Monday, February 29, 2016

"TNLA သောင်းကျန်းသူ အဖွဲ့၏ ဝါဒဖြန့် ဘိန်းခင်းဖျက်စီးမှု နောက်ကွယ်မှ ဖြစ်ရပ် များ"

"TNLA သောင်းကျန်းသူ အဖွဲ့၏ ဝါဒဖြန့် ဘိန်းခင်းဖျက်စီးမှု နောက်ကွယ်မှ ဖြစ်ရပ် များ" ယခု တစ်လော FB မှာ TNLA အဖွဲ့ဘိန်းခင်းဖျက်ဆီးနေမှုအား တပ်မတော် မှ ထိုးစစ်ဆင်ဟန်တား နေ တယ် ဆိုပြီးPSLA/'TNLA Page က နေ ဝါဒ ဖြန့် နေတာကို fb user များ တွေ့မြင်ရ မှာဖြစ်ပါတယ်။ အခြေ အနေ အမှန်ကို အထောက်အထားအခိုင်အမာနဲ့ ks တင်ပြ လိုပါတယ်။ နမ့်ခမ်းနဲ့ကွတ်ခိုင် မြို့နယ် အတွင်း မှာရှိတဲ့ ဒေသခံ ရွာသူ /ရွာသား များဟာ၎င်းတို့ရဲ့စား ဝတ် နေရေး အတွက် တောင် ယာ စိုက် ပျိုး ရပေမဲ့ အနည်းငယ်သာ ရှိပြီး အများစု မှာ တရားမဝင် ဘိန်းစိုက်ပျိုး ခြင်း ကို အဓိက လုပ်ကိုင် ကြ ပါတယ်။ ၄င်းဘိန်းစိုက်ပျိုးခြင်းကို အချို့ဒေသခံမျာိးုက်ပျိုးသလို တရုတ်လူမျိုးများလည်းစိုက် ပျိုးကြပါတယ်။ အများစုမှာ တရုတ်လူမျိုးများမှ ဒေသခံရွာသူ/ရွာသားများအား ဘိန်းတစ်ရာသီ တွင် ၁(တစ်)ဧက အတွက် တရုတ်ယွမ်ငွေ (၁၀၀၀၀)ပေးပြီး အငှားစိုက်ပျိုး ခိုင်းခြင်းဖြစ်ပါတယ်။ လက်နက်ကိုင်သောင်းကျန်းသူ များ နယ်မြေ အတွင်းရှိခြင်း တရားဥပဒေ လက်လှမ်းမမှီခြင်း တို့ကြောင့် တရုတ် လူမျိုးများနဲ့ ဘိန်းစိုက် ဒေသ ခံများဟာ အဲ့ဒီဒေသရဲ့လက်နက်ကိုင် သောင်းကျန်းသူ TNLAအဖွဲ့အား ဘိန်း ၁(တစ်)ဧက စိုက်ပျိုးရန်မြန်မာငွေကျပ် သိန်း'၄၀(လေးဆယ်)ဆပ်ကြေး ကြိုတင်ပေး သွင်းပြီးမှ စိုက်ပျိုးရပါတယ်။ ဒါ ဟာ မြန်မာပြည်အရှေ့မြောက် နဲ့မြောက်ဘက် KIA လက်နက်ကိုင်အဖွဲ့ အစည်းများ ရှိ တဲ့ဒေသ မှာ ဘိန်းအတွက်ဆပ်ကြေးပေးရသော နှုန်းထားဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆပ်ကြေးမပေးဆောင် နိုင်ပါက ဖမ်းစီးခေါ်ဆောင် ထားပြီး ငွေဖြင့် လူ အား ရွေးခိုင်းခြင်းတပ်သားသစ်အဖြစ် အတင်းစုဆောင်း ခြင်း ရိုက်နှပ် နှိပ်စက်ခြင်း ပလောင်မဟုတ်ပဲ အခြား တိုင်းရင်းသား ဖြစ်ပါက သတ်ဖြတ်ခြင်း အထိ လုပ်ဆောင် ပါတယ်။ တဘက်တွင် လူမှုကွန်ယက်မှ ဘိန်းခင်းဖျက်ဆီးနေ သယောင် အယောင်ပြခဲ့ပါတယ်။ တပ်မတော် မှ နယ်မြေရှင်းလင်းရေးတာဝန်များ ထမ်းဆောင်သည့် အခါ ဘိန်းခင်းတွေ့သမျှ ဖျက်ဆီး သောအခါ TNLAအဖွဲ့ဟာ ဘိန်းခင်း များဖျက်စီးခံရသည့် အတွက်ဘိန်းစိုက် တရုတ် များထံမှ ဆက်ကြေး ကောက်ခံ၍ မရ တော့ခြင်း ၄င်းတို့အဖွဲ့၏ အဓိက ဝင်ငွေမှာ ဘိန်းသာ ဖြစ်ခြင်း များကြောင့် တပ်မတော် က TNLA ဘိန်းခင်းဖျက် အဖွဲ့အား ပစ်ခတ်တားဆီး သယောင် ယောင် ဝါဒ ဖြန့် ခဲ့တာဖြစ်ပါတယ်။ တပ်မတော် နှင့် ရင်ဆိုင်မတိုက် ခိုက်ရဲပဲဘိန်းရာသီ တွင် ဆပ်ကြေးကောက်ခြင်းကိုသာ ဆောင်ရွက် နေသော TNLA အ ကြောင်းအား နမ့်ခမ်းနဲ့ကွတ်ခိုင်မြို့နယ်အတွင်းက ဒေသခံပြည်သူ အားလုံးသိ ရှိ ထားပြီးဖြစ်ပါတယ်။ တပ်မတော် စစ်ကြောင်းများဟာ နမ့်ခမ်းနဲ့ကွတ်ခိုင် မြို့နယ် နှစ်ခု နယ်မြေ အတွင်းဘိန်းခင်းဖျက်ဆီးမှုအား ၂၀၁၆ ခုနှစ်ဖေ ဖော်ဝါရီလ လဆန်းပိုင်းမှ စတင်ဆောင်ရွက် ခဲ့ပြီး ဘိန်းခင်း ဧက ၂၀ ရှိခဲ့ပြီး တပ်မတော် မှ ဘိန်းခင်းဖျက်ဆီးနေစဉ်ဘိန်းဆပ်ကြေးကောက် TNLA အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ လေကြောင်းပစ်ကူယူပြီး တိုက်ခိုက်ရာTNLA သောင်းကျန်းသူအဖွဲ့ အကျအဆုံး များစွာဖြင့် ဆုတ်ခွာ ခဲ့ရပြီး TNLAအဖွဲ့ဖမ်းစီးထား သည့် ဒေသခံ ဘိန်းစိုက် တောင်သူ တစ်ဦး ကို တပ်မတော် မှဖမ်းစီး ရရှိခဲ့ပါတယ်။ TNLAအဖွဲ့ ဖမ်းစီးခံ ရွာသားတစ်ဦးပြောပြချက် အရ ၄င်းနှင့် အတူ ဘိန်းဆပ်ကြေးမပေး နိုင်သူ ၁၈ ဦးအား TNLA အဖွဲ့မှ ဖမ်းစီး ထားပြီး လောလောဆယ်တွင်ဆပ်ကြေး ၄သိန်းမှ ၁၀ သိန်းကြား ပေး ဆောင်ရကြောင်း လာရောက်တောင်းယူသည်မှာ ၃/၄ကြိမ် ခန့်ရှိကြောင်း ပြီးခဲ့ သောဇန်နဝါရီလ အတွင်း ငွေကျပ် သိန်း၁၅၀ ကျော်ပေးခဲ့ရကြောင်း ၄င်းနယ်မြေတွင် TNLAအဖွဲ့အား ငွေမပေးပဲ ဘိန်း စိုက်၍ မရကြောင်း နှင့် ငွေမပေးသူအချို့အား ၄င်း တို့အဖွဲ့အတွင်းဝင်စေခြင်း အခြား တိုင်းရင်းသားဖြစ်ပါက ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြူလုပ်ကြောင်း ပြော ကြားခဲ့ပါတယ်။ အထက်ပါ TNLA အဖွဲ့၏ ဆပ်ကြေးယိုန်းစိုက်ခွင့်ပြု နေ မှု များ အားဖုန်းကွယ် ရန် လူမှု ကွန်ယက်ပေါ်တွင် TNLAအဖွဲ့ဘိန်းဖျက်ဆီးနေ မှုအား တပ်မတော်ကဟန့်တား သယောင်ယောင် ဝါဒဖြန့်မှုများ နောက်ကွယ် မှ အခြေအနေ အမှန်အား သိ ရှိရန် တင်ပြလိုက်ပါတယ်။ တကယ်ဘိန်းခင်းဖျက်ရတာ ဒီ လူတွေပါ။ ကျော်စွာ

No comments: