Friday, January 22, 2016

အမန်ဒါရဲ့ ရေချိုးခန်းထဲက ပုံရိပ်

       အဝတ်အစားဝတ်ရင် အရမ်းဟော့တဲ့ အမန်ဒါဟိုဒမ်ဟာ ဒီတစ်ခါတော့ သူမရဲ့ ရေချိုးခန်းထဲက အလှကို အင်စတဂရမ်မှာ တင်ခဲ့ပါတယ်။


ဗြိတိန် Got Talent အစီအစဉ်ရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ အမန်ဒါဟိုဒမ်ဟာ ရေချိုးခန်းသုံး တဘက်ကို လျော့တိလျော့ရဲပတ်ထားပါတယ်။

သူမကို ဇန်နဝါရီလ ၁၅ ရက်တုန်းကလည်း လီဗာပူးရဲ့ ချမ်းအေးလှတဲ့ ရာသီဥတုမှာ ပေါင် ၂,၀၀၀ တန် ကိုယ်ကျပ်ဝတ်စုံ အဖြူနဲ့ ကောဇောနီပေါ်မှာ လျှောက်လှမ်းလာခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

အမန်ဒါဟာ ဗြိတိသျှ မင်းသမီး၊ အဆိုတော်နဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်ပြီး ဗြိတိန်ရဲ့ နာမည်ကြီး Got Talent အစီအစဉ် စတင်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး အဲဒီအစီအစဉ်ကြောင့်ပဲ နာမည်ကြီးခဲ့သူပါ။ သူမရဲ့ အလှအပနဲ့ ဆက်စီကျတဲ့ ဝတ်စားဆင်ယင်မှုကြောင့်လည်း ပါတာပေါ့။

Source & Photos : Daily Mail

No comments: