Friday, January 22, 2016

ရှိုးပွဲမှာ ကောက်ကြောင်းအလှကို ပြခဲ့တဲ့ ဂျေလို

       လက်စ်ဗီးဂက်စ်မှာ ဂျနီဖာလိုးပက်ဇ်က သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် ရှိုးပွဲဖြစ်တဲ့ All I Have ကို ပြုလုပ်ခဲ့ပါတယ်။


အသက် ၄၅ နှစ်အရွယ် ပေါ့ပ်အဆိုကျော် ဂျေလိုဟာ အသားကပ် ဝတ်စုံ ဒီဇိုင်းမျိုးစုံနဲ့ သူမရဲ့ နာမည်ကြီးတဲ့ ကောက်ကြောင်းအလှကို ထုတ်ဖော်ပြသခဲ့ပါတယ်။

သူမရဲ့ ဝတ်စုံတွေတင်သာ မကပါဘူး။ သူမရဲ့ကကွက်တွေကလည်း အံ့မခမ်းပါပဲ။

ဂျေလိုရဲ့ အကနဲ့ အလှကို ပရိသတ်ကြီး မြင်တွေ့နိုင်အောင် သူမရဲ့ ရှိုးပွဲပုံရိပ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဂျေလိုဟာ သူမရဲ့ ပထမဆုံး ရှိုးပွဲရဲ့ ပထမဆုံးနေ့မှာ ကြိုးစားပမ်းစားနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။

အဆိုတင်မက အကပါ ပိုင်နိုင်တဲ့ ဂျေလိုပါ။

သူမရဲ့ ဒီဝတ်စုံဟာဆိုရင် အဝတ်အစား ပါတယ်ဆိုရုံပါပဲ။ ဒါပေမဲ့ လှပလွန်းတဲ့ကိုယ်လုံးကြောင့် အမြင်တော့ ရိုင်းမနေခဲ့ပါဘူး။

Source & Photos : Daily M

No comments: