Thursday, April 21, 2016

ဘန်ကောက်တွင် 4.5G အသုံးပြုနိုင်

ထိုင်းနိုင်ငံရှိ AIS အော်ပရေတာသည် ၎င်း၏ဟန်းဆက်များတွင် LTE-U ကွန်ရက်နည်းပညာထောက်ပံ့မှု ပေးခဲ့သောကြောင့် သုံးစွဲသူများက 1Gbps ထက်ကျော်လွန်သော မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်တော့မည် ဖြစ်သည်။
LTE-U ထောက်ပံ့ထားသော ဟန်းဆက်များဖြစ်သော Samsung, LG, HTC နှင့် Sony တို့သည် ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်တွင် ထိုင်းဈေးကွက်အတွင်း ရောင်းချသွားဖွယ်ရှိကာ ထိုအချိန်မတိုင်မီတွင် ကွန်ရက်မှာ အဆင်သင့်ဖြစ်နေမည်ဟု AIS အကြီးအကဲလုပ်ငန်းပိုင်းဆိုင်ရာအရာရှိ ဟူဝမ်ချွန်ကပြောကြားခဲ့သည်။ ပြီးခဲသည့်လက AIS သည် ကမ္ဘာ့ပထမဆုံး 4.5G ကွန်ရက်ကို မိတ်ဆက်ခဲ့သည်။ ထို 4.5G နည်းပညာ၏ အဓိက feature မှာ download နှုန်း 1Gbps ကျော်လွန်ခြင်း ဖြစ်သည်။
AIS သည် Huawei နှင့်ပူးပေါင်း၍ 4.5G ကွန်ရက်များကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သုံးစွဲသူများက အသုံးပြုနေသည့် ဝန်ဆောင်မှု ပိုမိုများပြားလာပြီး ဗီဒီယိုကြည့်ရှုရာတွင် မြန်နှုန်းပိုမိုလိုအပ်လာသောကြောင့် 4.5G ကွန်ရက်က အရေးပါလာမည် ဖြစ်ကြောင်း ဟူဝမ်ချွန်က ပြောကြားခဲ့သည်။ Bandwidth သုံးစွဲမှု မြှင့်တက်လာခြင်းမှာ ဈေးကွက်တွင်းသို့ developer များဖန်တီးထားသော application များစွာ ပေါ်ပေါက်လာသောကြောင့် ဖြစ်သည်။ ထို့အပြင် ဆေးပညာနှင့် ပညာရေးကဏ္ဍများတွင်လည်း ဗီဒီယိုဖိုင်များစွာ လွှဲပြောင်းနေကြသဖြင့် လိုအပ်ချက်ကို ကာမိစေရန်အတွက် တိုးတက်ပြီး ထိရောက်မှုရှိသော လှိုင်းများအသုံးပြုရေးမှာ အရေးပါလာသည်။
အဆိုပါဝန်ဆောင်မှုကို 4G အသုံးပြုသည့် သုံးစွဲသူများအနေဖြင့် setting နှင့် ထပ်ဆောင်းငွေကြေးပေးစရာ မလိုအပ်ဘဲ ချက်ချင်း အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။ ယခုအခါ AIS သည် ဘန်ကောက်ရှိ အဓိကကျသည့် နေရာများတွင် ထောက်ပံ့ပေးထားပြီး သုံးစွဲမှုများပြားသော အဓိကမြို့များတွင် ဆက်လက်တိုးချဲ့ရန် စီစဉ်ထားသည်။
Ref: BangkokPost

No comments: