Saturday, March 26, 2016

ပုဂံမှာ အဝတ်အစား ဆင်းရဲခဲ့တဲ့ နိုင်ငံခြားသားကို အရေးယူမယ်

အင်္ဂလန်နိုင်ငံသားဟာ စိတ်မနှံ့သူတစ်ဦးမဟုတ်ဘဲ ဆေးဝါးတစ်မျိုးမျိုး သုံးစွဲခဲ့တာဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။
play

ပုဂံမြို့ အာနန္ဒာဘုရားအနားမှာ အဝတ်ဗလာနဲ့ လျောက်သွားပြီး ဘုရားဖူးယာဉ်တွေကို နှောက်ယှက်ခဲ့တဲ့ အသက်၂၀ အရွယ် အင်္ဂလန်နိုင်ငံသားကို အရေးယူဖို့  ပြင်ဆင်နေတယ်လို့  ပုဂံမြို့ ကမ္ဘာလှည့်ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲ့က ဒုရဲမှုးခိုင်ဝင်းက ပြောပါတယ်။
ဒီလိုလုပ်ခဲ့တဲ့ အင်္ဂလန်နိုင်ငံသားဟာ စိတ်မနှံ့သူတစ်ဦးမဟုတ်ဘဲ ဆေးဝါးတစ်မျိုးမျိုး သုံးစွဲခဲ့တာဖြစ်နိုင်တယ်လို့ ယူဆရတာကြောင့် ဆေးစစ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“သူ့သူငယ်ချင်းပြောတာတော့ ခဏထိန်းသိမ်းထားလိုက်ရင် ကောင်းသွားမှာပါလို့ ပြောတယ်။ ကျွန်တော်တို့က ဆေးဝါးသုံးထားခြင်း ရှိမရှိကို စစ်ဆေးနေပါတယ်။လဝက ဥပဒေနဲ့ အရေးယူမလား။ ဘာနဲ့အရေးယူမလဲဆိုတာ စီစဉ်နေကြပါတယ် ” လို့ ဒုရဲမှုးခိုင်ဝင်းက ပြောပါတယ်။
အင်္ဂလန်နိုင်ငံသား ဖီးလစ်နဲ့ သူ့ရဲ့ သူငယ်ချင်းနဲ့ ပုဂံမြို့ကို ကိုယ်ပိုင်အစီအစဉ်နဲ့ လာရောက်တာဖြစ်တယ်လို့ သိရပါတယ်။
Source & Photo : 7DayDaily

No comments: