့်ပတ်သက်၍ ယခုကဲ့သို့ ခန့်မှန်းထားပါသည်။

မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က မိုးတိမ်တောင် အခြေအနေနှင့်ပတ်သက်၍ ယခုကဲ့သို့ ခန့်မှန်းထားပါသည်။ ဒီကနေ့မိုးတိမ်တောင်အခြေအနေ ၂၄-၄-၂၀၁၆ နေ့လည် (၁: ၅၀)နာရီ ခေတ္တ-ဟိုပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တိုးဝင်လာသော လေဖိအားနည်းချိုင့်ဝှမ်း(Trough) တစ်ခုကြောင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဖက်တွင် မိုးတိမ်တိုက်တစ်ခုဖြစ်ထွန်း လာနေပါတယ်။ အဆိုပါ မိုးတိမ်တိုက်ဟာ အရှေ့ဖက်ကို ဆက်လက်ရွေ့လာဖွယ်ရာ ရှိပါတယ်။ အဆိုပါတိမ်တိုက်ရဲ့တိမ်ထိပ်အမြင့်ဟာ -60°C အထိကျဆင်းနေတဲ့အတွက် အလွန်မြင့်မားပြီး အားကောင်းတဲ့ တိမ်တိုက်တစ်ခုဖြစ်လာနေပါတယ်။ အလားတူပဲ စစ်ကိုင်းတိုင်းအထက်ပိုင်းအတွင်းသို့ အနောက်ဖက်မှ မိုးတိမ်တောင်တစ်ခု ဟာ ရွေ့လျှားလာနေပါတယ်။ ယင်းရဲ့အရှိန်ကြောင့် နောက်(၂၄)နာရီအတွင်း ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ် တို့တွင် မိုးထစ်ချုန်းခြင်း၊ ၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း နဲ့အတူ နေရာကွက် မိုးကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းတိုက်ခတ်စဉ် မြေပြင်လေဟာ တစ်နာရီ မိုင်(၃၀)ခန့် တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ပါ ဖြစ်ပေါ်နိုင်ဖွယ်ရှိပါတယ်။

No comments: