Friday, January 22, 2016

ပန်းပွင့်လေးတွေ ခြယ်သထားတဲ့ အတွင်းခံအောက်က ရိုစီရဲ့ခန္ဓာကိုယ်

       ဒီလို မိန်းမလှလေးနဲ့ ချစ်သူဖြစ်ခွင့်ရတဲ့ ဂျေဆန် စတတ်သမ်ကတော့ အတော်ကို ကံကောင်းတာပါပဲ။


ဒီတစ်ခါ ရိုစီရဲ့အလှကတော့ သိမ်မွေ့စွာနဲ့ ဆက်စီကျနေပြန်ပါတယ်။ ပန်းပွင့်လေးတွေနဲ့ ဖော်ကျူးထားတဲ့ အတွင်းခံအောက်က သူမရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကတော့ ဆွဲဆောင်အား ပြင်းလွန်းတာ တွေ့ရမှာပါ။
ရိုစီက ဒီဇိုင်းသစ်ထွက်ရှိလာတဲ့ သူမရဲ့ Marks and Spencer အမှတ်တံဆိပ် အတွင်းခံ ဝတ်စုံတစ်စုံနဲ့ ညအိပ်ဝတ် ဂါဝန်တစ်ထည်အတွက် ဓာတ်ပုံရိုက်ပေးခဲ့တာဖြစ်ပါတယ်။ အတွင်းခံဝတ်စုံနဲ့ ပုံမှာတော့ ကုတင်ဘေးနားက ခုံတန်းရှည်ပေါ်မှာ ဒူးတစ်ဖက်နဲ့ လက်တစ်ဖက်ကို ခပ်ဖွဖွ ထောက်ထားရင်း တစ်ခုခုကို ညှို့ငင်နေတဲ့အကြည့်နဲ့ပါ။ ညအိပ်ဝတ် ဂါဝန်လေးနဲ့မှာတော့ ဆံနွယ်လေး ဖို့ယို့ဖားလျားနဲ့ ခေါင်းငုံ့ပြီး ပြုံးယောင်ယောင် မျက်နှာပေးလေးနဲ့ ချစ်စရာကောင်းနေခဲ့ပါတယ်။

ရိုစီရဲ့ M & S အမှတ်တံဆိပ် အမျိုးသမီး အတွင်းခံအဝတ်အထည် အမှတ်တံဆိပ်ဟာ ဈေးကွက်မှာ လူကြိုက်များနေတယ်လို့လည်း သိရပါတယ်။ မျက်နှာလေးသလို ကိုယ်ခန္ဓာအလှအပအတွက်ပါ ဂရုစိုက်တဲ့ Victoria's Secret မော်ဒယ် ရိုစီက ပွဲလမ်းသဘင် သွားရမယ့်အခါတိုင်းနဲ့ အတွင်းခံနဲ့ ဓာတ်ပုံရိုက်ဖို့ ရှုတင်ရှိတိုင်း ကစီဓာတ်ပါတာကို လုံးဝမစားဘဲ ရှောင်ကြဉ်တယ်လို့ ပြောပါတယ်။
Source & Photo : Daily Mail

No comments: