Tuesday, March 29, 2016

တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် တရားမဝင်သစ်ထုတ်နေသော ယာဉ်များနှင့် သစ်များ သိမ်းဆည်းရမိ ====================================

တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် တရားမဝင်သစ်ထုတ်နေသော ယာဉ်များနှင့် သစ်များ သိမ်းဆည်းရမိ
====================================
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် မတ် ၂၆ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မြစ်ကြီးနား-ဗန်းမော်သွားကားလမ်း အနောက်ဘက်ခြမ်း ကန်တော်ယန်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာတွင် နေရာသုံးနေရာခွဲ၍ သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကရိန်းများ၊ ဘက်ဟိုးနှင့် သစ်တင်ယာဉ်များကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသော ယာဉ်များအနေဖြင့် ကရိန်းယာဉ်သုံးစီး၊ ဘက်ဟိုးယာဉ်တစ်စီး နှင့် သစ်များတင်ဆောင် ထားသော ခြောက်ဘီး ယာဉ် ၁၄ စီး၊ ၁ဝ ဘီးယာဉ် ၁၂ စီး၊ ၁၂ ဘီး ယာဉ် သုံးစီး၊ စုစုပေါင်းယာဉ်မျိုးစုံ ၃၃ စီး နှင့် သစ်မာမျိုးစုံ တန် ၂ဝဝ ခန့်ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ ယာဉ်များနှင့်သစ်များအား ဝိုင်းမော်မြို့နယ် သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နာဂရိုးရာဝတ်စုံလေးနဲ့ နန်းဆုရတီစိုး


နေရာဒေသ အသစ်တစ်ခုကို ရောက်တိုင်း ယဉ်ကျေးမှု ရိုးရာလေးတွေကို လေ့လာရတာ သဘောကျမိတယ်လို့ သူမက ဆိုပါတယ်။
play

နာဂရိုးရာ ဝတ်စုံလေးနဲ့ လှနေသူကတော့ နန်းဆုရတီစိုး ဖြစ်ပါတယ်။
play

နေရာ ဒေသအသစ်တစ်ခုရောက်တိုင်း အဲ့ဒီဒေသတွေရဲ့ ယဉ်ကျေးမှု ရိုးရာတွေကို လေ့လာရတာကိုလည်းအရမ်းသဘောကျမိတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားပါတယ်။
play

"သာယာလှပတဲ့ နာဂမြေရောက်တုန်း နာဂရိုးရာဝတ်စုံလေးနဲ့ အမှတ်တရပါ။ နာဂ လူမျိုး များ မွေးဖွားလာလျှင် မိဘများက ယောကျာ်းဆို ဓားတစ်လက် လှံ တစ်လက်၊ မိန်းကလေးဆို ပုတီး လက်ကောက်တွေ လုပ်ပေးပြီး ရိုးရာ သီချင်းတွေ၊ အက တွေ သင်ပေးတယ်လို့ သိရတယ်။ နေရာဒေသအသစ်တစ်ခုကိုရောက်တိုင်း အဲ့ဒေသရဲ့ ယဉ်ကျေးမှု ရိုးရာ အလေ့အကျင့်တွေကို လေ့လာရတာ အရမ်းသဘောကျတယ်"လို့ ဆိုပါတယ်။

တက်တူး မင်အပြည့်ထိုးတာ ခေတ်စားနေ


အင်စတာဂရမ်ပေါ်မှာလည်း အဆိုပါတက်တူးပုံတွေ ပြန့်နှံ့နေတယ်လို့လည်း Daily Mail က ဖော်ပါတယ်။
play

တက်တူးကို ရုပ်ပုံထိုးတာမျိုး မဟုတ်ဘဲ ဆေးအပြည့်ထိုးတာမျိုး ခေတ်စားနေတယ်လို့ Daily Mail ကဖော်ပြပါတယ်။
play

လက်မောင်းတွေ၊ ရင်ဘတ်တွေနဲ့ ခြေထောက်တွေအပါအဝင် နေရာအနှံ့အပြားကို ဆေးသားသက်သက်ပဲ ထိုးကြတာမျိုးဖြစ်ပါတယ်။ Daily Mail က ဖော်ပြတဲ့ ပုံတစ်ပုံမှာ လူတစ်ဦးဟာ တစ်ကိုယ်လုံးကို ဆေးသားသက်သက်ကြီးပဲ ထိုးထားတာဖြစ်ပါတယ်။
play

အင်စတာဂရမ်ပေါ်မှာလည်း အဆိုပါတက်တူးပုံတွေ ပြန့်နှံ့နေတယ်လို့လည်း Daily Mail က ဆိုပါတယ်။
play
play
play

Photos & Source: Daily Mail

အသက် ၃၅ နှစ်မှာ စွန့်လွှတ်လိုက်သင့်တဲ့ အကျင့် (၄) မျိုး

၃၅ နှစ်ဆိုတဲ့ အရွယ်ဟာ အတွေ့အကြုံကောင်းတွေနဲ့ ရင့်ကျက်နေရမယ့် အချိန်ဖြစ်ပါတယ်။
play

၁ - ကိုယ်ချစ်တဲ့ လူတွေကို ခပ်ခွာခွာဆက်ဆံတဲ့ အကျင့်
သင် တကယ်ချစ်တဲ့လူတွေနဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံသင့်ပါတယ်။ သင့်အခြေအနေ၊ သင့်အနာဂတ်တွေကို ပြောပြသင့်ပါတယ်။ သင်က ချစ်ကြောင်းပြမှ သူတို့ကလည်း ချစ်ကြောင်းသိမှာပါ။
၂ - သူများတွေနဲ့ လိုက်နှိုင်းတဲ့အကျင့်
ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ လိုက်နှိုင်းတာဟာ နောက်ဆုံးမှာ ကိုယ်ကိုယ်တိုင်ပဲ ဆုတ်ယုတ်မှု ဖြစ်ရပါတယ်။ သင့်ရဲ့ယုံကြည်မှုတွေကိုတောင် ထိခိုက်ပါတယ်။
play

၃ - ငွေသုံးကြမ်းတဲ့ အကျင့်
စနစ်တကျမဟုတ်ဘဲ ပရမ်းပတာ သုံးစွဲတာမျိုးဖြစ်ပါတယ်။ သုံးစရာရှိတာကိုတော့ သုံးရမှာ ဖြစ်ပေမဲ့ စနစ်တကျ စာရင်းဇယားချပြီး သုံးသင့်ပါတယ်။
၎ - လူတိုင်း သဘောကျအောင် နေရမယ်လို့ ထင်နေတဲ့ အကျင့်
၃၅ နှစ်ဆိုတဲ့ အရွယ်ဟာ အတွေ့အကြုံကောင်းတွေနဲ့ ရင့်ကျက်နေရမယ့် အချိန်ဖြစ်ပါတယ်။ လူတိုင်းအကြိုက် လိုက်နေမယ့်အစား ကိုယ့်ပုံစံ ကိုယ့်လမ်းကြောင်းနဲ့ အေးအေးဆေးဆေး နေရမယ့် အချိန်ဖြစ်ပါတယ်။
Photos & Source:Lifehack

အီဂျစ် ခရီးသည်တင်လေယာဉ် ပြန်ပေးဆွဲခံထားရ

လေယာဉ်ဟာ Airbus အမျိုးအစားလေယာဉ်ဖြစ်ပြီး ခရီးသည် ၅၅ ဦးနဲ့ ဝန်ထမ်း ၅ ဦး လိုက်ပါသွားတယ်လို့ သိရပါတယ်။
play

အလက်ဇန်ဒရီးယားကနေ ကိုင်ရိုကိုသွားနေတဲ့ အီဂျစ်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးပေါ်မှာ အသေခံဗုံးခွဲသူတစ်ဦးရဲ့ ခြိမ်းခြောက်မှုကြောင့် ဆိုက်ပရပ်စ်တောင်ပိုင်း ပင်လယ်ကမ်းခြေနားမှာ ဆင်းသက်လိုက်ရပါတယ်။
play

ခရီးသည်တစ်ဦးက သူ့မှာ ပါလာတဲ့ အသေခံဗုံးခွဲ ခါးပတ်နဲ့ ဖောက်ခွဲပစ်လိုက်မယ်လို့ ခြိမ်းခြောက်ကာ ဆင်းသက်ဖို့ အမိန့်ပေးခဲ့တာလို့ အာဏာပိုင်တွေ သတင်းထုတ်ပြန်ပါတယ်။
play

အီဂျစ် လေကြောင်းရဲရဲ့ အဆိုအရ Airbus 320 အမျိုးအစားလေယာဉ်ဟာ  ခရီးသည် ၅၅ ဦးနဲ့ ဝန်ထမ်း ၅ ဦး လိုက်ပါသွားတယ်လို့ သိရပါတယ်။ လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဆင်းသက်နိုင်ခဲ့တာပါ။
play

လက်ရှိအချိန်မှာ လာနာကာ လေဆိပ်ကို ပိတ်ထားရပြီး ဗီဒီယိုဖိုင်မှတ်တမ်းအရ လေယာဉ်ပေါ်က ခရီးသည်တွေကို လေဆိပ်ဘတ်စ်ကားဆီ ရွှေ့ပြောင်းပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ လေယာဉ်ကို ပြန်ပေးဆွဲထားသူက ဘယ်လို တောင်းဆိုမှုမျိုးမှ မလုပ်သေးကြောင်း ဆိုက်ပရက်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီးဇီနွန်က ပြောပါတယ်။
Source : AP, Fox News
Photos : Guardian

ဘာမြင်လဲ

ဘာမြင်လဲ

အကြိုက်ဆုံးစာသား

ကြိုက်ဆုံးစာသား

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်လာတော့မည် (ထောင်ဒဏ်စုစုပေါင်း ၂၁ နှစ်အထိ ချမှတ်ခံရဖူးပြီး တက္ကသိုလ် ဒုတိယနှစ်အထိသာ သင်ကြားဖူး)

ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဖြစ်လာတော့မည်
(ထောင်ဒဏ်စုစုပေါင်း ၂၁ နှစ်အထိ
ချမှတ်ခံရဖူးပြီး
တက္ကသိုလ် ဒုတိယနှစ်အထိသာ
သင်ကြားဖူး)

လစာတွေတိုးတော့မယ်တဲ့

လစာတွေတိုးတော့မယ်တဲ့
နိုင်ငံ့ဝန်ထမ်း(အစိုးရဝန်ထမ်း/ ပြည်သူ့ဝန်ထမ်း)
မဟုတ်တော့ပေမဲ့ မုဒိတာပွားမိပါတယ်
သူတို့ကိုယ်စားလည်းဝမ်းမြောက်မိပါတယ်
ဒါပေမဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက်က
ဝန်ထမ်းလစာတိုးတော့မဲ့အသံလည်းကြားရော
TV ဖန်သားပြင်မှာရော  ဂျာနယ်တွေမှာရော
မီဒီယာတွေက  နယ်ပယ်အသီးသီးက အခြေခံ
လူတန်းစားတွေကို လိုက်ပြီးဗျူးလိုက်ကြတာ
ဗျူးခံရတဲ့သူတွေကလည်း လစာတိုးတာတော့ကောင်းပါတယ် ဒါပေမဲ့
ကုန်ဈေးနှုန်းတွေတက်လာမှာကြောက်တယ်
နဲ့ မသိမသာ မကောင်းတဲ့ဘက်ကို ဦးစားပေး
ပြောကြတဲ့တုန့်ပြန်မှု တွေ အသားပေးဖေါ်ပြသွားကြတယ်
အင်းအခုတော့ မီဒီယာတွေဘယ်ရောက်နေကြပါကုန်လိမ့်?

အရာရာ အားလုံးဟာ ... အချိန်ကိုက် လှုပ်ရှားလာကြသလို ... ဖြစ်နေတယ် .....

အရာရာ အားလုံးဟာ ...
အချိန်ကိုက် လှုပ်ရှားလာကြသလို ...
ဖြစ်နေတယ် .....

ရှမ်းမြောက်နယ်မြေထဲ ...
လက်နက်ကိုင်တွေ တပ်ပေါင်းစု ဖွဲ့ပြီး ...
လှုပ်ရှားဖို့  ပြင်လာကြပြီလား ...

အစိုးရအသစ် ဘာလုပ်မလဲ ...
ဘယ်လို အချိုးချိုးမလဲ ...
စောင့်ကြည့်ဖို့ သာ လိုတော့တယ် ...

Facebook ကတော့ သင်နဲ့ ပုံစံတူအကောင့်တုတွေ ၊ ကိုယ့်ရဲ့ အကောင့်ကို ဒုက္ခရောက်စေနိုင်မယ့် အကြောင်းအရာနဲ့ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ

Facebook ကတော့ သင်နဲ့ ပုံစံတူအကောင့်တုတွေ ၊ ကိုယ့်ရဲ့ အကောင့်ကို ဒုက္ခရောက်စေနိုင်မယ့် အကြောင်းအရာနဲ့ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာရင် အသိပေးသွားမယ့် လုပ်ဆောင်ချက်သစ်ကို မိတ်ဆက်လိုက်ပါတယ်။  အခုလောလောဆယ် ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုးရှိနေခဲ့တာ အားလုံးသိမှာပါ။ ဖိလစ်ပိုင်နိုင်ငံသူတစ်ယောက်ရဲ့ ပုံရိပ်တွေကို မြန်မာနိုင်ငံမှာ “ထားသခင်”အမည်ခံအကောင့်အတုတစ်ခုအနေနဲ့ ပြန်လည်အသုံးပြုပြီး မြန်မာနိုင်ငံက FB သုံးစွဲသူအပေါင်းကို မျက်စိဒုက္ခပေးခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ နောက်ထပ်မဖြစ်တော့အောင် Facebook က ပြုလုပ်လိုက်တာပါ။ ဒီရဲ့ လုပ်ဆောင်ချက်အသစ်ဟာဆိုရင်တော့ ရှိပြီးသား သုံးစွဲသူတစ်ဦးရဲ့ ဓာတ်ပုံတွေ ၊ နာမည်တွေကို အခြားအကောင့်တစ်ခုကနေ ယူသုံးနေတဲ့အခါမှာ အဲ့ဒီအကောင့်ကို Facebook က တောက်လျှောက်စောင့်ကြည့်နေမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရှိပြီးသားအကောင့်ရဲ့ ပုံတွေနဲ့ အခြားပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ခိုးယူသုံးစွဲနေတယ်လို့ သံသယရှိလာတာနဲ့ Facebook က သင့်ကို လှမ်းပြီး အသိပေးမှာဖြစ်ပါတယ်။ ဒီလိုအသိပေးချိန်မှာတော့ သင့်ရဲ့ပုံစံတူ အကောင့်တုတစ်ခုဖြစ်တယ်ဆိုတာ ခိုင်လုံရင် ဒီအကောင့်တုကို ဖျက်ဆီးဖို့အတွက် လုပ်စရာ ရှိတာကို သင့်အနေနဲ့ အချိန်မီပြုလုပ်နိုင်မှာပါ။ အကယ်လို့ သင်ဟာ အွန်လိုင်း troll လိုမျိုး နေရာ (memes group) တွေမှာ ရည်ရွယ်ချက်ရှိရှိ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်ခံနေရတာမျိုး (Personal Attack ပြုလုပ်ခံရတဲ့ ပြဿနာမျိုး) ကြုံတွေ့လာရတဲ့အခါမှာလည်း Facebook က သင့်ကို notification ပို့ပေးပြီး သတိပေးသွားမှာဖြစ်ပါတယ်။ Facebook ဟာဆိုရင်တော့ အလားတူလုပ်ဆောင်ချက်မျိုးကိုလည်း မနှစ်က မိတ်ဆက်ခဲ့ပြီးဖြစ်ပြီး အဲဒီတုန်းကတော့ သင့်အနေနဲ့ အစိုးရရဲ့ စောင့်ကြည့်မှုမျိုးကို ခံနေရရင် လှမ်းပြီး အသိပေးမယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ Facebook ဟာဆိုရင် နောက်ပိုင်းမှာ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုတွေကို ဦးစားပေးလုပ်ဆောင်လာခဲ့ပြီး Facebook ရဲ့ သုံးစွဲသူ လုံခြုံရေးအကြီးအကဲ အန်တီဂွန်ဒေးဗစ်က “ဒီလုပ်ဆောင်ချက်ကတော့  ကမ္ဘာအနှံ့က မိန်းကလေးတွေရဲ့ အကောင့်တွေကို အသရေပျက်ပြားစေတဲ့ အပြုအမူမျိုးတွေ မဖြစ်ပွားအောင် အထူးသဖြင့် ကာကွယ်ပေးလိမ့်မယ်” လို့ ပြောပါတယ်။ Ref : Express

http://digitaltimes.com.mm/3107/facebook-new-security-feature/

Monday, March 28, 2016

အရင် တင်ပြခဲ့တဲ့ ... ဝန်ကြီး ကိုယ်ရေး အကျဉ်းတွေ ... မပြည့်မစုံ ဖြည့်တယ် ... လိမ်ဖြည့်တဲ့သူလဲ ဖြည့်ကြတယ် ...

အရင် တင်ပြခဲ့တဲ့ ...
ဝန်ကြီး ကိုယ်ရေး အကျဉ်းတွေ ...
မပြည့်မစုံ ဖြည့်တယ် ...
လိမ်ဖြည့်တဲ့သူလဲ ဖြည့်ကြတယ် ...

အမည်စာရင်းတွေက..
တင်ပြီး နောက်တစ်ရက်မှာ ...
ကန့် ကွက် / ထောက်ခံတင်ပြရတယ် ...

အရည်အချင်းနဲ့ ကိုက်ညီမှု ရှိ မရှိ ...
စစ်ဖို့ ကြည့်တော့ ...
ကိုယ်ရေးကလဲ အကျဉ်းပဲပါတယ် ...

ဒီနေ့  ခြေဥခုံရုံး အဖွဲ့ဝင်တွေကို ...
ကန့် ကွက်ရတဲ့ အကြောင်း ...
တပ်က ကိုယ်စားလှယ်တင်ပြတာ ...
ရှင်းရှင်းလေး ...

ကိုယ်ရေးအကျဉ်း မပြည့်စုံဘူး ...
ဘာမှ မပါဘူး ...
ဒါကြောင့် ကိုယ်ရေးအကျဉ်းပြည့်စုံအောင် ..
ဖော်ပြပေးပါ ...

လူကို ကန့် ကွက်တာ မဟုတ် ...
လူကို စွပ်စွဲတာမဟုတ် ...
ဘာမှ တိုက်ဆိုင် စစ်ဆေးလို့  မရလို့  ...
အတည်ပြုမရလို့  ကန့် ကွက်တာ ...
လက်ရှိအခြေအနေအရ ကန့်ကွက်ရတာပါ ...
ရှင်းနေအောင် ပြောသွားတာပဲ ...

တစ်ဖက်က ပြန်ပြောတော့ ...
ကိုယ်ရေးအကျဉ်းမို့  ...
အကျဉ်းပဲ ပါနိုင်မတဲ့ ...
အရည်အချင်းနဲ့ မပြည့်ကြောင်း စွပ်စွဲလိုရင်...
အထောက်အထားလိုသတဲ့ ...
ခိုင်လုံသော အကြောင်းမရှိရင် ...
အခြေခံ ဥပဒေအရ ....
သမ္မတ ဆုံးဖြတ်ချက်ကို ကန့် ကွက်မရတဲ့ ...

ဆိုလိုရင်းကို နားမလည်လား မသိ ...
ရည်ရွယ်ချက်ကို သဘောမပေါက်လားမသိ ...

အရည်အချင်းမပြည့်ကြောင်း ...
စွပ်စွဲနေတာမဟုတ် ...
ပြည့်မပြည့် စစ်ဖို့ ကို ...
ကိုယ်ရေးအချက် မပြည့်စုံ ...
ဒါကြောင့် ကန့်ကွက်ရတာ ...

ရှိစေတော့ ...
ရှိစေတော့ ....

သို့ သော် ...
နိုင်ငံတော်ရဲ့ အဆင့်အမြင့်ဆုံး ...
အခြေခံ ဥပဒေခုံရုံး အဖွဲ့ဝင်တွေရဲ့ ..
ကိုယ်ရေးအကျဉ်း ဟာ ..
ပြည့်စုံစရာ မလို ...

ကိုယ်ရေးအကျဉ်းဆိုတာ ...
အကျဉ်းပဲ ဖော်ပြဖို့ လိုတယ် ...

ဒီစကားတွေကတော့ ...
လွှတ်တော်သမိုင်းမှာ ...
အထင်အရှား ကျန်ခဲ့လေပြီ...

မဘသ (ဗဟို) ဆရာတော်များနှင့် အမေရိကန် သံရုံးတွေ့ဆုံဆွေးနွေး @@@@@@@@@@@@@@@@@@@@@@

မဘသ (ဗဟို) ဆရာတော်များနှင့် အမေရိကန် သံရုံးတွေ့ဆုံဆွေးနွေး
@@@@@@@@@@@@@@@@@@@@@@

အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) ရုံးတွင် ငါးကျမ်းပြန်ဆရာတော် ဘဒ္ဒန္တဒေါက်တာ ဓမ္မပီယ Ph.D, (USA) ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ MRTV-4 ဆရာတော် အရှင်ကဉ္စနောဘာသ၊ ဓမ္မ၀ီရ ဒေါက်တာအရှင်တေဇနိယ တို့နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံမှ တာဝန်ရှိသူများနဲ့ (၁) နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

မဘသ သည် အမေရိကန်သံရုံး EU စသည့်နိုင်ငံတကာအဖွဲ့အစည်းများနှင့် အမြဲလိုလို တွေ့ဆုံမှုများရှိပြီး မဘသ ၏ အမျိုးဘာသာ၊ သာသနာ ရေးဆိုင်ရာ သဘောထားများ လုပ်ဆောင်မှုများကို သိရှိနားလည်သွားကာ ကမ္ဘာမှာ မဘသလို လူသားကမ္ဘာကို ငြိမ်းချမ်းသည့်နည်းဖြင့် အကျိုးပြုနေသည့် အဖွဲ့အစည်းများ အမြောက်အများရှိသင့်ပါကြောင်း မှတ်ချက်ပြု အားပေးမှုများလည်းရှိပါသည်။

မဘသ ၏လမ်းစဉ်ကို ကျနစွာအမှန်အတိုင်းသိရှိသူတိုင်း မဘသကို အားပေးထောက်ခံ ၀န်းရံကြပေသည်။ မဘသ ၏ လမ်းစဉ်အမှန်ကို ကျနသေချာသိရှိအောင် ကြိုးစားနိုင်ကြပါစေ ။ တန်ဖိုးထားနိုင်ကြပါစေ။

လှည့်ပတ်ခံခြင်း အဆိပ်အတောက်များ။ လိမ်ညာ လှည့်စားခြင်း အမှောက်ပယောဂများ ကင်းစင်ပပျောက်ကာ အမှန်မျက်စေ့ဖြင့် ပကတိအတိုင်း မြင်နို်င်ကြပါစေ။

"ဓမ္မ၀ီရ ဒေါက်တာအရှင်တေဇနိယ"

28.3.2016

Credit-----Dhammavira Ashin

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဒေါက်တာညိုထွန်း ပြတ်ပြတ်သားသား ပြောပြီ'' -------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို
ဒေါက်တာညိုထွန်း ပြတ်ပြတ်သားသား ပြောပြီ''
-------------------------------------------------

ကျနော့်အနေနဲ့ သည်ကိစ္စဟာ ဒီချုပ်အတွက်ကော ဒေါ်အောင်ဆန်းစုကြည်အတွက်ကော ဘယ်လိုမှ သည်ဝန်ကြီးတွေကို ဆက်လက်ထားရှိဖို့ရန် ဆင်ခြေပြဖို့ လုံလောက်မှု မရှိနိုင်ကြောင်း ပြတ်ပြတ်သားသားပဲ ပြောလိုပါတယ်။ ကျနော်တို့ဟာ ဘာလို့ စစ်အာဏာရှင်စနစ်ကို တိုက်သလဲ၊ တပ်မတော်ကို မုန်းလို့လား။ ဦးအုန်းမြင့်လို ပါးလှည့်ရိုက်မယ်လို့ ရမ်းကားတဲ့ လူတွေကို မုန်းလို့လား၊ ဦးအုန်းမြင့်ထက် အပြောအဆိုရမ်းကား တဲ့လူတွေ အပြင်မှာ အများကြီးရှိတယ်။ တကယ်စဉ်းစားကြည့်ရင် ကျနော်တို့ဟာ စစ်အာဏာရှင်စနစ်ကို တိုက်တယ်ဆိုတာ ‘အချောင်သမားစနစ်’ ကို တိုက်တာဖြစ်တယ်။ စစ်အာဏာရှင်စနစ်မှာ သည်လူတွေဟာ လက်နက်နဲ့ ခြိမ်းခြောက်ပြီး ရာထူး နေရာ အခွင့်အရေးတွေကို အချောင်ရယူကြတယ်။ လက်နက်ပြပြီး ဘာမဆို အချောင်ရတဲ့ စနစ်၊ အချောင်သမားတွေက အစိုးရဖြစ်တဲ့ စနစ်ပေါ့။ အဲသည်တော့ စနစ်ပြောင်းတယ်လို့ ဆိုပြီး ‘လက်နက်ပြ အချောင်သမားစနစ်’ က မပျောက်တဲ့အပြင် ‘ဘွဲ့အတုပြ အချောင်သမား စနစ်’ က ထပ်တိုးလာတယ်၊ ဒါကို ဒေါ်စုတို့ လူကြီးတွေက လက်ခံလို့ကာ တရားဝင် ဖြစ်စေတယ်ဆို ဒါဟာ ကျုပ်တို့ လူ့ဘောင်ဟာ ပိုဆိုးတဲ့ လမ်းကြောင်းကို ရောက်သွားတာပဲ ဖြစ်တယ်။

နောက်တချက်က ဘွဲ့အတုတွေကို ခုလိုမျိုး အသိအမှတ်ပြုခြင်းဟာ နဂိုကပင် အင်မတန်မှပင် အရည်အသွေးချို့တဲ့ ညံ့ဖျင်းနေတဲ့ ကျနော်တို့ရဲ့ ပညာရေးစနစ်ကို ကုန်းကောက်စရာ မရှိအောင် ပိုဆိုးသွားစေလိမ့်မယ်။ ဦးကျော်ဝင်း ဘာလို့ ဘွဲ့အတုကို ယူဖို့ ကြိုးစားသလဲ၊ ဘွဲ့အတုနဲ့ ဒေါက်တာဆိုပြီး ဘာလို့ ဆောင်းပါးတွေ ရေးရတာကို ဂုဏ်ယူခဲ့သလဲ၊ ပညာရေးစနစ်ဟာ အင်မတန် ဆိုးဝါးမွဲတေ နေလို့ ပေါ့။ သူပြောတဲ့ ကျနော်တို့မှာ ပညာရေးဆိုးလို့ သူ့မှာ သည် ပါရဂူဘွဲ့ကို အင်တာနက်ကဖေးကနေ ယူဖို့ ကြိုးစားတယ်လို့ ပြောပေမယ့် သည်လုပ်ရပ်ကိုယ်တိုင်ဟာ ကျနော်တို့ရဲ့ ပညာရေး အဆင့်အတန်းကို ထပ်မံပြီးတော့ အင်မတန် နိမ့်ကျသွားစေလိမ့်မယ် ဆိုတာကို သူသတိမမူဘူး။ နောက်ဆိုရင် ဗမာနာမည်နဲ့ ဒေါက်တာတွေဟာ လူလိမ်တွေချည်းပဲလို့ နိုင်ငံတကာက ထင်နေရင် နိုင်ငံတကာမှာ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေ ဘယ်လိုလို့ သူများနဲ့ တန်းတူဝင်တိုး အလုပ်အကိုင် ရှာဖွေနိုင်မလဲ။

နောက်ပြီး သည်ဝန်ကြီးတွေရဲ့ လုပ်ရည်လုပ်သွေး နဂိုတော်တွေပါ၊ သူတို့ကို ပေးလုပ်ပါစေ၊ စောင့်ကြည့်ပါစေအုံး ဆိုတဲ့ ငြင်းခုံမှုဟာ မမှန်ကန်ဘူး။ တကယ်တော့ သည်ဝန်ကြီးတွေဟာ ဘာမှ လုပ်နိုင်တာ မဟုတ်၊ နိုင်ငံရဲ့ ထွက်ကုန်ဟာ နိုင်ငံတခုလုံးက ပြည်သူတွေရဲ့ လူ့စွမ်းအား ဥာဏအရင်းအမြစ်ပေါ်မှာပဲ မူတည်ပါတယ်။ ခင်ဗျားတို့ PhD အစစ်၊ ဦးကျော်ဝင်းတို့ထက် မိုးပျံမကတော်တဲ့ လူတွေကို ဝန်ကြီး သမ္မတတွေကို ခန့်အုံး၊ နိုင်ငံဟာ ပြည်သူတွေက မတော်ဘဲ ဘယ်လိုမှ တက်မလာဘူး။

ပထမတချက်က ဝန်ကြီးတွေကိုယ်တိုင်က ဘွဲ့အတုနဲ့ ဝန်ကြီးတွေ ဖြစ်နေတယ် ဆိုရင် တကယ်အရည်အချင်းရှိတဲ့ လူဟာ သည်ဝန်ကြီးတွေ လက်အောက်မှာ လာလုပ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ဟာ ဦးကျော်ဝင်းကို တော်တယ်လို့ သတ်မှတ်ရင် သူ့ထက်အများကြီးတော်တဲ့ လူတော်လူကောင်းတွေ အများကြီးရဲ့ ကုန်ထုတ်စွမ်းအားကို လက်လွတ်ဆုံးရူံးရမှာ ဖြစ်တယ်။

ဒုတိယတချက်က သည်ဝန်ကြီးတွေကို ထားရှိခြင်းဟာ အချောင်သမားစနစ်ကို မှန်ပါတယ်လို့ တရားဝင်စေတာ ဖြစ်တယ်။ လူတွေရဲ့ ငါတို့တတွေဟာ တဦးချင်း အမှန်တကယ် တွန်းတွန်းတိုက်တိုက် ကြိုးစားလို့ သည်လောကမှာ မိမိအတွက် တကယ်ထိုက်တန်သော နေရာတနေရာကို ရစေမယ် ဆိုတဲ့ တက်ကြွအားသန် ရှာဖွေစူးစမ်းမှုတွေဟာ ဖြစ်ပေါ်လာတော့မှာ မဟုတ် –– “ဘွဲ့အတုလုပ်ထားလဲ NLD နဲ့ အဆင်ပြေရင် ပြီးတာပဲလေ” နိုင်ငံတခုလုံးက လူတွေဟာ ဒါမျိုး အာဏာလက်ဝယ်ရှိသူနဲ့ အဆင်ပြေဖို့ ကြိုးစားတဲ့ ဖော်လံဖားအချောင်သမား စနစ်နောက်ကို လိုက်ရင် သည်နိုင်ငံဟာ ဘယ်လိုလို့ တိုးတက်လာမှာလဲ။ အဲသည်တော့ နောက်ဆုံးပြောချင်တာက ခင်ဗျားတို့ဟာ စစ်အာဏာရှင်ကို ဖော်လံဖားတဲ့ စနစ်ကို မဖြိုနိုင်တဲ့ အပြင် ‘ဒီချုပ်ကို ဖော်လံဖားနိုင်ဖို့ပဲ လိုတယ်’ ဆိုတဲ့ စနစ်ဆိုး အသစ်တခုကို ထပ်လောင်းလို့ကာ မမွေးမြူကြပါနဲ့ လို့ ။

ဒေါက်တာညိုထွန်း

အကျယ်ဖတ်လိုပါက https://www.facebook.com/nyo.tun.5/posts/1714705292086679

၂၀၀၈ နဲ့ ပတ်သက်လို့ ဦးဝင်းမြင့် ပြောတာ မှန်သလား မှားသလား =================

၂၀၀၈ နဲ့ ပတ်သက်လို့ ဦးဝင်းမြင့် ပြောတာ မှန်သလား မှားသလား
============================================
တပ်ကိုယ်စားလှယ် ပြောတာက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ အမည်
စာရင်းပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းတဲ့အထဲမှာ နိုင်ငံတော်သမ္မတ
က အမည်စာရင်းပေးတဲ့သူကို ပြောတာ ဖြစ်တယ်

သမ္မတကပေးတဲ့သူကိုသတ်မှတ်အရည်အချင်းတွေနဲ့မညီညွတ်ဘူးလို့
သက်သေ အထင်အရှားမပြနိုင်ရင် ငြင်းပယ်ခြင်း မရှိစေရ လို့ပဲ ပြဌာန်း
ထားတယ်

ပြည်သူ့လွှတ်တော်ဥက္ကဌက အမည်စာရင်းပေးတဲ့သူကို ငြင်းပယ်ခြင်း
မရှိစေရ ဆိုတာ လုံးဝ မပါဘူး၊ အခြေခံဥပဒေမှာ

ဒါကို ငါ့စကား နွားရ ပြောပြီး လဒတွေ လှောင်နေတာ တွေ့ရလို့ ပြော
ရခြင်း ဖြစ်တယ်

အမှန်ကဒီလူတွေအကုန်လုံးကို သမ္မတကတင်ရမှာ၊ဘယ်လို တင်ရ
မလဲ ဆိုရင်

ပြည်သူ့လွှတ်တော် ဥက္ကဌက ၃ ယောက်အမည်စာရင်းသမ္မတဆီ ပို့
ပေးရမယ်

အမျိုးသားလွှတ်တော်ဥက္ကဌက ၃ ယောက်အမည်စာရင်းကို သမ္မတ
ဆီ ပို့ပေးရမယ်

သမ္မတက သူရွေးထားတဲ့ ၃ ယောက်နဲ့ ပေါင်းပြီး ၉ ယောက်စလုံးကို
ပြည်ထောင်စုလွှတ်တော် နာယကဆီ ပို့ပေးရမှာ

လက်မှတ်ထိုးရင်လည်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်
ခံရသူ ဆိုပြီး ဦးထင်ကျော်က ထိုးပြီး စာပို့ရမယ်

ဒီလိုပို့မှ ၉ ယောက်လုံးဟာ သမ္မတက အမည်စာရင်း တင်တဲ့သူ ဖြစ်
မယ်

တပ်ကိုယ်စားလှယ် ပြောတာက ဒီအချက်ကို ပြောတာ၊ အခြေခံဥပဒေ
ထဲ ပြန်ရှာကြည့်

ပြည်သူ့လွှတ်တော်ဥက္ကဌကအမည်စာရင်းတင်သွင်းသူကိုအရည်အချင်း
ပျက်ယွင်းကြောင်း သက်သေမပြနိုင်ရင် ငြင်းပယ်ခြင်း မရှိစေရ ပါသလား

ကိုယ့်ဘာသာကိုယ် အခြေခံဥပဒေနဲ့ ညီအောင် မလုပ်ဘဲ ငါ ဥက္ကဌ၊ ငါတို့
က လူများတယ် ဆိုပြီး ရိလား စောင်းလား လုပ်တာက လွှတ်တော်ဥက္ကဌ
ရာထူးနဲ့ မညီဘူး

အခုဟာက ဘာမှန်းမသိ၊ ဘယ်သူက ရွေး ဘယ်သူ ဆိုပြီး ရုံးစာ မဟုတ်၊
လက်မှတ်မပါ၊ လမ်းဘေးကကွန်ပျူတာဆိုင်မှာ စာစီသလို ရိုက်ပြီး တင်တဲ့
စာရင်း

ဒီတော့ တပ်က ထောက်တော့ ဘာမှန်းမသိတဲ့ လဒတွေက လှောင်တယ်
ပြန်မေးကြည့်ဦး၊ ဦးဝင်းမြင့် အခြေခံဥပဒေကို ပြန်ဖတ်ကြည့်ဦး လို့

တပ်က အခြေခံဥပဒေနဲ့ပဲ ထောက်တယ် ၊ မဟုတ်ပါဘူး စွတ်ငြင်းတာ
ဦးဝင်းမြင့်၊ ဒေါ်ခင်ဌေးကြွယ် ၁၆ နှစ် သမီး မဟုတ်ဘူး ပြောသွားသေး
တယ်

လွှတ်တော်ကိုယ်စားလှယ် ၃ ကြိမ် ပြောတယ်၊ ဘယ်တုန်းက ရှေ့နေ
လိုင်စင် ရခဲ့ပါတယ် လို့ ပြောတယ်၊ ကောင်းပြီ၊ အဲဒီ ဘယ်တုန်းက ရခဲ့
တယ် ဆိုတဲ့ဟာကို ကိုယ်ရေးရာဇဝင်မှာ ထည့်လေ၊ ဒီရာထူးမှ ခန့်မယ်
ဆိုရင် ဒီရာထူးအတွက် သတ်မှတ်ထားတဲ့ အရည်အချင်း ပြည့်ပါတယ်
ဆိုတာကို ထင်ရှားအောင် ထည့်လေ

ပြီးတော့မှ သူတစ်ယောက်တည်း သိတဲ့ဟာကို ပြောပြပြီး ညီပါတယ်လုပ်
ဟာသပဲ

ပြောရရင် ဆယ်တန်းအောင်မှ ခန့်မယ့် အလုပ်ကို ရဖို့ အလုပ်လျှောက်ရင်
ဆယ်တန်းအောင်မြင်ပြီးကြောင်း အထောက်အထား လိုတယ်

ဒီအထောက်အထာ မပါဘဲ ကျွန်တော် ဆယ်တန်း ဘယ်နှစ်ခုနှစ်က အောင်
ပါတယ် ဆိုပြီး ပြော ယုံမလား

တပ်ကပြောတဲ့အထောက်အထားမပြည့်စုံဆိုတာဒေါ်ခင်ဌေးကြွယ်ကိုယ်ရေး
ရာဇဝင်ကို ကြည့်ပြီး ညီ-မညီ စစ်လို့ မရလို့ ပြောတာ

ပြောလိုက်ရင်မကောင်း ဖြစ်တော့မယ်၊ မေးချင်တာက လွှတ်တော်ဥက္ကဌ
ဆိုတာ ကလေးကလား ရွဲ့လားစောင်းလား လက်ခုပ်ဝိုင်းတီးပေးမယ့် လူ
တွေရှေ့မှာ ဒီလို လုပ်ဖို့မသင့်ဘူး

လူကြီးမဆန်တဲ့ ငါ့စကား နွားရ လိုရာဆွဲ ပြောတာလို့ပဲ မြင်တယ်။