Thursday, February 25, 2016

အများပြည်သူသို့အသိပေး ပန်ကြားခြင်း *****************************

အများပြည်သူသို့အသိပေး ပန်ကြားခြင်း
*****************************
   စွမ်းအင်ဝန်ကြီးဌာန၊
မြန်မာ့ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရတနာကမ်းလွန် platform နှင့် ပတ္တမြား ကမ်းလွန်platform ပိုက်ဆက်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် 
(၂၅.၂.၂၀၁၆) ရက်နေ့မှ (၂၆.၂.၂၀၁၆)ရက်နေ့အထိ  (၄)ရက်ကြာ သဘာဝဓာတ်ငွေ့ပို့လွှတ်မူရပ်ဆိုင်း မည့်ကိစ္စအား ရက်ရွှေ့ဆိုင်းထားပါကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ
( ၂၄.၂.၂၀၁၆) ရက်နေ့ (၂၃:၃၀)နာရီခန့်တွင် တယ်လီဖုန်းသတင်းရရှိပါသဖြင့် ရန်ကုန်မြို့အတွင်း ဝန်အားလျော့ချ ဓာတ်အားပေးမည့်အစီအစဉ် များကို ရပ်ဆိုင်းပြီး လျှပ်စစ် ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းများကို ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း နှင် စွမ်းအင်ဝန်ကြီးဌာနမှ လုပ်ငန်းဆောင်ရွက်မည့်ရက်အား အတည်ပြုချက်ရရှိပါက မီးသုံးစွဲသူ ပြည်သူများထံသို့ အချိန်  နှင့်တပြေးညီ အသိပေး တင်ပြသွားမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ  အသိပေးပန်ကြားအပ်ပါသည်။

No comments: