Friday, January 22, 2016

အီရီနာ ရှိတ်ခ်ရဲ့ အဝတ်ဗလာ ဂျင်းဘောင်းဘီ ကြော်ငြာ

       ရုရှားမော်ဒယ် အီရီနာဟာ Sport Illustrated မဂ္ဂဇင်းရဲ့ ရေးကူးဝတ်စုံ မော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။


အင်စတာဂရမ်မှာ မြင်တွေ့ရတဲ့ ရုရှားသူ စူပါမော်ဒယ် အီရီနာ ရှိတ်ခ်ရဲ့ ကြော်ငြာဓာတ်ပုံတွေက တကယ့်ကို ဆက်စီဆန်လွန်းပါတယ်။ Givenchy အမှတ်တံဆိပ် ဂျင်းဘောင်းဘီ ကြော်ငြာအတွက် အီရီနာနဲ့ အမျိုးသားမော်ဒယ် ခရစ်မိုးရ်တို့ရဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

ဒီပုံတွေကို Givenchy ရဲ့ Artistic Director ဖြစ်သူက အင်စတာဂရမ်မှာ ဒီနေ့ပဲ လွှင့်တင်လိုက်တာပါ။ သူ တင်ခဲ့တဲ့ အင်စတာဂရမ် ဓာတ်ပုံ ၃ ပုံထဲက တစ်ပုံမှာ အီရီနာက ဘာမျှ ဝတ်မထားတဲ့ ကိုယ်လုံးတီး အနေအထားနဲ့ မော်ဒယ် ခရစ်မိုးရ်ကို ရင်ချင်းကပ်ထားပါတယ်။

နောက်တစ်ပုံမှာတော့ ခရစ်မိုးရ်ရဲ့ ပခုံးပေါ်မှာ အီရီနာက ခွထိုင်နေတာဖြစ်ပြီး အခြားတစ်ပုံမှာ အီရီနာကို ခရစ်မိုးရ်က ကျောပိုးထားတာ ဖြစ်ပါတယ်။ မော်ဒယ်နှစ်ဦးလုံးဟာ အပေါ်အင်္ကျီတွေ ဝတ်ဆင်ထားခြင်း မရှိပါဘူး။
Givenchy ရဲ့ Artistic Director က အဖြူအမည်း ဓာတ်ပုံတွေအဖြစ် အင်စတာဂရမ်မှာ တင်လိုက်တာပါ။ ရုရှားမော်ဒယ် အီရီနာဟာ ၂၀၀၇ ခုနှစ်က Sport Illustrated မဂ္ဂဇင်းရဲ့ ရေးကူးဝတ်စုံ မော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။
ှSource: Daily Mail
Photo: Instagram

No comments: