Monday, March 28, 2016

ဆေးခြောက် အလွန်အမင်းသုံးသော လူငယ်များ ကြီးလာပါက မိဘတွေထက် စီးပွားရေး ဆိုးနိုင်

အသက် ၃၈ နှစ်အရွယ် ရောက်တဲ့အခါမှာ မိဘတွေထက် စီးပွားရေးနဲ့လူမှုရေးမှာ အခြေအနေ ပိုဆိုးလာတာ ဖြစ်ပါတယ်။
play

လူငယ်ဘဝမှာ ဆေးခြောက်အမြောက်အများသုံးသူတွေဟာ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့မိဘတွေထက် စီးပွားရေး ပိုဆိုးနိုင်တယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြပါတယ်။ ရေရှည်အဆက်မပြတ်သုံးသူတွေဟာ အသက် ၃၈ နှစ်အရွယ် ရောက်တဲ့အခါမှာ မိဘတွေထက် စီးပွားရေးနဲ့လူမှုရေးမှာ အခြေအနေ ပိုဆိုးလာတာ ဖြစ်တယ်လို့ အဆိုပါသုတေသနက ဆိုပါတယ်။
play

သုတေသနကို ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၁၉၇၂ နဲ့ ၇၃ ခုနှစ်တွေမှာ မွေးတဲ့ လူပေါင်း ၉၅၀ ကိုလေ့လာထားတာဖြစ်ပါတယ်။ တွေ့ရှိချက်ကိုတော့ Clinical Psychological Science ဂျာနယ်မှာ ထည့်သွင်းခဲ့ပါတယ်။
Photos & Source: NBC News

No comments: