Friday, January 22, 2016

Singles မဂ္ဂဇင်း အတွက် ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ဘိုရာ

       ပိုပြီးတော့ ရင့်ကျက်တဲ့ ပုံစံနဲ့ အိမ်မက်ဆန်ဆန် နေရာတစ်ခုမှာ ရောက်ရှိနေသလို တွေ့မြင်ရမှာပါ။


SISTAR အဖွဲ့ဝင် ဘိုရာ (Bora) ဟာ ဖေဖော်ဝါရီလထုတ် Singles ဖက်ရှင် မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။

ဘိုရာဟာ သီချင်းသီဆိုတဲ့အလုပ်အပြင်၊ အပြင်သရုပ်ဆောင်နှင့် အခမ်းအနားတင်ဆက်သူအဖြစ်လည်း လုပ်ကိုင်ရင်း အလုပ်များနေပါတယ်။ အခု ရိုက်ကူးထားတဲ့ ဓာတ်ပုံထဲမှာလည်း သူမဟာ ပိုပြီးတော့ ရင့်ကျက်တဲ့ ပုံစံအပြင် အိမ်မက်ဆန်ဆန် နေရာတစ်ခုမှာ ရောက်ရှိနေသလို တွေ့မြင်ရမှာပါ။

အေးခဲတဲ့ ရာသီဥတုမျိုးမှာ ဘိုရာတစ်ယောက်ဟာ ပါးတဲ့ အဝတ်အထည်များနဲ့ ရိုက်ကူးရတာကိုလည်း အပြုံးမပျက် သက်တောင့်သက်သာပဲ ရိုက်ကူးပေးခဲ့တဲ့အတွက် အဆိုပါ မဂ္ဂဇင်းရဲ့ ဓာတ်ပုံသမားတစ်ဦးကလည်း သူမရဲ့ ကျွမ်းကျင်မှုအပေါ် ချီးကျူးခဲ့ပါတယ်။

Source: Soompi
Photo: Soompi, koreaboo

No comments: