Tuesday, March 29, 2016

တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် တရားမဝင်သစ်ထုတ်နေသော ယာဉ်များနှင့် သစ်များ သိမ်းဆည်းရမိ ====================================

တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် တရားမဝင်သစ်ထုတ်နေသော ယာဉ်များနှင့် သစ်များ သိမ်းဆည်းရမိ
====================================
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် မတ် ၂၆ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မြစ်ကြီးနား-ဗန်းမော်သွားကားလမ်း အနောက်ဘက်ခြမ်း ကန်တော်ယန်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာတွင် နေရာသုံးနေရာခွဲ၍ သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကရိန်းများ၊ ဘက်ဟိုးနှင့် သစ်တင်ယာဉ်များကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသော ယာဉ်များအနေဖြင့် ကရိန်းယာဉ်သုံးစီး၊ ဘက်ဟိုးယာဉ်တစ်စီး နှင့် သစ်များတင်ဆောင် ထားသော ခြောက်ဘီး ယာဉ် ၁၄ စီး၊ ၁ဝ ဘီးယာဉ် ၁၂ စီး၊ ၁၂ ဘီး ယာဉ် သုံးစီး၊ စုစုပေါင်းယာဉ်မျိုးစုံ ၃၃ စီး နှင့် သစ်မာမျိုးစုံ တန် ၂ဝဝ ခန့်ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ ယာဉ်များနှင့်သစ်များအား ဝိုင်းမော်မြို့နယ် သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: