Wednesday, February 24, 2016

မန္တလေး မတ္တရာလမ်း မိုင်တိုင် ၂၀ နှင့် ၂၁ ကြားတွင် စကျင်မန်း ယာဉ်အသင်းမှ ခရီးသည်တင် မှန်လုံယာဉ် တစ်စီးသည် ဖေဖော်ဝါရီ ၂၄ နံနက် ၉ နာရီခန့်က ပက်လက်လန် တိမ်းမှောက်ခဲ့သည်။

မန္တလေး မတ္တရာလမ်း မိုင်တိုင် ၂၀ နှင့် ၂၁ ကြားတွင် စကျင်မန်း ယာဉ်အသင်းမှ ခရီးသည်တင် မှန်လုံယာဉ် တစ်စီးသည် ဖေဖော်ဝါရီ ၂၄ နံနက် ၉ နာရီခန့်က ပက်လက်လန် တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်မှာ မတ္တရာမှ ထွက်လာသည့် လူ ၃၀ စီး ရိမ်းဘိုးဟီးနိုးယာဉ်မှာ လားရာတူ မောင်းနှင်လာသည့် အုတ်ကားနှင့် ပွတ်တိုက်ကာ ဝဲဘက်လမ်းဘေးသို့ လဲကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ရပ်သို့ မန္တလေးတိုင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု့ ကော်မတီ အဝေးပြေး ဥက္ကဌနှင့် တာဝန်ရှိသူများ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တို့မှ လိုအပ်သည်များ ကူညီပေးခဲ့ကြပါသည်။

ယာဉ်မောင်းနှင့် ခရီးသည် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးမှု့ မရှိကြောင်း သိရပါသည်။

ခိုင်ဆက်ဝေ
ko ye htut gyi

No comments: