Wednesday, January 20, 2016

ကလေးပြည့်တန်ဆာအကြောင်း ဖော်ထုတ်ခဲ့သူ နိုင်ငံတကာသတင်းဆု ရရှိ

       မြန်မာနိုင်ငံက အသက်မပြည့်သေးတဲ့ လိင်လုပ်သားတွေတွေရဲ့အကြောင်းကို ရေးသားခဲ့ပါတယ်။


2015 Lorenzo Natali သတင်းမီဒီယာဆုကို မြန်မာနိုင်ငံက သတင်းသမား ထက်ခေါင်လင်းက ရရှိခဲ့ပါတယ်။

အာရှ-ပစိတ်ဖိတ်ဒေသဆိုင်ရာဆုကို ရရှိခဲ့တာဖြစ်ပြီး အသက်၁၆ နှစ်အရွယ် ဝတ်ရည်ဆိုတဲ့မိန်းကလေးကနေတစ်ဆင့် မြန်မာနိုင်ငံက အသက်မပြည့်သေးတဲ့ လိင်လုပ်သားတွေတွေရဲ့အကြောင်းကို ထက်ခေါင်လင်းက ရေးသားခဲ့တာဖြစ်ပါတယ်။  ထက်ခေါင်လင်းဟာ သတင်းလောကကို ၂၀၀၇ ခုနှစ်ကနေ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ Myanmar Now သတင်းအေဂျင်စီက ဖြစ်တယ်လို့ သိရပါတယ်။

Lorenzo Natali ဆုဟာ ကမ္ဘာတစ်ဝန်း ပြိုင်ပွဲဝင် ၁၄၀၀ ကျော်ထဲကနေ အကောင်းဆုံး သတင်းသမား ၉ဦးကို ရွေးချယ်ဆုပေးတာဖြစ်ပြီး အဆိုပါဆုအတွက် ဆုကြေးငွေဟာ ယူရိုငွေ ၅၀၀၀ ဖြစ်ပါတယ်။
Photos & Source: INTERNATIONAL COOPERATION AND DEVELOPMENT(European Comission),Messenger News Journal

No comments: