Friday, January 22, 2016

ကမ္ဘာကျော်ရခြင်းရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ချခဲ့တဲ့ ကန်ဒဲလ်ဂျန်နာ

       ၂၀၁၅ ခုနှစ်ကစပြီး ကန်ဒဲလ်ဂျန်နာဟာ ကမ္ဘာမှာ နာမည်အကြီးဆုံး စူပါမော်ဒယ်ဘဝကို ရရှိခဲ့ပါတယ်။


ကန်ဒဲလ်ဟာ ၂၀၁၆ ခုနှစ်ကို Mango အတွက် ကြော်ငြာဓာတ်ပုံနဲ့ စတင်ခဲ့ပြီး နောက်တစ်ပတ်အကြာမှာပဲ နာမည်ကြီး အလှကုန် Esteen Lauder ရဲ့ ပစ္စည်းသစ်ကို ကြော်ငြာခဲ့ပါတယ်။

Esteen Lauder ရဲ့ မျက်လုံးအလှပြင်ပစ္စည်းများ ကြော်ငြာတဲ့ ဗီဒီယိုမှာ သူမရဲ့ အောင်မြင်မှု သော့ချက်တွေကို ကန်ဒဲလ်က ဖွင့်ချခဲ့တာပါ။

"ကျွန်မရဲ့ ဗီဒီယိုတွေလို သူတို့ရဲ့ဗီဒီယိုတွေ လူသိများအောင် ဘယ်လိုလုပ်ရမလဲလို့ လူတွေ မေးကြတယ်။ ကျွန်မက ကူညီချင်ပါတယ်" လို့ ကန်ဒဲလ်က အိပ်ရာထဲမှာ လဲလျောင်းရင်း ပြောကြားခဲ့တာကနေ ဗီဒီယိုကို စတင်ထားပါတယ်။

"ပထမတစ်ခုကတော့ သင့်ရဲ့ ကိုယ်ပိုင်ဘဝကို လူတွေသိအောင် လုပ်ပါ" လို့ ပြတင်းပေါက်ကို ဖွင့်ရင်း ပြောခဲ့ပါတယ်။

ဒီကြော်ငြာထဲမှာ ကန်ဒဲလ်ဟာ အရမ်းကို ချစ်စရာကောင်းပြီး  သဘာဝကျကျ သက်ဝင်လှုပ်ရှားမှုရှိတဲ့ ကြော်ငြာတစ်ခုပါပဲ။
Source & Photos : Daily Mail

No comments: