Wednesday, February 24, 2016

ကချင်ပြည်နယ်မိုးညှင်းမြို့၌အမျိုးသမီး၂ဦးမှအိမ်ခြံမြေရောင်းဝယ်ထားသည်ဆိုသောစာချုပ်အတုနဲ့လိမ်လည်ြ့ပီးငွေချေးယူခဲ့လို့ယခုလ၂၂ရက်နေ့လယ်၁၁နာရီ တွင်အမှုဖွင့်အရေးယူခဲ့ကြောင်း

မိုးညှင်းစည်းမဲ့ ကမ်းမဲ့သူများအကြောင်း

မိုးညှင်းမြို့တွင်အမျိုးသမီး၂ဦးမှအိမ်ခြံမြေရောင်းဝယ်ထားသည်ဆိုသောစာချုပ်အတုနဲ့လိမ်လည်ြ့ပီးငွေချေးယူခဲ့လို့ယခုလ၂၂ရက်နေ့လယ်၁၁နာရီ တွင်အမှုဖွင့်အရေးယူခဲ့ကြောင်း မိုးညှင်းရဲစခန်းမှသိရပါတယ်

ဖြစ်စဉ်မှာ မိုးညှင်းမြို့နားခါတောင်ရပ်ကွက်နေဒေါ်လဲ့လဲ့ဝင်း၏နေအိမ်တွင်
ထမင်းချက်လုပ်ကိုင်ဖူးသူအသက်၂၅နှစ်
စိမ်းတောင် ရပ်ကွက်နေ မပုံပုံ(ခ)မခင်နွယ်စိုး
အသက်၃၂နှစ်မမာမာဆွေ(ခ)မြင့်မြင့်ထက်
ဆိုသူတို့နှစ်ဦးသည်

၂၀၁၅ခုနှစ်အောက်တိုဘာ၂၄ရက်နေ့၌
သူတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေစာချုပ်ပြကာ
ငွေကျပ်၆၅သိန်းဖြင့် ချေးယူလိုကြောင်းဒေါ်လဲ့လဲ့ဝင်းအားပြောဆိုရာ
ဒေါ်လဲ့လဲ့ဝင်းမှချေးပေးခဲ့ကြောင်းသိရသည်

၎င်းချေးယူသူများကပြန်လည်းပေးဆပ်ရမည့်သတ်မှတ်ထားသော
၂၀၁၅နိုင်ဝင်ဘာ၂၄ရက်နေ့တွင်ပြန်လည်ပေးဆပ်ရန်စာချုပ်ထားသော်လဲ
ချေးယူထားသောငွေ၆၅သိန်းကိုပေးအပ်ခြင်းမရှိသည့်အတွက်
ချေးယူစဉ်ကပေးအပ်ခဲ့သောစာချုပ်အားသွားရောက်ကြည့်ရှု့ရာမှ
အိမ်ခြံမြေစာချုပ်မှာအတုဖြစ်နေကြောင်းသိရသည်

စာချုပ်အတုဖြစ်နေသည့်အတွက်ပြန်လည်ပေးဆပ်ရန်ပြောဆိုသော်လည်း
ယနေ့အချိန်ထိပေးဆပ်မှုမရှိသဖြင့်မိုးညှင်းရဲစခန်း၌အမှု့ဖွင့်ထားကြောင်း
အမှုစစ် ဒုရဲအုပ်ဇော်ထက်ပိုင်ထံမှသိရပါသည်

အိမ်ခြံမြေစာချုပ်၃စောင်ကိုသက်သေအဖြစ်သိမ်းဆီးပြီး
အိမ်ခြံမြေစာချုပ်အတုနှင့်လိမ်လည်ကာငွေချေးယူခဲ့သူ မာမာဆွေ နှင့်မပုံ့ပုံ့တို့အား(ပ)အမှတ်၃၀/၁၆ ပြစ်မှုပုဒ်မ၄၂၀/၄၆၈ ဖြင့်မိုးညှင်းမြို့မရဲစခန်းတွင်ဖမ်းဆီးအရေးယူထားပါကြောင်း

No comments: