Saturday, March 26, 2016

လက်မထပ်ဘဲ အတူနေမိသည့် အမျိုးသမီးကို လူမြင်ကွင်းတွင် ကြိမ်ဒဏ်ပေး

အစ္စလာမ်ဘာသာရေးက တားမြစ်ထားတဲ့ အရာကို ချိုးဖောက်မိလို့ ဖြစ်ပါတယ်။
play

လက်မထပ်ဘဲ ချစ်တင်းနှောခဲ့မိတဲ့ အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးကို လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးလိုက်တဲ့ ဖြစ်ရပ်တစ်ခု အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့ပါတယ်။ အင်ဒိုနီးရှားက ဘန်ဒါအာဆက်ရှ် အရပ်မှာ ကြိမ်ဒဏ် ပေးခံခဲ့ရတာဖြစ်ပါတယ်။
play

အမျိုးသမီးတစ်ဦးကို  အစောင့်နှစ်ဦးက လူလယ်ခေါင်မှာ ထားရှိတဲ့ စင်မြင့်ထက်ကို ထုတ်လာပါတယ်။ အဲဒီအခါ မျက်နှာဖုံးစွပ်ထားသူတစ်ဦးက ကြိမ်ဒဏ်ပေးပါတော့တယ်။ ကြောပြင်ပေါ်ကျလာတဲ့ ကြိမ်ဒဏ်ချက်တွေဟာ နာကျင်လွန်းတဲ့အတွက် အဆိုပါအမျိးသမီးဟာ ဒူးထောက်ထားရင်း သူမရဲ့အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုတ်ထားပြီး အံကြိတ်ထားရတာကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။
play

ကြိမ်ဒဏ်ပေးပြီးတဲ့နောက် သူမရဲ့ ဒဏ်ရာတွေကို ပြန်လည်ကုသဖို့အတွက် ထမ်းစင်နဲ့ထမ်းပြီး ခေါ်ဆောင်ရတဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။ အိမ်ထောင်မပြုပဲ လိင်ဆက်ဆံခြင်းကို တားမြစ်ထားတဲ့ ဥပဒေဟာ အင်ဒိုနီးရှားက ဘန်ဒါအာဆက်ရှ်ဒေသမှာ ယနေ့တိုင် တရားဝင်နေဆဲ ဖြစ်ပါတယ်။အစ္စလာမ်ဘာသာဝင်က ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဥပဒေအဖြစ် အာဆက်ရှက်ခရိုင်မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။
play

ဓာတ်ပုံမှတ်တမ်းအတွေအရ အမျိုးသမီးတစ်ဦးအပြင် အခြားသော အမျိုးသားနှစ်ဦးကိုလည်း ဒီလိုအလားတူ ပြစ်မှုအတွက် ကြိမ်ဒဏ်ပေးနေတာ တွေ့ရပါတယ်။
Source & Photos : Daily Mail

No comments: