Wednesday, January 20, 2016

BMW ပိုင်ဆိုင်သူများနဲ့ တွေ့ဆုံခြင်း (၂)

       အစ်မ လက်ကိုင်အိတ်ထဲမှာ သော့ရှိတာနဲ့ သော့ထုတ်သုံးနေစရာမလိုပဲ ကားလက်ကိုင် sensor ကို ထိလိုက်တာနဲ့ ကားလော့ခ်ဖွင့်တာပိတ်တာကို လုပ်လို့ရတယ်။ ကားပေါ်ကဆင်းရင်လဲ တံခါးပိတ်ပြီးတာနဲ့ မှန်တွေပွင့်နေရင် ပြန်သိမ်းပေးတာတို့၊ နောက်ကြည့်မှန်ပိတ်ပေးတာတို့ကို အဲ့ဒီ sensor ကနေပဲ လုပ်ပေးတဲ့အတွက် ကိုယ်ကမှန်အတင်အချလုပ်ဖို့မေ့ခဲ့ရင်တောင် အဆင်ပြေပါတယ်။


အစ်မရဲ့ နာမည်နဲ့ လက်ရှိ ဝယ်ယူထားတဲ့ BMW ကားအမျိုအစားကို မိတ်ဆက်ပေးပါခင်ဗျာ
ကျွန်မနာမည်ကတော့ ဒေါ်ငယ်ငယ်ထွေးဖြစ်ပါတယ်။ ကျွန်မက ခိုင်မန္တလေး အဝေးပြေးယာဉ်လိုင်းရဲ့ ပိုင်ရှင်တစ်ယောက်ပါ။ လက်ရှိမှာတော့ ကျွန်မ BMW X5 နဲ့ BMW 528i ကို စီးနေပါတယ်။

အစ်မလက်ရှိ ပိုင်ဆိုင်ထားတဲ့ BMW ကား နဲ့ ပတ်သက်ပြီး မောင်းနှင်တဲ့အချိန်မှာ ခံစားချက်လေးကို ပြောပြပေးပါ။
အစ်မက ရန်ကုန်မှာဆိုရင် X5 ကိုပဲစီးဖြစ်ပါတယ်။ BMW ကားတွေက လုံခြုံရေးအတွက်ကို အရမ်းအလေးပေးတဲ့ကားဖြစ်တဲ့အတွက် ကားပေါ်ကိုရောက်သွားတာနဲ့ လုံခြုံမှုရှိသလို မောင်နှင်ရာမှာလည်း ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ချတဲ့ ခံစားချက်ကိုပေးပါတယ်။ အဲဒီလို ယုံကြည်မှုတွေနဲ့ ကားကို စီးရတဲ့အတွက် အရမ်းကို နှစ်သက်မိပါတယ်။

အစ်မလက်ရှိ ဝယ်ယူထားတဲ့ BMW ကားရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်လေးတွေကို ပြောပြပေးပါ။
အစ်မက အလုပ်များတဲ့ သူတစ်ယောက်ဖြစ်တော့ ကားသော့ အထားမှားတာတွေ၊ မေ့ကျန်တာတွေ ခဏခဏဖြစ်တတ်ပါတယ်။ BMW စီးတဲ့ အခါမှာ အဲဒီလိုပြဿနာမရှိတော့ဘူး ၊ အစ်မ လက်ကိုင်အိတ်ထဲမှာ သော့ရှိတာနဲ့ သော့ထုတ်သုံးနေစရာမလိုပဲ ကားလက်ကိုင် sensor ကို ထိလိုက်တာနဲ့ ကားလော့ခ်ဖွင့်တာပိတ်တာကို လုပ်လို့ရတယ်။ ကားပေါ်ကဆင်းရင်လဲ တံခါးပိတ်ပြီးတာနဲ့ မှန်တွေပွင့်နေရင် ပြန်သိမ်းပေးတာတို့၊ နောက်ကြည့်မှန်ပိတ်ပေးတာတို့ကို အဲ့ဒီ sensor ကနေပဲ လုပ်ပေးတဲ့အတွက် ကိုယ်ကမှန်အတင်အချလုပ်ဖို့မေ့ခဲ့ရင်တောင် အဆင်ပြေပါတယ်။ နောက်ပြီး ကားသော့ကိုလည်း သွားလေရာ ကိုင်နေစရာမလိုတော့ဘူး။ ဒါက အစ်မအတွက် အဆင်ပြေဆုံးအချက်ဖြစ်နေတယ်။

အစ်မအနေနဲ့ လက်ရှိ ဝယ်ယူထားတဲ့ ကားကို တစ်ခုခု ထပ်ပြီးတော့ တပ်ဆင်ရမယ်ဆိုရင် ဘယ်လိုမျိုးအရာကို ထည့်သွင်း တပ်ဆင်သွားမယ်ဆိုတာ ပြောပြပေးပါ။
အစ်မအနေနဲ့ ပြောရမယ်ဆိုရင် BMW X5 ကားအနေနဲ့ကတော့ အကုန်ပြည့်စုံပြီးသားပါ။ Rear Seat Entertainment ပါတဲ့အပြင် တခြား Option တွေကလည်း လိုလေသေးမရှိအောင် အကုန်ပြည့်စုံနေတဲ့အတွက် ဘာမှ ထပ်ဖြည့်ဖို့ မလိုတော့ပါဘူး။ 5 Series အတွက်ဆိုရင်တော့ အစ်မရဲ့အမျိုးသားက Sport type ကြိုက်တဲ့အတွက် ကာဗွန်ဖိုင်ဘာနဲ့လုပ်တဲ့ spoiler ထပ်တပ်တာမျိုး၊ တခြား Sport Accessories တွေနဲ့ ကားကို အလှဆင်တာမျိုး လုပ်ဖို့ စိတ်ကူးထားပါတယ်။

အစ်မ ပိုင်ဆိုင်ထားတဲ့ လက်ရှိ BMW ကားရဲ့ အနှစ်သက်ဆုံးအရာကို ပြောပြပေးပါ။
အစ်မက မန္တလေးကဆိုတော့ ရန်ကုန်-မန္တလေး အမြဲတမ်း တစ်လကို သုံး၊ လေးခေါက် ခရီးထွက်နေပေမဲ့ ဘယ်လောက်ခရီးဝေးသွားသွား BMW X5 က တော်တော်အဆင်ပြေတယ်။ နောက်ဖုံးထဲမှာလည်း ပစ္စည်းတွေ အတော်များများထည့်ခဲ့လို့ရတယ်။ သူရဲ့ xDrive နည်းပညာနဲ့ Servotronic system တို့ကလည်း ကားမောင်းနှင်ရာမှာ အရမ်းကို ညင်သာပြီးတော့ သက်သောင့်သက်သာရှိတဲ့အပြင် Safety အတွက် လုံးဝစိတ်ချရတာကို သဘောကျပါတယ်။ အခု ဒီကား ဝယ်စီးတာဆိုရင် တစ်နှစ်နီးပါးရှိနေပြီ ၊ ခရီးဝေးတွေသွားတာလည်း များနေပြီ ဒါတောင် အခုအချိန်ထိ ဒီကားနဲ့ ပတ်သက်ပြီး ကားဘီးပေါက်တာ၊ ကားအောက်ပိုင်းနဲ့ ပတ်သက်တာ၊ အသံထွက်တာ၊ မြည်တာတွေ ဘာမှမရှိဘူး။
နောက် သူ့မှာ Auto Start/Stop function ပါတဲ့အတွက် ရန်ကုန်လို ကားပိတ်တဲ့နေရာမျိုးမှာ ကားက သွားလိုက်၊ ရပ်လိုက်နဲ့ ဖြစ်နေတဲ့အချိန်မှာ ဘရိတ်နင်းပြီး ကားလုံးဝရပ်သွားတာနဲ့ ကားစက်ကိုရပ်ထားပေးပါတယ်။ ဘရိတ်လွှတ်လိုက်တာနဲ့ အလိုအလျောက်စက်နိုးပေးတဲ့အတွက် ဆီစားအရမ်းသက်သာစေတယ်။

အစ်မအနေနဲ့ BMW ရဲ့ အရောင်းဝန်ဆောင်မှုပိုင်းကို ကျေနပ်အားရမှုရှိပါသလား။ ကားဝယ်ပြီးတဲ့အခါမျိုးမှာ ဘယ်လိုမျိုး ဝန်ဆောင်မှုတွေပေးထားတာရှိပါသလဲ။
ကျွန်မဆိုရင် ကားမဝယ်ခင်မှာ ဘယ်ကားက ကိုယ့်အတွက် အဆင်ပြေမလဲ၊ ကောင်းမလဲ ဆိုပြီး ကားအရောင်းပြခန်း တော်တော်များများကို လေ့လာကြည့်ခဲ့ပါတယ်။ နောက်တော့ ဒီ BMW ကား အရောင်းပြခန်းကိုရောက်လာတယ်။ ဒီ အရောင်းပြခန်းမှာ ကားအတွက် ပေးတဲ့ ဝန်ဆောင်မှုတွေက ကိုယ်ကိုယ်တိုင်လိုက်ကြည့်ပြီးတော့ ကျေနပ် နှစ်သက်တဲ့ အရာတွေ အများကြီးတွေ့ခဲ့ရတယ်။ အဓိကကတော့ အစ်မက ကားအကြောင်းအရမ်းနားလည်တဲ့သူမဟုတ်ပါဘူး အဲ့အတွက် BMW ဖက်က အစ်မနဲ့အကိုက်ညီဆုံးဖြစ်မယ့် ကားကို အကြံဥာဏ်ပေးပြောပြပေးပါတယ်။  နောက်ပြီး တကယ့်ကိုခေတ်မှီစက်ကိရိယာ အပြည့်အစုံနဲ့ ၀န်ဆောင်မှုပေးတဲ့ BMW Service Center ကို လိုက်ကြည့်ပြီးတဲ့နောက်မှာတော့ အစ်မ BMW ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။
ကားဝယ်ပြီးနောက်ပိုင်း ဘာကိစ္စနဲ့ဖြစ်ဖြစ် ကားအရောင်းပြခန်းကို ရောက်လာခဲ့ရင်လည်း ဒီက ဝန်ထမ်းတွေက ကားသော့ယူပြီး ကားအောက်ပိုင်းစစ်တာတွေ ရေဆေး ဆီထိုး အကုန်လုပ်ပေးတယ်။ ဝယ်ပြီးတဲ့အချိန်ကတည်းက အခုချိန်ထိ အမျိုးသမီးတစ် ယောက်အနေနဲ့ ဘာမှ လှည့်ကြည့်စရာမလိုဘူး။ လွန်ခဲ့တဲ့ ၁ နှစ်ခွဲ ၊ ၂ နှစ်လောက်က ဝယ်ထားတဲ့ 5 Series ဆိုရင်လည်း အခုအချိန်ထိ ကားအရောင်းပြခန်းကနေ အရင်အတိုင်း ဝန်ဆောင်မှုပေးနေတုန်းပဲ။ အကယ်၍ ကားနဲ့ပတ်သက်ပြီး လမ်းမှာ တစ်ခုခုချို့ယွင်းခဲ့မယ်ဆိုရင်လည်း BMW Roadside Assistance Service ရှိတဲ့အတွက် ဖုန်းဆက်လိုက်တာနဲ့ ချက်ခြင်းလိုက်လာပြီး လိုအပ်တာတွေ စီစဉ်ဆောင်ရွက်ပေးတော့ အရမ်းအဆင်ပြေတယ်။
အဲဒါကြောင့် အစ်မလည်း BMW ကို နောက်ထပ် (၁) စီး ထပ်ဝယ်စီးဖြစ်တာပါ။ အစ်မတို့ဆိုရင် အရင်တုန်းကတည်းက ကားအကောင်းတွေပဲ ဝယ်စီးလာတော့ တစ်ချို့ ကားရောင်းတဲ့သူတွေဆို ရောင်းပြီးရင် လှည့်ကို မကြည့်တော့တာတွေကိုလည်း တွေ့ခဲ့ရတာတွေရှိတယ်လေ။ BMW Showroom မှာတော့ အစ်မ မ၀ယ်ခင်ကပြောထားတဲ့ service တွေ အကုန်လုံးကို ၀ယ်ပြီးတဲ့အခါမှာလည်း အပြည့်အ၀ရရှိတဲ့အတွက် အရမ်းကိုကျေနပ်မိပါတယ်။
Photo: သန့်ဇင်

No comments: