Friday, January 22, 2016

အလှမပျက်စေဖို့ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ (၁၀) ခု

       အထူးတလည် အလှမပြင်ချင်နေပါ။ နဂိုရှိပြီးသား အလှကိုတော့ မဖျက်ဆ်ီးသင့်ပါဘူး။


ကိုယ့်ရဲ့ သဘာဝအလှအပတွေ မပျက်စီးအောင် ဒီအချက်တွေကို ဂရုစိုက်ဖို့ လိုပါတယ်။

၁။ ပက်လက်အိပ်တာက အရေးအကြောင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။
၂။ တစ်နေ့ကို (၈) နာရီ အိပ်ပါ။

၃။ အစက်အပြောက်တွေကို ကာကွယ်ချင်လို့ ဆိုပြီး မိတ်ကပ်အထူကြီးမလိမ်းပါနဲ့။ မိတ်ကပ်ပါးပါးလေးလိမ်းတာက လူကို နုပျိုတယ်လို့ ထင်ရစေပါတယ်။

၎။ ဒေါသကို လျှော့ပါ။ ဒေါသထွက်ရင် ရုပ်ဆိုးသလို အရေးအကြောင်းတွေပါ များလာနိုင်ပါတယ်။

၅။ အဝတ်အစား အရမ်းကျပ်တာ မဝတ်ပါနဲ့။ အရမ်းကျပ်လွန်းရင် ဝတယ်လို့ ထင်ရပါတယ်။

၆။ လက်သည်းနီဆိုးရင် လက်သည်းနီအောက်ခံဖြစ်တဲ့ အကြည်ရောင် လက်သည်းနီ (coating) ကို ဆိုးပေးပါ။ လက်သည်းအရောင် မလွင့်အောင်လို့ပါ။

၇။ ရေများများသောက်ပါ။

၈။ မျက်နှာကို ရေအေးနဲ့ပဲ သစ်ပါ။ ရေအေးက ချွေးပေါက်ကျဉ်းစေပါတယ်။

၉။ ထိုင်ရင် ခပ်မတ်မတ်ထိုင်ပါ။

၁၀။ ဒေါက်မြင့်ဖိနပ်စီးတာ ကိုယ်နေဟန်ထား ပိုလှပေမဲ့ အရမ်းမြင့်လွန်းရင်လည်း ခြေသလုံးကြီးလာနိုင်တဲ့ အတွက် ဒေါက်နိမ့်တာကိုပဲ စီးသင့်ပါတယ်။
Source : beautytips
Photos : allasianfashion, aol, eknazar, flickr

No comments: