Sunday, February 28, 2016

ဘိန်းခင်းဖျက်ဆီးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စလိုက်တဲ့အဖွဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်... လူပေါင်းများစွာ ဒုက္ခရ.. ဒဏ်ရာရ စီးပွားပျက်နေပြီ...

ဘိန်းခင်းဖျက်ဆီးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စလိုက်တဲ့အဖွဲ့
ပြဿနာပေါင်း သောင်းခြောက်ထောင်...
လူပေါင်းများစွာ  ဒုက္ခရ..  ဒဏ်ရာရ   စီးပွားပျက်နေပြီ...

ပက်ဂျိဆန်စဖွဲ့ပြီး မကြာဘူး  ရွာတွေကနေ  တိုင်စာတွေလာတယ်...
အဲဒီအဖွဲ့က  တခြားမဆိုင်တာတွေဖျက်ဆီးတယ်...
သူတို့နဲ့ ပက်သတ်တဲ့အခင်းကျတော့ မဖျက်ဖူး... 
ရွာတွေကို အနိုင်ကျင့်တယ်.. ရှမ်းတွေကိုလည်း အနိုင်ကျင့်တယ်ဆိုပြီး
တိုင်ထားတာ  အများအပြား...

ရွာသားတွေကလည်း...  လာရင် ဆော်မယ်...  ကစ်မယ်ဆိုပြီး
စောင့်နေတဲ့သူတွေရှိလို့  တပ်နဲ့ ရဲက စေတနာနဲ့  တားတယ်..
အဲဒါကိုမီဒီယာက  တပ်ကပဲ  ဘိန်းခင်းတွေကိုမဖျက်စေချင်လို့
ပိတ်ထားသလိုလို  တားထားသယောင်ယောင်ရေးကြတော့....
နောက်ဆုံး ညှိုနှိုင်းပြီးတပ်က လွှတ်လိုက်တယ်..
လုံခြုံရေးကိုတော့ ရာနှုန်းပြည့် တာဝန်မယူနိုင်ဘူးပေါ့...

ဟော...
ထင်တဲ့အတိုင်းဖြစ်လာပြီ....
ဝေမိုး  ရွာအရောက်မှာ  ရွာသားတွေကလည်း ရွာထဲမလာဖို့တားတယ်..
ပက်ဂျိဆန်ကလည်း... ဟိုအော် ဒီအော်လုပ်တယ်..
အဲဒီမှာ  ပစ်ကြ ခတ်ကြဖြစ်ပြီး...  ပက်ဂျိဆန်အဖွဲ့က 
ဓါက်ဆီနဲ့ ပုလင်း မီးလောင်အောင်လုပ်ပြီး မီးတွေရှို့တယ်...
တရုတ်လုပ်  ဗုံးတွေသုံးတယ်...  ရွာသားတွေနဲ့  ပြဿနာဖြစ်တယ်...
နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရတယ်...

နောက်ဆုံး ဒီအပျက်အဆီးတွေကို တပ်မတော်ကပဲ  ၀င်ရှင်းပေးရတယ်...
ဒုက္ခရောက်နေတဲ့ပြည်သူတွေကို  ၀င်ကူညီပေးရတယ်...

မီဒီယာတွေ ...  တပ်က တားတဲ့သတင်းပဲ ဖော်ပြပြီး
ဒီအခြေအနေ မှာ ဖြစ်သွားတဲ့သတင်းကိုတော့ ဖုံးကွယ်ထားတယ်....

No comments: