Sunday, February 28, 2016

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား အမျိုးသမီး ၂ ဦးအား ကမ္ဘောဒီးယား ငါးဖမ်းလှေလုပ်သားများက အုပ်စုလိုက် ဝိုင်းမုဒိန်းကျင့်။ ----------------------------------------

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား အမျိုးသမီး ၂ ဦးအား ကမ္ဘောဒီးယား ငါးဖမ်းလှေလုပ်သားများက အုပ်စုလိုက် ဝိုင်းမုဒိန်းကျင့်။
----------------------------------------
၂၈.၂.၂၀၁၆
ယနေ့နံနက် ၁ နာရီ အချိန်မှာ ထိုင်းနိုင်ငံ သရခရိုင် ( ထိုင်း - ကမ္ဘေ္ဘာဒီးယား နယ်စပ်မြို့နယ် ) ကော့ကိုကျွန်း တွင် ရပ်နားထားသည့် စက်လှေပေါ်မှ ကမ္ဘောဒီးယား လှေထိုးသား ၅ ဦးက ညပိုင်းမှာ ကျွန်းပေါ်ရှိ ဟိုတယ်သို့ ပြန်လာသူ ကမ္ဘာလှည့် နိုင်ငံခြားသူ နှစ်ဦးကို အုပ်စုလိုက် ရိုက်နှက်မုဒိန်းကျင့် ခဲ့ကြကြောင်း သိရပါတယ်။

ကမ်းစပ်မှာ အမျိုးသမီး နှစ်ဦးဒဏ်ရာတွေနဲ့ လဲနေတာကို ဟိုတယ်ဝန်ထမ်း တွေက တွေ့ခဲ့ပြီးနောက် ရဲစခန်းကို တိုင်ကြားခဲ့ကြပါတယ်။ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ စစ်တပ် ကျွန်းအုပ်ချုပ်ရေး အရာရှိတွေ အပါအဝင် လူ ၅၀ ကျော်မှ တစ်ကျွန်းလုံး ပိတ်ဆို့ရှာဖွေ ခဲ့ကြရာ မနက် ၄ နာရီမှာ တရားခံ ကမ္ဘောဒီးယား နိုင်ငံသား ၃ ဦးကို ဖမ်းမိခဲ့ကြောင်း နှစ်ဦးကတော့ တောတွင်း ထွက်ပြေးနေကြဆဲလို့ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

တရားခံတွေဟာ အသက် ၂၀ ကျော် လူငယ်တွေ ဖြစ်ကြပြီး ငါးဖမ်းစက်လှေ ရပ်နားထားစဉ် အရက်သောက် ကြပြီး ညပိုင်း ကမ်းစပ်မှာ ယောင်္ကျားလေး အဖော်မပါပဲ လမ်းလျှောက်နေတဲ့ နိုင်ငံခြားသူ နှစ်ဦးကို တွေ့ခဲ့ကြပြီး ဝိုင်းချုပ်၍ မုဒိန်းကျင့် ခဲ့ကြတာပါ။ တရားခံ တစ်ချို့က အမျိုးသမီး ၂ ဦးကို သတိမေ့အောင် ရိုက်နှက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီး နှစ်ဦးကို ဆေးရုံမှာ အရေးပေါ် ဆေးကုသပေးနေရကြောင်း ထိုင်းနိုင်ငံ Khaosod အွန်လိုင်း သတင်းမှာ ဖော်ပြထားပါသည်။

SAW

No comments: