Friday, January 29, 2016

ဒုက္ခသည်ပြည်သူနဲ့ KIA သောင်းကျန်းသူ

ဒုက္ခသည်ပြည်သူနဲ့ KIA သောင်းကျန်းသူ
=========================
ကချင်ပြည်နယ်မှာ ၂၀၁၁ခုနှစ် စစ်ဖြစ်ပွားစဉ်ကတည်းက မြို့ပေါ်ဒေသတွေ၊ နယ်စပ်တွေ၊ KIA ထိန်းချုပ်ရာ ဒေသတွေမှာ ဒုက္ခသည်စခန်းတွေ အမြောက်အများ ဖြစ်ပေါ်လာခဲ့ပါတယ်။ KIA ကစစ်ဖြစ်အောင်လုပ်တယ် စစ်ဖြစ်တော့ အရပ်သားတွေ စစ်ရှောင်ကြတယ်။ စစ်ရှောင်နေတဲ့ တိုင်းရင်းသားတွေကို KIAက ဘာသာရေးနဲ့ထိန်းချုပ်ပြီး အခွင့်ကောင်းယူကာ ၎င်းတို့ အကျိုးအတွက် အသုံးချခဲ့ကြပါတယ်။

အမှန်တကယ်ရိုးသားလှတဲ့ ကချင်တိုင်းရင်းသားတွေမှာ အပြစ်မရှိ။ တကယ်တန်း အပြစ်ရှိအောင် လုပ်နေတာဟာ ကချင်ခွဲထွက်ရေးကို လုပ်ဆောင်နေတဲ့ KIAပဲဖြစ်ပါတယ်။ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများဟာ စစ်ဖြစ်ပွားလို့ နယ်မြေအသီးသီးကနေ IDP တွေကို ရွှေ့ပြောင်းလာခဲ့ကြရပါသည်။ ရွှေ့ပြောင်းလာကြတဲ့ ဒုက္ခသည်များကို အသုံးချကာ KIA သည် ၎င်းတို့အမာခံ သတင်းပေးအချို့ကို စစ်ရှောင်စခန်းများတွင် နေစေပြီး မီဒီယာများမှတဆင့် တစ်ဖက်လှည့်နဲ့ ထောက်ပံ့ကြေးများရယူခြင်း၊ နယ်မြေနှင့် တပ်မတော်၏သတင်းများရယူခြင်း၊ မီဒီယာနှင့်ပြည်သူအကြား ၀ါဒဖြန့်ခြင်း၊ ဒုက္ခသည်များအား စည်းရုံးသိမ်းသွင်းပြီး ၎င်းတို့တပ်မတော် အတွင်း ၀င်ရောက်စေခြင်း စသည်တို့ ပြုလုပ်နေကြသည်ကို သိရှိရပါသည်။ “သေချာတာတစ်ခုကတော့ KIA အတွက်ရိက္ခာစုဆောင်းဖို့ ဒုက္ခသည်တွေ မရှိမဖြစ်လိုအပ်သလို ဒုက္ခသည်တွေဟာလည်း စစ်ရှောင်ဖို့ IDPစခန်းတွေ မရှိမဖြစ်လိုအပ်နေဦးမှာပဲ ဖြစ်ပါတယ်”။

By Voice Of Kachin


No comments: