Saturday, March 26, 2016

ရွှေအတုရောင်းတဲ့ တရုတ်နိုင်ငံသားတွေကို ထောင်ဒဏ်ချ

ရွှေတုံးအတု ငါးပိဿာကျော်ကို မြန်မာငွေ သိန်း ၁၂၀၀ နဲ့ လိမ်လည် ရောင်းချခဲ့တာ ဖြစ်ပါတယ်။
play

ရွှေအတုတွေ လိမ်လည်ရောင်းချခဲ့တဲ့ တရုတ်နိုင်ငံသားသုံးဦးကို ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 7Day Daily ရဲ့ ဖော်ပြချက်အရ လဝကအက် ဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပြီး အဆိုပါတရုတ်အမျိုးသားတွေဟာ ရွှေတုံးအတုတွေကို လိမ်လည်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ဇူလိုင် ၁၈ ရက် ညနေက ငွေအိတ်တွေနဲ့ မသင်္ကာဖွယ် တရုတ်နိုင်ငံသား သုံးဦးကို စစ်ဆေးခဲ့ရာမှာ အောက်ကြည့်မြင်တိုင်လမ်းက လူတစ်ဦးဆီက ရွှေတုံးတုတွေ လိမ်လည်ရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ရွှေတုံးအတု ငါးပိဿာကျော်ကို မြန်မာငွေ သိန်း ၁၂၀၀ နဲ့ လိမ်လည် ရောင်းချခဲ့တာ ဖြစ်ပြီး အလုံမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။
Source: 7Day Daily

No comments: