Saturday, March 26, 2016

ပလစတစ်တွင် ပါသော ဓာတုဗေဒပစ္စည်းတစ်ခုက အချိန်မတိုင်မီ မီးဖွားမှုကို ဖြစ်နိုင်

မွေးဖွားဖို့ ၃၇ ပါတ်အလိုအတွင်း မွေးဖွားခဲ့မယ်ဆိုရင် အချိန်မတိုင်မီ မွေးဖွားခြင်းလို့ သတ်မှတ်လို့ရပါတယ်။
play

Bisphenol A  လို့ ခေါ်တဲ့ BPA ဟာ ပလတ်စတစ်မှာ တွေ့ရတဲ့ ဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်ပြီး အဆိုပါ BPA ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ မီးဖွားချိန်မတိုင်မီ မွေးဖွားတာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
play

တက္ကဆက် တက္ကသိုလ် ဆေးပညာ ဌာနခွဲက ပြုလုပ်ခဲ့တဲ့ သုတေသနအရ ထိုကဲ့သို့တွေ့ရှိခဲ့တာ ဖြစ်ပြီး BPA ထိတွေ့မှု အလွန်များသူကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်နိုင်ပါတယ်။ ပလတ်စတစ်တွေကို နေရာအမျိုးမျိုးမှာ သုံးနေကြတာကြောင့် အမျိုးသမီးတွေဟာ BPA နဲ့ အဆက်မပြတ်ထိတွေ့နေရတယ်လို့ ဆိုပါတယ်။
မွေးဖွားဖို့ ၃၇ ပါတ်အလိုအတွင်း မွေးဖွားခဲ့မယ်ဆိုရင် အချိန်မတိုင်မီ မွေးဖွားခြင်းလို့ သတ်မှတ်လို့ရတယ်လို့ အဆိုပါသတင်းကို ဖော်ပြခဲ့တဲ့ Daily Mail မှာ ရေးသားထားပါတယ်။ သုတေသနဟာ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ သွေးနမူနာနဲ့ မွေးဖွားလာတဲ့ သန္ဓေသားကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
Photos & Source: Daily Mail

No comments: