Thursday, December 31, 2015

ဝင်း - ဇော် အမှုနဲ့ သတိပြုဆင်ခြင်ဖွယ်ရာ - - - - - - - - - - - - - - - - - - - - - -

ဝင်း - ဇော် အမှုနဲ့ သတိပြုဆင်ခြင်ဖွယ်ရာ
- - - - - - - - - - - - - - - - - - - - - - - - - -
ဝင်း - ဇော် လွတ်ဖို့ရာအတွက် အများစုက ထိုင်းနိုင်ငံ တရားစီရင်ရေးရဲ့မမျှတမှု ဆိုတဲ့ အပေါက်ကနေ ဖိအားပေးရမယ် ဆိုတဲ့ အမြင်မှ သွားနေကြပါတယ်။
-
တကယ့်အမှန်တရားရှုထောင့်ကနေ ကြည့်ရင်တော့ ဟုတ်ချင်ဟုတ်နိုင်မှာ ဖြစ်ပေမယ့် ကလေးနှစ်ယောက်လွတ်ဖို့ ရှုထောင့်ကနေကြည့်ရင်တော့ မှားနေပါတယ်။ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကို အပြစ်တင်မယ်ဆိုရင် အခုပုံစံမျိုးဟာ မဟုတ်သေးဘူးထင်ပါတယ်။
-
ဘယ်နိုင်ငံကမှ ဘယ်နိုင်ငံအကြီးအကဲကမှ ကိုယ့်နိုင်ငံတရားစီရင်ရေးဟာ တကယ် ချွတ်ယွင်းနေသည့်တိုင် ချွတ်ယွင်းနေပါတယ်လို့ လူပုံအလယ်မှာ ၀န်ခံမှာ မဟုတ်ပါဘူး။ ရရာနည်းနဲ့ ကာကွယ်မှာပဲ ဖြစ်ပါတယ်။
-
မျှတရေးဆိုတဲ့အမြင်နဲ့ ဖိအားပေးလေလေ၊ ထိုင်းဟာ သူတို့သိက္ခာကို ကာကွယ်ဖို့ ဘူးခံငြင်းရင်း ဆက်တိုးသွားလေလေပဲ ဖြစ်ဖို့များပါတယ်။ ငါတို့လုပ်မိတာ မှားပါတယ်။ ဒီကလေးနှစ်ယောက်ကို လွတ်စေ လို့ ပြောရအောင်လောက်ထိ ထိုင်းတွေ မအပါဘူး။ မညံ့ပါဘူး။ ပျော့ပျောင်းတဲ့ ပေါ်လစီနဲ့ ကိုယ့်မင့်းကိုယ့်ချင်းနဲ့ ကိုယ့်တိုင်းပြည်ကို ထိန်းသိမ်းလာနိုင်ခဲ့တဲ့ ထိုင်းဟာ အကွက်မြင် ပါးနပ်လွန်းတယ်ဆိုတာ သိထားပါ။
-
သူတို့အတွက် ကယ်ဆယ်နိုင်တဲ့လမ်းကြောင်းကတော့ အသနားခံခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဖြေလျှော့လွှဲပြောင်းပေးခြင်း စတာတွေပဲ ရှိပါတယ်။ သူတို့အတွက် သိက္ခာရှိသော ထွက်ပေါက်ပေးပြီး ကိုယ့်လူလဲလွတ်စေ၊ သူတို့လဲ သိက္ခာမကျစေသော Win - Win နည်းလမ်းသာ ရှိပါတယ်။ ခံစားချက်တွေအတိုင်း သူရဲကောင်းတွေလိုလို လူမိုက်တွေလိုလို ဆင်ခြင်ညဏ်မဲ့ လိုက်လုပ်နေရင် အကျိုးမဲ့သာ ဖြစ်လာနိုင်ပါတယ်။
-
သူတို့ကို အပြစ်ပြောပီး ကိုယ့်လူကို လွှတ်ခိုင်းတဲ့နည်းလမ်းဟာ အန္တရာယ်အရမ်းများပါတယ်။ ဘေးထွက်ဆိုးကျိုးအရမ်းများပါတယ်။ သူတို့အနေနဲ့ ချစ်ကြည်ရေးအရ လွှတ်ဖို့စဉ်းစားပြီးတာတောင် ဖိအားဒဏ်တွေကြောင့် လမ်းကြောင်းပြောင်းသွားနိုင်တဲ့ အနေထားမှာရှိလို့ စဉ်းစားဆင်ခြင်သင့်လှပါကြောင်း။ ။

ကွန်းဇော်အညာမြေ

No comments: