Wednesday, April 27, 2016

မုဆိုးမ တိုင်းပြည် ^^^^^^^^^^^^

မုဆိုးမ တိုင်းပြည်
^^^^^^^^^^^^
ဖယောင်းတိုင်က
ခေါင်းရင်းမှာ တစ်တိုင်ပြီးတစ်တိုင်
ပုဝင်သွားလိုက် ရှည်သွားလိုက် ၊

မီးတွေကမှောင်တော့
ခွေးတွေကဟောင် ၊

အဖိုးကြီး အဖွားကြီးတွေ
စာပွဲဝိုင်းမှာ အလုပ်ရှုတ် ၊

အကြီးစား သာကူးကြီးက
မေတ္တာစကားတွေ ပြော ၊

ရုပ်သေးရုပ်မှာ ချည်ထားတဲ့
ကြိုးစတွေက မီးလောင် ၊

တောင်ကုန်းပေါ်က
ယမ်းငွေ့ တထောင်းထောင်း ၊

မိုးကောင်းကင်က လျှပ်စီးတွေ 
တဖျပ်ဖျပ် တလပ်လပ် ၊

မြေပြန့်မှာက
ဓားတဝင်းဝင်း ၊

လေမုန်တိုင်းက
တဝေါဝေါ တဝုန်းဝုန်း ၊

သည်းမခံနိုင်တော့တဲ့
သိကြားမင်းက
မီးသီးနှင့် ပစ်ပေါက် ၊

အရေးထဲ
ငါ့သမီး တော်လှ တော်လှ
ယောင်းမ မြင်းစီးထွက် ၊

ဘရုတ်နဲ့ သုက္ခတို့
ပေါင်းစပ်ထားတဲ့
မုတ်ဆိုးမ တိုင်းပြည် ။

( တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ် )

အရှင်သောပါက ၊ ပြင်ဦးလွင်

No comments: