Wednesday, January 20, 2016

သွားနှုတ်တဲ့အခါမှာ လုံးဝမနာတော့မယ့် နည်းပညာ

ဆေးထိုးအပ်မသုံးဘဲ လျှပ်စစ်သုံးပြီး ထုံဆေးပေးနိုင်မယ့်နည်းကို သုတေသနသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။


သွားနှုတ်တဲ့အခါမှာ လူနာကို ထုံဆေးပေးဖို့ သွားဖုံးကို ဆေးထိုးအပ်နဲ့ထိုးရပါတယ်။ ဒီလိုအထိုးခံရမှာ ကြောက်တာကြောင့် လူတစ်ချို့ဟာ သွားဆေးခန်းကို တော်တော်နဲ့သွားလေ့မရှိပါဘူး။ ဒါပေမဲ့  ဆေးထိုးအပ်မသုံးဘဲ လျှပ်စစ်သုံးပြီး ထုံဆေးပေးနိုင်မယ့်နည်းကို သုတေသနသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။

အဆိုပါသုတေသနကို São Paulo တက္ကသိုလ်ကပြုလုပ်ခဲ့တာဖြစ်ပြီး ထုံဆေးကို iontophoresis လို့ခေါ်တဲ့ သေးငယ်တဲ့ လျှပ်စစ်စီးကြောင်းတစ်ခုနဲ့ ပို့မှာဖြစ်ပါတယ်။ အဆိုပါနည်းလမ်းဟာ ကုန်ကျစရိတ်ကို ပိုမိုသက်သာမှာဖြစ်ပြီး ကျန်းမာရေးအတွက်လည်း  ပိုမိုလုံခြုံမှုရှိမှာဖြစ်ပါတယ်။ လက်တွေ့အသုံးပြုနိုင်ဖို့အတွက် နည်းပညာကို ဆက်လက်တိုးတက်အောင်ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
Photos & Sources: Daily Mail

No comments: