Thursday, February 25, 2016

PJS လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့များ ကံပိုင်တည် မြို့နယ် ဝေမိုးကျေးရွာ အဝင်မှာ( ၂၄.၂.၂၀၁၆ နေ့ ညနေ ၅:၄၅ အချိန်တွင် ရွာသားတွေက ပိတ်ဆို့ တားဆီးထားလို့ ရှေ့ဆက်သွားလို့ မရပဲ ဖြစ်နေ

PJS လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့များ ကံပိုင်တည် မြို့နယ် ဝေမိုးကျေးရွာ အဝင်မှာ( ၂၄.၂.၂၀၁၆ နေ့ ညနေ ၅:၄၅ အချိန်တွင်  ရွာသားတွေက ပိတ်ဆို့ တားဆီးထားလို့ ရှေ့ဆက်သွားလို့ မရပဲ ဖြစ်နေပါသည် ။ခုလို တားဆီးပိတ်ပင်ထားတဲ့ ဝေမိုးရွာသားတွေဆီမှာ တိုမီး သေနတ်တွေပါ ကိုင်ထားတယ်လို့ ဆိုပါတယ် ။

   PJS မူးယစ်တိုက်ဖျက်ရေး အဖွဲ့တွေ လုံခြုံရေး ယူပေးနေသည့် ခရိုင် ဒုရဲမူးကြီး  ဦးလှဝင်းကတော့ “ မိုးလဲ ချုပ်နေပြီ ဆိုတော့ ဒီနေရာမှာပဲ စခန်းချနေပေးပါ ။မနက်ဖန်ကြရင် သွားလို့ရအောင် ကျနော် တာဝန်ယူပြီးလမ်းရှင်းပါမယ်လို့ DVB သတင်းထောက် မှ မေးမြန်းရာမှာ ဖြေဆိုခဲ့ပါသည် ။

ပိတ်ဆို့ခံထားရသော PJS အဖွဲ့ သည် (၃၅၀) ကျော် ရှိပြီး ယနေ့မနက် ၉:၀၀ ခန့်အချိန်က ဘွမ်တောင်ရွာမှ အုပ်စု (၃) ခု အဖွဲ့ (၆) ဖွဲ့ ဖွဲ့ပြီး ထွက်ခွာခဲ့ရာ ကံပိုင်တည် မြို့နယ် ဆဒုံး နှင့် ဝေမိုး ဘက်သို့ အုပ်စု (၁) နှင့် အုပ်စု (၂) ထွက်ခွာခဲ့ကြသည် ။အုပ်စု (၁) သည် ဆဒုံးကျေးရွာ အပေါ်ဘက်တွင် သွားရောက်ဖျက်ဆီးခွင့် ရခဲ့ပြီး ဝေမိုးကျေးရွာဘက်ကို သွားရောက်သော အုပ်စု (၂) ကို ယခု ပိတ်ဆို့တားဆီးခံထားရခြင်းဖြစ်ပါသည် ။

အုပ်စု (၂) မှ PJS ဒုအဖွဲ့ခေါင်းဆောင်မှ ပြောကြားရာတွင် “ ဒုရဲမှူးကြီး က လက်ရှိ ပိတ်ဆို့ခံထားရတဲ့ နေရာမှာပဲ ခဏ စခန်းချလိုက်ပါ တဲ့ ။ဒီညကို ကျနော်တို့ ကို လုံခြုံရေး ယူပေးမယ်လို့ ပြောတယ်ဗျ ” ။ PJS အုပ်စု (၃) နှင့် (၄) ကတော့  ဘွမ်တေင်မှာ စခန်းမှာ ရှိနေဆဲဖြစ်ပါသည် ။

No comments: