Wednesday, January 20, 2016

ဖေ့စ်ဘွတ်အကောင့် ခဏခဏ ဟက်ခံရတဲ့ နေတိုး

       အကောင့် လေးခုလောက် ရှိခဲ့ဖူးပေမယ့် ခုတော့ page ကိုပဲ သုံးနေပါတယ်။


သရုပ်ဆောင် မင်းသားနေတိုးရဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ မကြာခဏ တိုက်ခိုက်ခံနေရတယ်လို့ သိရပါတယ်။

အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကို အသိပေးချင်လို့ ကိုယ်ပိုင်အကောင့် သုံးတာဖြစ်ပေမယ့် ခဏခဏ ဟက်(hack)ခံနေရလို့ အဆင်ပြေဖြစ်ရတယ်လို့ သူက ပြောပါတယ်။ အကောင့်ဟက်ခံနေရတဲ့အတွက် ပရိသတ်နဲ့ အဆက်အသွယ်လုပ်တဲ့အခါ အနှောင့်အယှက်ဖြစ်ရတယ်လို့ ဆိုပါတယ်။

အရင်က သုံးခဲ့တဲ့ Ko Nay Toe နာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်ကိုလည်း သူက မသုံးတော့ပါဘူး။ လက်ရှိအချိန်မှာတော့ Nay Toe : Myanmar Famous Actor နာမည်နဲ့ fan page ဖွင့်ထားပြီး အဲ့ဒီမှာပဲ သူ့ရဲ့ အနုပညာလှုပ်ရှားမှု ပုံတွေကို တင်နေတာ တွေ့ရပါတယ်။
Source : 7 Day Daily

No comments: