Thursday, February 25, 2016

ပက်ဂျီဆန်အဖွဲ့ရဲ့ လှုပ်ရှားမှု သတင်းတွေကို စောင့်ကြည့်နေခဲ့ပါတယ်...

ပက်ဂျီဆန်အဖွဲ့ရဲ့ လှုပ်ရှားမှု သတင်းတွေကို စောင့်ကြည့်နေခဲ့ပါတယ်...

သူတို့က ဘိန်းခင်းဖျက်တယ်ဆိုပေမယ့် ဘိန်းခင်းတိုင်း လိုက်ဖျက်နေကြတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး.... သူတို့ နဲ့ မတဲ့ တဲ့ သူတွေရဲ့ ဘိန်းခင်းတွေကိုပဲ လိုက်ဖျက်ကြတာပါ... အထူးသဖြင့် NDAK ထိန်းချုပ်နယ်မြေထဲက ဘိန်းခင်းတွေကို ၀င်ဖျက်ကြပါတယ်... NDAK နဲ့ KIA က ကချင်လူမျိုးတွေတူပေမယ့် မတဲ့ ကြပါဘူး...

နောက်ပြီး ဘိန်း ဖြတ်ပေးတယ်ဆို ပေမယ့်လည်း သူတို့တွေ လုပ်နေတာတွေက ဘိန်းဖြတ်နေတာနဲ့ မတူပါဘူး သူတို့ သြဇာခံ မဟုတ်တဲ့ ပြည်သူတွေ (သို့) ကြည့်မရတဲ့ တခြားတိုင်းရင်းသား ပြည်သူတွေကို လိုက်လံ ညှင်းပန်းနိပ်စက်နေကြတာနဲ့ တူနေပါတယ်...

အဲဒါကြောင့် သူတို့ ရဲ့ ရည်ရွယ်ချက်တွေက ဘာတွေဖြစ်မလဲ ဆိုတာ သိသာထင်ရှားလာပါတယ်...

၁။ NDAK ထိန်းချုပ်နယ်မြေက ဘိန်းခင်းတွေ ပျက်တော့ KIA က ဘိန်းခင်းတွေ ဈေးကောင်းမယ်...

၂။ နယ်ခြားစောင့်တပ် (သို့) ဘိန်းစိုက်တဲ့ KIA လက်ဝေခံ မဟုတ်တဲ့ ပြည်သူတွေကို ပဋိပက္ခ ဖြစ်လာရင်... တပ်မတော်နဲ့ ရန်တိုက်ပေးနိုင်မယ်....

၃။ သူတို့ သြဇာခံမဟုတ်တဲ့ သူတွေကို သူတို့ သြဇာခံ ဖြစ်လာအောင် အကြောက်တရားနဲ့ ထိန်းချုပ်နိုင်မယ်...

၎။ လက်ရှိအစိုးရနဲ့ တပ်မတော်ကို နာမည်ပျက်စေမယ်...

စတဲ့ ရည်ရွယ်ချက် မျိုးစုံတွေကြောင့် တိုက်ကွက်တွေ ဖော်နေကြတယ်လို့ ယူဆသုံးသပ်မိပါတယ်...

တပ်မတော်အနေနဲ့ စစ်မီးမပွားရအောင် တားသင့်သလောက် တားခဲ့ပြီးပြီ... သို့ပေမယ့် နာမည်ပျက်တာပဲ အဖတ်တင်ခဲ့တယ်...

နောက်တစ်လပြီးရင်ပဲ သူများကို လက်ညှိုးထိုး အပြစ်ပုံချတတ်တဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး ခေါင်းဆောင်တဲ့ အနိုင်ရပါတီရဲ့ အစိုးရ သစ်က ဒီပြသနာတွေကို လက်လွှဲယူရတော့မှာဖြစ်ပါတယ်... သူတို့ ရှင်းပါလိမ့်မယ်... အဲဒီအတွက် ကျနော်တို့ တပ်မတော်အနေနဲ့ စစ်မီးတွေ ဆက်မပွားစေဖို့ ကြားမညှပ်မိစေဖို့ နေတတ်ဖို့ လိုပါပြီ....

No comments: