Friday, January 22, 2016

အီတလီခေါက်ဆွဲ အိမ်မှာ ချက်ကြည့်ကြမယ်

       အီတလီခေါက်ဆွဲဟာ ဆိုင်မှာစားရင် ဈေးကြီးတာမို့ မိသားစုကြီးတဲ့အိမ်တွေမှာ ချက်စားရင် အကုန်အကျသက်သာသလို များများလည်း စားရပါတယ်။


အီတလီခေါက်ဆွဲခြောက်တစ်ထုပ်ဆိုရင်  အနည်းဆုံး ၅ ယောက်ကနေ ၈ ယောက်အထိ စားနိုင်တဲ့ စပါကတီ (ခေါ်) အီတလီခေါက်ဆွဲ ချက်လို့ရပါတယ်။
အီတလီခေါက်ဆွဲချက်ဖို့ လိုအပ်တဲ့ ပစ္စည်းများ
၁။ အီတလီခေါက်ဆွဲခြောက် - ၁ ထုပ်
၂။ ပါစတာခရမ်းချဉ်သီးအနစ်ရည်ပုလင်း - ၁ ပုလင်း
၃။ ခရမ်းချဉ်သီးကြီး - ၁ ပိဿာ
၎။ ပုဇွန်ခေါင်းပြုတ် - ၃၀ ကျပ်သား
၅။ ကင်းမွန် - ၄၀ သား
၆။ မှို - ၁၅ ကျပ်သား
၇။ ဆလပ်ရွက် - အနည်းငယ်
၈။ သခွားသီး - ၂ နှစ်လုံး
၉။ ကြက်သားမှုန့် - တစ်ထုပ်
၁၀။ ထောပတ်ဆီ - အနည်းငယ်
၁၁။ ဆား - အနည်းငယ်
၁၂။ ကြက်သွန်ဖြူ - တစ်ဥ

အီတလီခေါက်ဆွဲ ချက်ပြုတ်နည်း အဆင့်ဆင့်
၁။ ခရမ်းချဉ်သီးကို ပြုတ်ပြီး အခွံနွှာထားပါ။
၂။ ကင်းမွန်ကို အပိုင်းလေးတွေပိုင်းပြီး ရေနွေးဖျောထားပါ။
၃။ ပုစွန်ကို အခွံနွှာထားပါ။
၎။ မှိုတွေကို ၄ ပိုင်း ပိုင်းထားပါ။
၅။ ကြက်သွန်ဖြူကို အခွံနွှာပြီး ပါးပါးလှီးထားပါ။
၆။ ခေါက်ဆွဲပြုတ်ဖို့အတွက် အိုးတစ်လုံးထဲကို ရေများများထည့်ပြီး တည်ပါ။
၇။ ရေဆူပွက်လာတဲ့အခါ ဆားနည်းနည်းထည့်ပြီး ခေါက်ဆွဲကို ၁၅ မိနစ်လောက် ပြုတ်ပါ။
၈။ အချိန်စေ့ရင် ဆန်ခါထဲလောင်းထည့်ပြီး ဆီနည်းနည်းလူးထားပါ။

ပြီးရင် စပြီးချက်လို့ရပါပြီ။ တစ်ပွဲချင်းစီ ချက်တာ ပိုကောင်းပါတယ်။ ရရှိထားတဲ့ ပစ္စည်းတွေနဲ့ (၅) ကြိမ်တိတိ အောက်ပါအတိုင်း ချက်ပါမယ်။
၁။ ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီနဲ့ ထောပတ်စတူရောပြီး တစ်ဇွန်းခန့်ထည့်ပါ။
၂။ ကြက်သွန်ဖြူ နည်းနည်းထည့်ပါ
၃။ ပြုတ်ထားတဲ့ ခရမ်းချဉ်သီးတွေထဲက ၂ လုံးကို ချေထည့်ပါ။
၎။ ခရမ်းချဉ်သီးပြုတ်ရေကို ဟင်းချက်ဇွန်းတစ်ဇွန်းစာ ထည့်ပါ။
၅။ ခရမ်းချဉ်သီးတွေကျေရင် ပါစတာအနှစ် လက်ဖက်ရည်ဇွန်း၂ ဇွန်းထဲ့ပါ။
၆။ ပုဇွန်၊ ကင်းမွန်နဲ့ မှိုထည့်ပါ။
၇။ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာထည့်ပြီး မွှေပါ။
၈။ ရေခမ်းပြီး အနှစ်ပြစ်ပြစ်ဖြစ်လို့ ခေါက်ဆွဲလေးလည်း ရဲလာရင် ချထားလို့ရပါပြီ။

အဲဒီနည်းအတိုင်း ခေါက်ဆွဲ ၅ ပွဲလုံးကို ချက်နိုင်ပါတယ်။
ပြီးရင်တော့ ပန်းကန်ပြားထဲထည့်ပြီး အနေတော် လှီးထားတဲ့ ဆလတ်ရွက်၊ ဂေါ်ဖီ၊ သခွားသီးတို့နဲ့ စားလို့ရပါပြီ။
Source & Photos : ဟင်းချက်နည်း

No comments: