Friday, January 22, 2016

ချိုင်းချွေးနံ့ပျောက်စေမယ့် အလွယ်ဆုံးနည်း (၃) နည်း

       ချိုင်းချွေးနံ့ထွက်တာဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စပါ။


သင်ဟာ ချိုင်းချွေးနံ့ အရမ်းကို နံတဲ့သူ ဖြစ်ရင် အောက်ပါအချက် (၃) ချက်ကိုပဲ ဝီရိယရှိရှိ လုပ်ပေးပါ။ ရက်ပိုင်းအတွင်း သိသာလာတာကို တွေ့ရပါလိမ့်မယ်။

၁။ အာလူးကို အချပ်လေးတွေလှီးပြီး ချိုင်းကို ပွတ်ပေးပါ။ ခြောက်သွားမှ ရေဆေးချပါ။

၂။ ကျောက်ချဉ်မှုန့်နဲ့ ထုံးအရည်ကြည် ရောစပ်ပြီး ချိုင်းကို ရေချိုးပြီးတိုင်း ပွတ်ပေးပါ။

၃။ တစ်နေ့ကို အနည်းဆုံး ရေတစ်ကြိမ်ချိုးပေးပါ။ တကယ်တော့ ချွေးက သူ့တစ်ခုတည်းဆို အနံ့မရှိပါဘူး။ ဘက်တီရီးယားနဲ့ ပေါင်းပြီး အနံ့ထွက်လာတာပါ။ ဒါကြောင့် ချွေးထွက်များတဲ့ နေရာတွေကို အဓိက သေချာဆေးကြောရင် ချိုင်းချွေးနံ့သာမက တစ်ကိုယ်လုံးက ချွေးနံ့ကိုပါ လျော့ပါးစေပါတယ်။
Photos : nwayhtethtetlinn, livingthenouris

No comments: