Friday, February 26, 2016

၅.၃.၂၀၁၆ မှာလုပ်မယ့် .. နိုင်ငံတော်သမ္မတကြီး ဂါရဝပြုမယ့်သူတွေ .. (ရန်ကုန်) ကနေ လိုက်မယ့်သူတွေစာရင်း .. စာမျက်နှာပေါင်း ၉၀ ကျော်တယ် .. လူဦးရေပေါင်း ၉၀၀ကျော်တယ် ..

၅.၃.၂၀၁၆ မှာလုပ်မယ့် ..
နိုင်ငံတော်သမ္မတကြီး ဂါရဝပြုမယ့်သူတွေ ..
(ရန်ကုန်) ကနေ လိုက်မယ့်သူတွေစာရင်း ..
စာမျက်နှာပေါင်း ၉၀ ကျော်တယ် ..
လူဦးရေပေါင်း ၉၀၀ကျော်တယ် ..

မနေ့က တစ်နေ့ကုန် ..
ကိုတင်ကိုဝင်း နဲ့ အလုပ်ခွဲလုပ်ရင်း ..
တစ်ဦးချင်းစီကို ဖုန်းဆက်ပြီး ..
အကြောင်းကြား သတင်းပေးတယ် ..
စုပေါင်းအစီစဉ် ၊ မိမိအစီစဉ် ..
သွားမယ့်သူတွေကို ခွဲပြီး ..
စားရင်းထုတ်တယ် ..

လူဦးရေ ၃၀၀ လောက်ပဲ ပြီးသေးတယ် ..
တော်တော် ချာချာလည်သွားပြီး ..
အသံတွေပါ ဝင်ချင်ချင် ဖြစ်သွားတယ် ..

နောက်ကနေ အဆင်သင့် ..
ဖုန်းဆက် အကြောင်းကြား အတည်ပြုပေးနိုင်ဖို့ ..
အဆင်သင့်နဲ့ အဆင်ပြေဆုံးဖြစ်အောင် ..
လူပေါင်း ၉၀၀ ကျော်ကို ..
စနစ်တကျ သေသေချာချာ ..
စာရင်းပြုစုပေးထားနိုင်တဲ့ ..
ကိုတင်ကိုဝင်း ကိုလဲ ..
တော်တော်ကြီးကို လေးစားသွားပါတယ်ဗျာ ..

သေချာတာကတော့ ..
ကိုယ်ချစ်ခင်လေးစားရတဲ့ ..
နိုင်ငံတော် သမ္မတကြီး ဂါရဝပြုပွဲအတွက် ..
လုပ်နေကြရလို့လားတော့မသိ ..
၂ ယောက်စလုံး အပြုံးမပျက် ..
ရီလိုက် ၊ မော်လိုက်နဲ့ ..
ပျော်ပျော်ကြီးကို လုပ်နေမိကြတယ်ဗျာ ..

ဒီနေ့လဲ ထပ်ဆက်ကြတာပေါ့ ..

😊 Aye Chan Min

No comments: