Saturday, March 26, 2016

အိုင်အက်စ်ရဲ့ နံပါတ်နှစ် ခေါင်းဆောင် သေဆုံးကြောင်း အမေရိကန် ကြေညာ

အိုင်အက်စ်အဖွဲ့ နံပါတ်နှစ်ခေါင်းဆောင် အဗ္ဗဒူလ် ရဟ်မန်နဲ့ ပတ်သက်ပြီး သတင်းပေးနိုင်သူကို ဆုကြေးငွေ ဒေါ်လာ ၇ သန်း ပေးမယ်လို့ အမေရိကန်က ကမ်းလှမ်းထားခဲ့ပါတယ်။
play
အိုင်အက်စ်အဖွဲ့ရဲ့ နံပါတ်နှစ်ခေါင်းဆောင် အဗ္ဗဒူလ် ရဟ်မန် မွတ်စ်တာဖာ အယ်ကွာဒါလီ

ပြီးခဲ့တဲ့ သီတင်းပတ်က ဆီးရီးယားမှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုများအတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ နံပါတ်နှစ်ခေါင်းဆောင် သေဆုံးသွားကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။ အိုင်အက်စ်အဖွဲ့ရဲ့ နံပါတ်နှစ်ခေါင်းဆောင် အဗ္ဗဒူလ် ရဟ်မန် မွတ်စ်တာဖာ အယ်ကွာဒါလီနဲ့ အခြား ထိပ်တန်းခေါင်းဆောင်တွေ သေဆုံးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာက ပြောပါတယ်။
play

အိုင်အက်စ်အဖွဲ့ နံပါတ်နှစ်ခေါင်းဆောင် အဗ္ဗဒူလ် ရဟ်မန်နဲ့ ပတ်သက်ပြီး သတင်းပေးနိုင်သူကို ဆုကြေးငွေ ဒေါ်လာ ၇ သန်း ပေးမယ်လို့ အမေရိကန်က ကမ်းလှမ်းထားခဲ့ပါတယ်။ အဗ္ဗဒူလ် ရဟ်မန် သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောကြားခြင်း မရှိပါဘူး။
play

အကယ်၍ အဗ္ဗဒူလ် ရဟ်မန် သေဆုံးမှု မှန်ကန်ပါက သီတင်းပတ်များအတွင်း အိုင်အက်စ်အဖွဲ့ရဲ့ ဒုတိယမြောက် ထိပ်တန်းခေါင်းဆောင် သေဆုံးမှုဖြစ်ကြောင်း သိရပါတယ်။
Source & Photo: AFP, BBC

No comments: