Sunday, February 28, 2016

ပြည်ပလေယာဉ် ၃-စီးဖြတ်ပျံသန်းတာနဲ့ဆက်စပ်လို့

ပြည်ပလေယာဉ် ၃-စီးဖြတ်ပျံသန်းတာနဲ့ဆက်စပ်လို့
***************************************************
အကြမ်းဖျဉ်း အတိုချုံးပြောရမယ်ဆိုရင်..မြန်မာနိုင်ငံရဲ့ဝေဟင်ပိုင်နက်ကို တရားဝင်ဖြတ်ကျော်ပျံသန်းတဲ့လေယာဉ်/ရဟတ်ယာဉ်မှန်သမျှ..ဖြတ်ကျော်ပျံသန်းခွင့်(Over-fly Permission)တောင်းခံကြရပါတယ်..

အဲသလိုတောင်းတဲ့အခါ..ဖြတ်ကျော်မည့်ရက်စွဲ/အချိန်/ထွက်ခွာဆင်းသက်
လေဆိပ်/ပျံသန်းမည့် အမြင့်ပေ/ဦးတည်လမ်းကြောင်း/၀င်ထွက်-သတင်းပို့ လမ်းကြောင်း(Air Route & Reporting Point)-အစရှိတဲ့အချက်အလက်
တွေအနည်းဆုံးဖော်ပြပါရှိတဲ့ Flight Plan နဲ့တင်ပြတောင်းခံရပါတယ်.. (တကယ်ပျံသန်းတဲ့အခါ..အဲသည် Air Route အတိုင်းပျံသန်းရပါတယ်)

Pilot အနေနဲ့လည်း..အဲသည်အတိုင်းပျံသန်းကြောင်း..အောက်မှာရှိတဲ့
လေကြောင်းရန်ကာကွယ်ရေး/လုံခြုံရေးဆိုင်ရာရေဒါစခန်း(Radar Stations)တွေ..ရှာဖွေတွေ့ရှိစေဘို့အတွက်..လေယာဉ်မှာတပ်ဆင်ထားတဲ့ Transponder အသံလွှင့်စက်ကို..တောက်လျှောက်ဖွင့်ပေးထားရပါတယ်.(ဒီလိုTransponder ဖွင့်ထားပေးခြင်းဖြင့် မိမိလေယာဉ်အမျိုးအစား/ ပျံသန်း အမြင့်ပေ/ဦးတည်လမ်းကြောင်း/ ဖြတ်ကျော်ပျံသန်းခွင့်ပြုချက်အမှတ်-စတဲ့ အချက်အလက်တွေကို..အောက်ကရေဒါစခန်းကစီစစ်တွေ့ရှိစေမှာဖြစ်သလို.မိမိလေယာဉ်ဟာ.ရန်သူမဟုတ်မှန်းသိရှိစေတဲ့အပြင်..ကောင်းကင်မှာလေယာဉ်အချင်းချင်းမတိုက်မိစေအောင်လည်း..ထိန်းသိမ်းပေးစေနိုင်ပါတယ်)

သို့သော်လည်း..မိမိဝေဟင်ပိုင်နက်အပြင်ဖက်ကနေ..ဖြတ်ကျော်ပျံသန်းတဲ့လေယာဉ်တွေအနေနဲ့ကတော့..ခွင့်ပြုချက်တောင်းချင်မှတောင်းကြမှာပါ(အထူးသဖြင့်..စစ်ဖက်ဆိုင်ရာလေယာဉ်တွေပေါ့).

အဲသည်လေယာဉ်မျိုးတွေ.သူ့လမ်းကြောင်းနဲ့သူ..ပျံသန်းနေတာပြဿနာမရှိပါဘူး.သို့သော်သူတပါးဝေဟင်ပိုင်နက်ထဲဝင်ရောက်ခဲ့မိရင်တော့..“Unknown”ပစ်မှတ်အနေနဲ့သတ်မှတ်ခံရပြီး.အိမ်ရှင်နိုင်ငံလေတပ်ရဲ့ကြားဖြတ်တိုက်လေ ယာဉ်(Intercepter)ရဲ့သတိပေးတားမြစ်ခြင်းနှင့်အတူ..ပိုင်နက်အပြင်ကို ပြန်လည်မောင်းထုတ်ခံရနိုင်ပါတယ်..

ချွင်းချက်အနေနဲ့.ကိုယ့်ရဲ့ဝေဟင်ပိုင်နက်ကိုလုံခြုံရေးအရသိပ်အလေးထား
(SecuritySensitive)နေရတဲ့နိုင်ငံမျိုး(သို့မဟုတ်)စစ်မက်ရင်ဆိုင်နေရတဲ့နိုင်ငံမျိုးဆိုရင်တော့..သိပ်ပြီးရှေရှေဝေးဝေးမေးမြန်းစိစစ်မနေဘဲ..ပစ်တောင်ပစ် ချနိုင်ပါတယ်(သာဓကတွေအများကြီးရှိပါတယ်)

ဒါပေမဲ့..သာမန်စစ်အေးကာလအချိန်တွေမှာတော့..ရန်လိုတဲ့သဘောနဲ့မိမိကိုအန္တရာယ်တစုံတရာမပြုခဲ့ရင်..အဲသလို.အရမ်းကာရော..Sensitive ဖြစ်ပြီး..ပစ်တာခတ်တာမျိုးတွေ..ဘယ်တိုင်းပြည်မှမလုပ်ကြပါဘူး..လုပ်ခဲ့ ရင်ဖြစ်လာမဲ့ပြဿနာနဲ့.ဖြေရှင်းပေးလျော်ရမဲ့ကိစ္စတွေများမြောင်လို့ပါဘဲ..

လတ်တလောမြန်မာ့တပ်မတော်(ရေ)ကပြုလုပ်ခဲ့တဲ့..Sea Shield 2016 အထူးစစ်ရေးလေ့ကျင့်မှုတွေပြု လုပ်မည့်ကိစ္စအတွက်..ရေကြောင်း/လေ
ကြောင်းဆိုင်ရာ..သတိပေးချက်တွေထုတ်ပြန်ခဲ့ပေမဲ့..လူတိုင်းသိချင်မှသိကြမှာပါ.အားလုံးမသိနိုင်ပါဘူး..

ဒါကြောင့်တခါတရံ..အခြားလေယာဉ်/သဘောင်္တွေ..သတိမမူဘဲဖြတ်သန်းမိတာတွေရှိနိုင်ပါတယ်(လေယာဉ်အတွက်..အမြင့်ပေ၁၅,၀၀၀ အောက်မပျံသန်းရလို့ကန့်သတ်ခဲ့တဲ့အတွက်.အခြားပြည်ပလေယာဉ် ၃-စီးကအမြင့်ပေ ၂၀,၀၀၀ ကျော်ကနေ..သူ့Air Corridor အတိုင်း..သာမန်ဖြတ်ကျော်ပျံသန်းသွားတာလည်းဖြစ်နိုင်ပါသေးတယ်)(ပေ ၄-သောင်းလောက်လည်းဖြစ်နိုင်ပါတယ်)

ဒီလိုမျိုးဖြစ်လို့..ကျူးကျော်ဖောက်ဖျက်တယ်လို့ခံစားမှုဖြစ်လာခဲ့ရင်တောင်မှ.သက်ဆိုင်ရာနိုင်ငံ/ကုမ္ပဏီကိုသတိပေး/တိုင်ကြားစာပို့တာက..အကောင်းဆုံး ဖြစ်မှာပါဘဲ(သူတို့ငြင်းဆိုခဲ့ရင်တောင်. နောင်ကိုကြိတ်ပြီးဆင်ခြင်သွားနိုင်သလို နောက်တကြိမ်အခုလိုမျိုးထပ်ဖြစ်လာခဲ့လို့..တစုံတရာအရေးယူခဲ့ရင်.. ကိုယ့်အဆိုးမဖြစ်နိုင်တော့ဘူးပေါ့)

အဲ-နောက်ဆုံးအနေနဲ့ပြောချင်တာက..ထစ်ကနဲရှိမပစ်ချဘဲ..Target Interception &  Lock သာလုပ်ပြတဲ့(ပစ်ချချင်ရင်ပစ်လို့ရတဲ့သဘော)အလေ့အကျင်မျိုးရှိစေချင်တာ ကတော့..မြန်မာနိုင်ငံကလတ်တလောမှာ..စစ်မက်ဖက်ပြိုင်နေတဲ့နိုင်ငံမဟုတ်သလို.နိုင်ငံတကာချစ်ကြည်ရေး Status မပျက်ယွင်းစေချင်တာပါ..ချစ်ကြည်ရေးဆိုတာပျက်တာလွယ်ပေမဲ့..ပြန်လည်တည်ဆောက်ရခက်ပါတယ်..

နောက်တချက်..ဟို-အရင်ကျနော် Pilot ငယ်ငယ်ဘ၀တုန်းက..အရှေ့/ အ
နောက်/မြောက်ဖက်တခွင်..လေယာဉ်နဲ့စစ်ဆင်တိုင်း..သူများဝေဟင်ပိုင်နက်တွေထဲကို.တခါမျှ.မ၀င်ရောက်ခဲ့ဘူးပါဘူးဆိုရင်.လိမ်လည်ရာများ.ကျနေမလားလို့ပါဗျား။

(တကယ်တော့..ကျနော့်ကို.တရုပ်ပြည်က၃-ကြိမ်၊ ထိုင်းက၂-ကြိမ်..တိုင်စာ အပို့ခံခဲ့ရဘူးပါသဗျာ)

(လေးစားစွာဖြင့်- လေးလွင်)

No comments: