Saturday, March 26, 2016

အသားအရေအတွက် ရေခဲကို အသုံးပြုနည်း (၃) မျိုး

မျက်လုံးအောက်မှာ မျက်အိတ်ဖြစ်နေသူတွေအတွက် ရေခဲကို သုံးလို့ရပါတယ်။
play

၁ - ချွေးပေါက်
ရေခဲဟာ ချွေးပေါက်တွေရဲ့ အရွယ်အစားကို ကျုံ့သွားစေပါတယ်။ အသားအရေတွန့်တာကို ပြေလျော့စေပါတယ်။ မအိပ်ခင်ရေခဲကို အဝတ်စတစ်ခုနဲ့ ထုပ်ပြီး မျက်နှာပေါ်မှာ မိနစ်အနည်းငယ်ကြာအောင် ပွတ်ပေးရမှာ ဖြစ်ပါတယ်။  အသားအရေဟာတင်းရင်းပြီး မနက်မိုးလင်းတဲ့အခါ လန်းဆန်းနေမှာ ဖြစ်ပါတယ်။
play

၂ - မျက်အိတ်
မျက်လုံးအောက်မှာ မျက်အိတ်ဖြစ်နေသူတွေအတွက် ရေခဲကို သုံးလို့ရပါတယ်။ green tea ကို ဖျော်ပြီး ရေခဲတုံးအဖြစ် အအေးခံလိုက်ပါ။ ရလာတဲ့ ရေခဲတုံးတွေကို အဝတ်စနဲ့ ပတ်ပြီး မျက်လုံးအောက်ကို ဖြည်းညှင်းစွာ ပွတ်ပေးရမှာ ဖြစ်ပါတယ်။
play

၃ - အနာရွတ်
ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေကိုလည်း ရေခဲတုံးက အရွယ်အစား သေးငယ်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ ရေခဲတုံးတွေနဲ့  မိနစ်ပိုင်းကြာအောင် ပွတ်ပေးရမှာ ဖြစ်ပြီး အစက်အပြောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။
Photos & Source: allwomenstalk

No comments: