Friday, February 26, 2016

ဘိန်းစိုက်ခင်းဖျက်ဆီးခံရသည့် ဒေသခံပြည်သူများအတွက် ရိက္ခာများထောက်ပံ့လှူဒါန်း

ဘိန်းစိုက်ခင်းဖျက်ဆီးခံရသည့် ဒေသခံပြည်သူများအတွက် ရိက္ခာများထောက်ပံ့လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ဆဒုံး-ကန်ပိုက်တည် ဒေသအတွင်းရှိ ဘိန်းစိုက်ခင်းများအား တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်၊ နယ်မြေခံပြည်သူ့စစ်နှင့် ဒေသခံများ ပူးပေါင်း၍ ဖျက်ဆီးရှင်းလင်းလျက်ရှိပြီး ဘိန်းစိုက်ခင်းဖျက်ဆီးခံရသော ကျေးရွာများမှ ဒေသခံပြည်သူများအတွက် တပ်မတော်နှင့် ပြည်နယ်အစိုးရတို့ပူးပေါင်း၍ တစ်အိမ်ထောင်လျှင် ဆန် ၁ အိတ်၊ ဆီ ၁ ပိဿာ၊ ဆား ၂၀ ကျပ်သား၊ ပဲ ၁ ပိဿာ တို့အား အသီးသီး ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments: