Wednesday, January 20, 2016

ဉာဥ့်နက်မှ အိပ်ယာဝင်သူတွေ ပိုတော်ရတဲ့ အကြောင်းအရင်း

       ဉာဥ့်နက်မှာ အိပ်ယာဝင်တာ မကောင်းဘူးလို့ ပြောလာခဲ့ရင် ဒီအချက်တွေကို ပြန်ရှင်းပြလိုက်ပါ။


ဉာဥ့်နက်အထိနေပြီး အိပ်ယာဝင်တာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ အဆိုရှိကြပါတယ်။ ဒီအယူအဆဟာ အလုံးစုံတော့ မှန်မနေပါဘူး။ မနက်စောစောထသူတွေအတွက် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိသလို ဉာဥ့်နက်တဲ့အထိ နေတက်သူဟာတွေလည် ဥာဏ်ကောင်းသူ၊ ထက်မြက်သူ တွေ ဖြစ်နေတက်ပြန်ပါတယ်။
ဉာဥ့်နက်တဲ့အထိ နေတက်သူတွေ ဘာကြောင့်ပိုပြီး ထက်မြက်ရသလဲဆိုတဲ့ အကြောင်းပြချက် တစ်ချို့ရှိပါတယ်။
စိတ်ဖိစီးမှုတွေ နည်းပါးလေ့ရှိတယ်
မနက်စောစောထသူတွေမှာ ကော်တီဇုန်းဓာတ်ပိုသုံးရတဲ့အတွက် ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ မျိုး ဖြစ်တက်ပါတယ်။ နောက်ကျမှ အိပ်ယာထရင်တော့ ဖိအားကင်းလေ့ရှိတယ်လို့ ဆိုပါတယ်။
ကော်ဖီသောက်တက်ကြတယ်

ဉာဥ့်နက်တဲ့အထိ နေတက်သူတွေဟာ ကော်ဖီသောက်လေ့ရှိကြပါတယ်။ ကော်ဖီသောက်တဲ့အတွက် ကဖိန်းဓာတ်ကို ပုံမှန်ရပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ ရတက်ပါတယ်။ ကဖိန်းဓာတ်ဟာ ဦးနှောက်နဲ့ ကိုယ်ခန္ဓာ လှုပ်ရှားမှုကို အကောင်းဆုံးအထောက်အကူပြုပါတယ်။ ကော်ဖီသောက်တာခြင်းတူရင်တောင် မနက်ကော်ဖီသောက်တာထက် ညဘက်ကော်ဖီသောက်တာက ပိုပြီးသက်ရောက်မှု ရှိပါသတဲ့။
အချိန်ကောင်းကို အသုံးပြုခြင်း
သြစတြေးလျ လေ့လာမှု တစ်ခုအရ တစ်ခုခုကို လေ့လာလုပ်ကိုင်ဖို့ အကောင်းဆုံး အချိန်ဟာ ညနေခင်းနောက်ပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ နေ့ခင်းဘက်မှာ  လူတွေရဲ့ ဦးနှောက်က ပုံမှန် တသမတ်တည်း အလုပ်မလုပ်ဘူးလို့ ဆိုပါတယ်။ ညဘက်ဟာ အကောင်းဆုံး  အချိန်ပါ။
Source : Life
Photos : Elite, L

No comments: