Saturday, March 26, 2016

အသက်ရှည်စေမယ့် အလေ့အထကောင်းများ

အသက်ရှည် ကျန်းမာဖို့အတွက် အမြဲတမ်း ရှိနေသင့်တဲ့ အလေ့အထကောင်းတွေ ရှိပါတယ်။
play

လူတိုင်း လူတိုင်းဟာ အသက်ရှည် ကျန်းမာစွာ နေထိုင်သွားလိုကြတာ သဘာဝပါ။ အသက်ရှည် ကျန်းမာဖို့အတွက် အမြဲတမ်း ရှိနေသင့်တဲ့ အလေ့အထကောင်းတွေ ရှိပါတယ်။ ဒီ အလေ့အထတွေက ငွေကုန်ကြေးကျ မများပေမယ့် အသက်ရှည် ကျန်းမာစေဖို့ အထောက်အကူပြုကြောင်း သုတေသနတွေက ညွှန်ပြထားပါတယ်။

ကျေးဇူးတင်ပါ ချစ်ခင်ပါ

လူအချင်းချင်း ကျေးဇူးတင်တတ်တာ၊ ချစ်ခြင်းမေတ္တာ ထားတတ်တာက စိတ်အေးချမ်းမှုကို ဖြစ်စေပါတယ်။
play

ချစ်ခြင်းမေတ္တာက ရောင်ပြန်ဟပ်သလို ကျေးဇူးတင်ခြင်းကလည်း အသိအမှတ်ပြုမှု ပြန်ရတတ်တာမျိုးပါ။ လူမှုအသိုင်းအဝိုင်းမှာ ကျေးဇူးတင်တတ်၊ မေတ္တာထားတတ်သူတွေဟာ အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ကြပါတယ်။

ဆေးလိပ်မသောက်ပါနဲ့

play

အသက်ရှည် ကျန်းမာဖို့ဆိုရင် ဆေးလိပ်ကို စွန့်ပစ်ဖို့ လိုအပ်ပါတယ်။ ဆေးလိပ်သောက်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေက လူ့သက်တမ်းကို တိုစေနိုင်ပါတယ်။

နာကျင်စရာတွေ မေ့ပစ်လိုက်ပါ

ဖြစ်ပျက်တွေ့ကြုံခဲ့သမျှ ပူဆွေးဝမ်းနည်းစရာတွေ၊ စိတ်ပျက်စရာတွေကို မေ့ပစ်လိုက်ပါ။
play

အတိတ်က နာကျင်မှုတွေကို တနုံ့နုံ့ခံစားနေခြင်းက စိတ်ကျန်းမာရေးအပြင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးပါ ထိခိုက်စေပါတယ်။ အတိတ်ကို မေ့ပစ်ပြီး လက်ရှိဘဝမှာ နေထိုင်ခြင်းက သက်ရှည်ကျန်းမာဖို့အတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။

စိတ်ရော ကိုယ်ပါ အနားပေးပါ

play

တစ်နေ့လျှင် အနည်းဆုံး ၁၀ မိနစ်ခန့် ဘာမျှမတွေး ဘာမျှမလုပ်ဘဲ စိတ်ရော ကိုယ်ပါ အနားယူပါ။

နေရောင်တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ

နံနက်ခင်း နေရောင်မှလွဲပြီး နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
play

နေပူထဲ သွားလာတဲ့အခါ နေရောင်တိုက်ရိုက် ထိတွေ့မှုမရှိအောင် ထီးကဲ့သို့ အကာအကွယ်ဖြင့် သွားလာပါ။ နေရောင်ကာလိမ်းဆေးသုံးပါ။ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်က အရေပြားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နေရောင်တိုက်ရိုက်ထိတွေ့မှု မရှိခြင်းက အရွယ်တင်နုပျိုစေပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

play

ကိုယ်လက်လှုပ်ရှားမှု ရှိသူတွေဟာ ကျန်းမာလေ့ရှိပါတယ်။ တစ်ပတ်လျှင် အနည်းဆုံး ၃ ကြိမ်နဲ့ တစ်ကြိမ်လျှင် အနည်းဆုံး မိနစ် ၂၀ ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရပါမယ်။

သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ

play

သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုးကို များများစားခြင်းက သက်ရှည်ကျန်းမာဖို့ အထောက်အကူ ပြုပါတယ်။

အစားအစာကို ချင့်ချိန်စားပါ

play

ကိုယ်နှစ်သက်တဲ့ အစားအစာတွေကို မစားဘဲ နေဖို့တော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သင့်တင့်မျှတစွာ စားဖို့လိုပါတယ်။

တီဗီကြည့်ချိန်လျှော့ပါ

တီဗီကြည့်ချိန်လျှော့ပြီး အိမ်ပြင်ထွက် လေကောင်းလေသန့်ရှူတဲ့ အလေ့အထကို လုပ်သင့်ပါကြောင်း သုတေသီတွေက တိုက်တွန်းထားပါတယ်။
play

အိမ်ထဲမှာ တီဗီချည်းကြည့်ရင်း အချိန်ကုန်မယ့်အစား လမ်းလျှောက်ထွက်တာ၊ အိမ်နီးချင်းတွေထံ အလည်အပတ်သွားတာ၊ အားကစားပွဲတွေကို မိသားစု သူငယ်ချင်းတွေနဲ့ သွားကြည့်တာတွေ လုပ်သင့်ပါတယ်။ ဒါမှမဟုတ် စာအုပ်တစ်အုပ်ဖတ်သင့်ပါတယ်။

ရေများများသောက်ပါ

play

ခန္ဓာကိုယ်အတွက် ရေဟာ မရှိမဖြစ် လိုအပ်သလို သက်ရှည်ကျန်းမာဖို့အတွက်လည်း အရေးပါလှပါတယ်။ သန့်ရှင်းတဲ့ရေ များများသောက်ခြင်းက ကျန်းမာရေးကောင်းမွန်စေပြီး အသက်ရှည်ရှည် နေနိုင်ပါတယ်။
Source & Photo: Daily Health

No comments: