Thursday, February 25, 2016

လူထုအခြေပြု မူယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ Pat JaSan (PJS) တွေကို ဝေမိုးရွာ ဒေသခံတွေမှ ၂၅.၂.၂၀၁၆ နေ့ ၁၂:၀၀ခန့်က ဝေမိုးရွာထဲမှာသေနတ်၊တူမီးသေနတ်၊လက်ပစ်ဗုံး ၊လေးခွ တို့ဖြင့် စောင့်ဆိုင်း တိုက်ခိုက်ခံခဲ့ရပါတယ် ။PJS အဖွဲ့အဖွဲဝင် လူငယ်တစ်ဦး သေနတ် ဒဏ်ရာ ရရှိပြီး ၊ အခြားဒဏ်ရာရရှိသူ လူ(၂၀) နီးပါး မြစ်ကြီးနား ဆေးရုံကို ပို့ထားရပါသည် ။

  စောင့်ဆိုင်းတိုက်ခိုက်သူ  ဝေမိုး ရွာသား (၃၀) နီးပါးကိုလည်း  PJS အဖွဲ့သားများက ဖမ်းဆီးထာပြီး ထိုအထဲမှ ဒဏ်ရာရသူအချို့ကို မြစ်ကြီးနားဆေးရုံကို ပို့ထာပါသည် ။

PJS အဖွဲ့ကို လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နာရီဝက်နီးပါး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါသည် ။
ညနေ ၄:၀၀ အချိန်တွင် အထိဂရုဏ်းဖြစ်ပွားမှုတွေ ရပ်တန့်သွားခဲ့သော်လည်း ညပိုင်းတွင်း လုံခြုံရေး စိတ်မချရနိုင်ကြောင်း ၊ လုံခြုံရေးပေးထားသည့် ရဲအင်အား နှင့် မလုံလောက်နိုင်ကြောင်း PJS ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောပါသည် ။

ဇော်မိုးထက် (၂၅.၂.၂၀၁၆) ဝေမိုးရွာ
Myitkyina News

No comments: