Friday, January 29, 2016

ဒေါ်စု အစိုးရ မှားတဲ့အချိန် ၊ အသေအကြေပြန်တွယ်ကြချိန်မှာသာ စိတ်ခိုင်ခိုင်ထားဖို့  ကြိုပြောပြထားချင်တယ်

ဒေါ်စု အစိုးရ မှားတဲ့အချိန် ၊ အသေအကြေပြန်တွယ်ကြချိန်မှာသာ
စိတ်ခိုင်ခိုင်ထားဖို့  ကြိုပြောပြထားချင်တယ်

========================
ဦးသိန်းစိန် သက်တမ်း ငါးနှစ်အတွင်း ...
ကောင်းတာတွေ ရှိသလို ...
ဆိုးတာတွေလဲ ရှိခဲ့တယ် ....

ပိုကောင်းလာသလား ....
ပိုဆိုးလာသလားဆိုတာကတော့ ...
အစွဲကင်းကင်း နဲ့  စဉ်းစားတဲ့ သူတိုင်း မြင်နိုင်တယ် ...

တစ်ချို့ ကလဲ
ဒီထက်ပိုမကောင်းရကောင်းလားလို့  ...
ဒေါသူပုန်ထ ဆဲရေးကောင်း ဆဲရေးမယ် ...
တစ်ချို့ ကလဲ
သူ နိုင်သလောက် လုပ်သွားတာပဲလို့  ...
သနား ကရုဏာသက်ကောင်း သက်မယ် ...
ဘယ်လိုဖြစ်ဖြစ် ...
သူရဲ့  သမ္မတသက်တမ်းကတော့ ...
ကုန်ဆုံးသွားခဲ့ပြီ ....
သို့ သော် ဒေါ်စု ၀န်းရံသူတစ်ချို့ ကတော့ ....
သူ့ ကို ဆက်လက် တိုက်ခိုက်မြဲပဲ ...

မနေ့ က ကျွန်တော်စတေးတပ်စ် တစ်ခုရေးခဲ့တယ် ...
အရှိန်မသပ်နိုင်တဲ့  ၀န်းရံသူတွေ အကြောင်း ...
အရှိန်မသပ်နိုင်ရင် ...
ကိုယ့်ရူး ကိုယ်ပတ် ဖြစ်လိမ့်မယ် ဆိုတဲ့ အကြောင်း ....

အခု ခင်ဗျားတို့  တလစပ်ဆဲနေတဲ့  ကျူးကိစ္စတွေဟာ ...
နောက်တစ်လနေရင် ...
အစိုးရ အသစ်က ရှင်းရတော့မယ်ဆိုတာ ...
ခင်ဗျားတို့ သိရင် သိပ်ကောင်းမှာပဲ ...

ဒေါ်အောင်ဆန်းစုကြည် ခန့် အပ်မယ့် ....
ပြည်နယ် နဲ့ တိုင်း ၀န်ကြီးချုပ်တွေဟာ ....
ဦးသိန်းစိန် လက်ထက် ၀န်ကြီးချုပ်တွေလို ....
ကျူးကျော်တွေကို ဘူဒိုဇာ နဲ့  ထိုးချင်ထိုးမှာပဲ ဆိုတာ ....
ခင်ဗျားတို့ နားလည်ရင် သိပ်ကောင်းမှာပဲ ...

ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ...
အဓိကရုဏ်း နှိမ်နှင်းတဲ့  ရဲတွေဟာ ...
ဦးသိန်းစိန် လက်ထက် အဓိကရုဏ်းနှိမ်နှင်းတဲ့  ရဲတွေလို ...
မီးခိုးဗုံး ၊ မျက်ရည်ယိုဗုံးပစ်ဖို့ လိုရင် ပစ်မှာပဲ ဆိုတာ ...
ခင်ဗျားတို့ နားလည်ရင် သိပ်ကောင်းမှာပဲ ...

တစ်ချို့  လက်နက်ကိုင်အဖွဲ့ တွေဟာ ...
ဘယ်သူ့ လက်ထက်မှာမှ ....
ပြောမရဆိုမရ အတန်းအစားတွေဖြစ်လို့  ....
တိုက်ပွဲတစ်ချို့ ဆက်ဖြစ်နေအုန်းမှာပဲ ဆိုတာ ...
ခင်ဗျားတို့  နားလည်ရင် သိပ်ကောင်းမှာပဲ ....

ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာလဲ ....
တရားခံ မပေါ်တဲ့  ရာဇ၀တ်မှုတွေ ...
ရှိမြဲ ရှိနေအုန်းမယ်ဆိုတာ ....
ခင်ဗျားတို့ နားလည်ရင် သိပ်ကောင်းမှာပဲ ....

အီလက်ထရောနစ်ပုဒ်မဆိုတဲ့  ဥပဒေဟာ ....
ဒေါ်စု လက်ထက်မှာလဲ ....
အီလက်ထရောနစ်ပုဒ်မ ဥပဒေပဲ ဆက်ဖြစ်မယ်ဆိုတာ ....
ဒီ ဥပဒေနဲ့ ပဲ အရေးယူခံရသူတွေ ရှိနေအုန်းမယ်ဆိုတာ ...
ခင်ဗျားတို့  နားလည်ရင် သိပ်ကောင်းမှာပဲ ....

လွန်ခဲ့တဲ့  ၂ နှစ်လောက်က ...
ဘယ်သူတက်တက် ခရိုနီနဲ့  ....
အလိုက်အထိုက် ဆက်ဆံသွားမှာပဲလို့ ....
ကျွန်တော်ရေးတော့ ...
ဝန်းရံသူတွေ ၀ိုင်းဆဲကြတယ် ....
NLD အမတ်တွေရဲ့  သင်တန်းအသစ်ကို ...
ဦးတေဇဟော်တယ်မှာ စပွန်ဇာတောင်းတော့ ...
ခင်ဗျားတို့ ချက်ချင်းလေသံပြောင်းတယ် ...
ဒါဟာ ပဏာမ ဥပမာတစ်ခုသာ ရှိသေးတယ် ...

ဒေါ်စုကို အပြစ်တင်ခြင်းလဲ မဟုတ် ....
ဦးတေဇကို အပြစ်တင်ခြင်းလဲ မဟုတ် ....
ဘယ်သူတက်တက် ....
ဒီလိုပဲ ဖြေရှင်းမှာဖြစ်တဲ့  ကိစ္စတွေကို ....
ဦးသိန်းစိန် လုပ်ရင် အမှား ...
ဒေါ်စု လုပ်ရင်ကျတော့ ချက်ချင်းလေသံပြောင်းသွားတဲ့  ...
ခင်ဗျားတို့ လုပ်ရပ်တွေကို ...
ထောက်ပြလိုတာသာ ဖြစ်တယ် ...

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူဟာ ...
လက်ရှိအချိန်မှာ လူများစုပဲ ....
လူများလို့ လဲ မဲနိုင်ခြင်းဖြစ်တယ် ...
ဒါ ဘာမှ အငြင်းပွားစရာမရှိ ...
သို့ သော် ဦးသိန်းစိန်ကို ....
ချစ်ခင်လေးစားသူတွေ ရှိနေသေးတယ်ဆိုတာလဲ ....
ခင်ဗျားတို့ သတိချပ်သင့်တယ် ....

ဒီမိုကရေစီဆိုတာ လူများစု ဆန္ဒကို လိုက်နာခြင်း ...
လူနည်းစု ဆန္ဒကို လေးစားခြင်းပဲ ....
ဦးသိန်းစိန်ကို ကန်တော့မယ့်ကိစ္စ ...
ခင်ဗျားတို့ ဝန်းရံသူတွေကို ဘာထိခိုက်လဲ ....
ခင်ဗျားတို့ ကို ကန်တော့ခိုင်းတာလဲ မဟုတ် ...
သူ့ ကို ချစ်ကြခင်ကြတဲ့  သူတွေ စုကန်တော့တာပဲ ...

ဒီလိုကိစ္စကို လိုက်စော်ကားပုတ်ခတ်နေတဲ့  .....
ဒေါ်စု ၀န်းရံသူတစ်ချို့ ဟာ ...
ဦးသိန်းစိန်ကို သရော်ရာမရောက် ...
ဒေါ်စု စင်ပေါ်မှာ အမြဲပြောလေ့ရှိတဲ့  ဆုံးမစကားတွေကို ....
သရော်သလိုသာ ဖြစ်နေတဲ့ အကြောင်း ....
ခင်ဗျားတို့  နားလည်ရင် သိပ်ကောင်းမှာပဲ ....

ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့ ကတော့ ...
ဝေဖန်ရုံ ထောက်ပြရုံပဲ တတ်နိုင်ပါတယ် ...
လုပ်တာ မလုပ်တာကတော့ ကိုယ့်ကိစ္စပါပဲ ....

တစ်ခုပြောလိုတာက ...
ဦးသိန်းစိန်ကို ထောက်ခံသူတွေကလဲ ...
လူတွေ ဖြစ်တဲ့ အတွက် ....
ခင်ဗျားတို့ အခုလို စော်ကားမော်ကားပြောနေတာတွေကို ....
မှတ်မှတ်သားသား ရှိနေကြမှာ အမှန်ပါပဲ ....

မမှားတဲ့ အစိုးရ ...
ပြသနာမတက်တဲ့  အစိုးရဆိုတာ မရှိပါဘူး ...
ဒေါ်စု အစိုးရ မှားတဲ့အချိန် ...
သူတို့ အသေအကြေပြန်တွယ်ကြချိန်မှာသာ ...
ခင်ဗျားတို့ စိတ်ခိုင်ခိုင်ထားဖို့  ကြိုပြောပြထားချင်တယ် ...
ဒီလောက်ပါပဲ ...

( ရဲမိုး )


No comments: