Friday, January 22, 2016

မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်းရှိ ကြယ်သုံးပွင့်အဆင့် Ibis Styles Hotel ဒီဇင်ဘာလတွင် ဖွင့်မည်

မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်းရှိ ကြယ်သုံးပွင့်အဆင့် Ibis Styles Hotel ဒီဇင်ဘာလတွင် ဖွင့်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၁-မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်းအတွင်း တည်ဆောက်လျက်ရှိသောကြယ် သုံးပွင့်အဆင့်ရှိ Ibis Styles Hotel ကို ယခုနှစ်ဒီဇင်ဘာလတွင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း နယူးစတား လိုက်ဆောက်လုပ်ရေးကုမ္ပဏီလီမိ တက်မှသိရသည်။

Ibis Styles Hotel ကို မူဆယ် ဗဟိုစီးပွားရေးဇုန်စီမံကိန်းအတွင်း ရှိ ဇုန်(၃) Hotel and Cartering ဧရိယာတွင်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး လက်ရှိ အဆိုပါဟိုတယ် တည်ဆောက်ပြီးစီး မှုမှာ ၆ဝရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း နယူးစတားလိုက်ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှသိရသည်။

နယူးစတားလိုက်ဆောက်လုပ် ရေးကုမ္ပဏီလီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာဒေါ်မေရင်က ''Ibis Styles Hotel ကိုဒီဇင်ဘာလကုန် မှာဖွင့်လှစ်ဖို့ရည်မှန်းထားပါတယ်။ ယခုနှစ်ဒီဇင်ဘာလမှာ မြန်မာ-တ ရုတ်နှစ်နိုင်ငံကုန်စည်ပြပွဲရှိတယ်။မြန်မာ-တရုတ်နှစ်နိုင်ငံကုန်စည်ပြပွဲ ဟာ နှစ်စဉ်မြန်မာနိုင်ငံမှာ တစ်နှစ်၊ တရုတ်နိုင်ငံမှာတစ်နှစ် အလှည့်ကျ ကျင်းပတာဖြစ်တယ်။ ဒီနှစ်မြန်မာ နိုင်ငံမှာကျင်းပမှာပါ။ ဒါကြောင့် Ibis Styles Hotel ကို ဒီဇင်ဘာလကုန်မှာဖွင့်လှစ်သွားဖို့ကြိုးစား နေပါတယ်'' ဟုပြောသည်။

ယင်းအပြင် မူဆယ်ဗဟိုစီးပွား ရေးဇုန်စီမံကိန်းအတွင်း တည်ဆောက် လျက်ရှိသောကျောက်မျက်ဈေးကို လည်း ယခုနှစ်အတွင်း ဖွင့်လှစ်သွား မည်ဖြစ်ပြီး မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်းတစ်ခုလုံး၏ infrastructure တည်ဆောက်ပြီးစီးမှုမှာ ၈၀ ရာခိုင်နှုန်းထိရှိပြီဖြစ်ကြောင်း သိရသည်။

ဒေါ်မေရင်က ''မူဆယ်ဗဟိုစီး ပွားရေးဇုန်စီမံကိန်း CBD မြို့ကို ဖော်ဆောင် တဲ့အခါမှာ infrastructure ကို အဓိကဦးစားပေးဖော် ဆောင်နေတာပါ။ လက်ရှိ infrastructure တည်ဆောက်တာ ၈၀ ရာခိုင်နှုန်းထိပြီးစီးနေပြီ။ infrastructure သာကောင်းရင် မြို့ကနောက် နှစ်ပေါင်း ၅ဝပဲဖြစ်ဖြစ်၊ ၁၀ဝပဲဖြစ် ဖြစ် အထောက်အကူပြုကျန်နေမှာ ပါ။ ဒီစီမံကိန်းမှာ အပန်းဖြေဥယျာဉ် တွေ၊ ကစားကွင်းတွေလည်း ထည့် သွင်းထားပါတယ်'' ဟုပြောသည်။

အဆိုပါမူဆယ်ဗဟိုစီးပွားရေး ဇုန်စီမံကိန်းကိုမူဆယ်မြို့ရွှေလီမြစ် ကမ်းနံဘေးရှိ ဧရိယာ ၂၉၄ ဒသမ ၇၈၉ ဧကပေါ်တွင် ဇုန် ၆ဇုန်ခွဲကာ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး စီမံကိန်းဧရိယာ၏ ၃၈ ဒသမ ၄၂ ရာခိုင်နှုန်းကိုအပန်းဖြေ ဥယျာဉ်များ၊ ကစားကွင်းများစသည် တို့ပါဝင်သည့် အများနှင့်သက်ဆိုင် သောဧရိယာအဖြစ် အကောင်အ ထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နယူးစတားလိုက် ဆောက်လုပ် ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိ သူတစ်ဦးက ''ဇုန်၆ဇုန်မှာ ဇုန် ၁ကို ဖွင့်လှစ်ပြီးလို့ စလုပ်ကိုင်နေကြပါပြီ။ ဇုန်၆ဇုန်လုံးဆိုရင်တော့ ၂၀၂၁ ခုနှစ် မှာမှပြီးစီးမှာပါ။ ဒီအတောအတွင်း မှာ တစ်နှစ်ကိုတစ်နေရာစီလောက် ဖွင့်လှစ်သွားမှာပါ'' ဟုပြောသည်။

TEEP/MHM
#Democracytoday


No comments: