Wednesday, February 24, 2016
ကချင်ပြည်နယ်က... ၀ိုင်းမော်၊ ချီဖွေ ၊ တနိုင်း၊ ပူတာအို ... ဆွမ်ပရာဘွမ်၊ ဖားကန့်စတဲ့  မြို့နယ်တွေမှာ ... ဘိန်းခင်းတွေ ရှိနေတယ် .....
ကချင်ပြည်နယ်က...
ဝိုင်းမော်၊ ချီဖွေ ၊ တနိုင်း၊ ပူတာအို ...
ဆွမ်ပရာဘွမ်၊ ဖားကန့်စတဲ့ မြို့နယ်တွေမှာ ...
ဘိန်းခင်းတွေ ရှိနေတယ် .....
ဝိုင်းမော် နဲ့ ချီဖွေက ဘိန်းခင်းတွေက ....
NDAK ဆခုန်တိန့် ယန်း ရဲ့ နယ်မြေထဲမှာ ....
တနိုင်း ၊ ပူတာအို ၊
ဆွမ်ပရာဘွန် ၊ ဖားကန့်  က ဘိန်းခင်းတွေက ...
ကေအိုင်အေ ရဲ့ နယ်မြေထဲမှာ ....
ဘိန်းဖျက်တာကို ဦးစီးတာက ပတ်ဂျဆန် အဖွဲ့ ...
ယူနီဖောင်းဝတ်တယ် ၊ စစ်ဦးထုပ်ဆောင်းတယ် ...
စကားပြောစက်တွေကိုင်တယ် ....
ကေအိုင်အေ နဲ့ ပတ်သက်ဆက်နွယ်မှု ...
အကြီးအကျယ် ရှိနေတယ် ...
ပတ်ဂျဆန်ရဲ့ လုပ်ရပ်တွေနဲ့  ပတ်သက်လို့  ...
တိုင်ကြားစာတွေ အမှုဖွင့်တာတွေလဲ အများကြီး ရှိတယ် ...
ရှမ်းနီရွာတွေကို ၀င်ဖမ်း ...
ဝင်ရိုက်တာတွေ လုပ်ကြလို့  ...
ရှမ်းနီတွေဘက်က ...
လူထုအစည်းအဝေးလုပ်ပြီး ကန့် ကွက်တာ ...
ပြီးခဲ့တဲ့  ရက်ပိုင်းက တက်လာတဲ့  Movie တစ်ခုမှာ ...
မူးယစ်ဆေးသုံးစွဲသူတွေလို့ ဆိုတဲ့  သူတွေကို ...
ပတ်ဂျဆန်တွေက ....
တုတ်နဲ့ အားရပါးရရိုက်နေတဲ့  ပုံတွေပါတယ် ...
အမျိုးသမီးတွေလဲပါတယ် ...
အမျိုးသမီးတွေကို ရိုက်တဲ့ အချိန် ...
ပတ်ဂျဆန်တွေဟာ ....
ဘေးက မျောက်လို အော်ဟစ်ရယ်မောနေတယ် ...
ရိုက်ခံရတဲ့  အမျိုးသမီးကြီး တစ်ယောက် ...
ငိုယိုနေတဲ့  ပုံတွေလဲ ပါတယ် ...
ဆိုလိုတာက ...
ဘိန်းဖျက်တာဟာ ပြသနာမဟုတ် ...
ဒီ ဘိန်းဖျက်တဲ့ လှုပ်ရှားမှုကို ...
ဦးစီးနေတဲ့ ပတ်ဂျဆန်က ပြသနာ ...
ဘိန်းဖျက်တာက ပြသနာ မဟုတ် ...
ဘိန်းဖျက်တာကို အကြောင်းပြပြီး ...
စည်းလွတ်ဝါးလွတ် လုပ်နေတာက ပြသနာ ....
ဘိန်းဖျက်တာက ပြသနာ မဟုတ် ...
NDAK ရဲ့ နယ်မြေထဲကို ...
ဦးတည်ပြီး ချီတက်နေတာက ပြသနာ ...
( ၂၀၁၂ က ...
NDAK ရဲ့ နယ်ခြားစောင့်တပ်ရင်း တစ်ခုကို ....
KIA က အလုံးအရင်းနဲ့ ...
ဝင်တိုက်ခဲ့တဲ့  ဖြစ်စဉ်ရှိထားတယ် )
ပတ်ဂျဆန် ရဲ့ လှုပ်ရှားမှုဟာ ...
တဖြည်းဖြည်း နဲ့  နိုင်ငံရေးလှုပ်ရှားမှု ...
လူမျိုးရေး လှုပ်ရှားမှု အသွင်ဆောင်လာတယ် ...
ပထမ လူလေး နည်းနည်း ...
အခု နှစ်ထောင်လောက် ဖြစ်လာနေပြီ ....
နောက်ဆုံး အခြေအနေတွေကတော့ ...
မနေ့ က ဆက်မသွားဖို့ တားထားတဲ့  ...
သွားခွင့် ပြုလိုက်ပြီ ....
ထူးဆန်းတဲ့ တစ်ချက်က ...
ဒီ ပတ်ဂျဆန် လုပ်ရပ်ကို ...
အတော်လေးတွေ့ ရတယ် ....
နောက်တစ်လကျော်ဆို ကချင်ပြည်နယ်မှာ ....
NLD အစိုးရ တက်တော့မယ် ....
အဲဒီအခါ ဒီ ပတ်ဂျဆန်ကပဲ ...
ပြည်နယ်အစိုးရကို ...
ပြသနာပေါင်း သောင်းခြောက်ထောင် ဆက်ပေးမှာကို ....
မမြင်နိုင်တော့လောက်အောင် ...
အသိတရားကင်းမဲ့ နေတဲ့  တစ်ချို့ ဌက်တွေရဲ့ ...
ဌက်ခေါင်းကိုလဲ အတော်လေး အံ့ သြမိတယ် ...
မြှောက်တုန်းက အားကြိုးမာန်တက် မြှောက်ပေးခဲ့ပြီး ...
နောင် လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ကြမှ ...
ကေအိုင်အေ နဲ့  NDDK  ....
တိုက်ပွဲတွေ အကြီးအကျယ် ပြန်ဖြစ်မှ ....
ကချင်ပြည်နယ် ဌက်အစိုးရ ၀ရုန်းသုန်းကား ပြန်ဖြစ်မှ ....
ပတ်ဂျဆန်ကို ဆန့် ကျင်ကြ ....
ထလုပ်ရင်တော့ ...
အချိန်အတော်လေး ....
နောက်ကျသွားပြီလို့ ပဲ ဆိုရတော့မယ် ...
ခင်ဗျားတို့  ဌက်ခေါင်း ...
ဖွတ်ခေါင်းထက် ပိုမဆိုးပါစေနဲ့ ဗျား ..... ။
ကေအိုင်အေ နဲ့  NDAK  ....
No comments: