Wednesday, December 30, 2015

မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ထိုင်းစက်လှေကို မြန်မာရေတပ်က ဖမ်းဆီး

မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ထိုင်းစက်လှေကို မြန်မာရေတပ်က ဖမ်းဆီး

ကော့သောင်းမြို့နယ် နှင့် ထိစပ်နေသော မြန်မာ့ပင်လယ်ပြင်ရေပိုင်နက်အတွင်း ငါးခိုးဖမ်း သည့် ထိုင်းငါးဖမ်းစက်လှေတစ် စင်းကို တပ်မတော် (ရေ)က ဖမ်း ဆီးလိုက်ကြောင်း သတင်းရရှိ သည်။

မြန်မာနိုင်ငံ၏ ပင်လယ်ပြင် ရေပိုင်နက်အတွင်း ငါးခိုးဖမ်း သည့် ထိုင်းငါးဖမ်းစက်လှေတစ်စီးကို ဒေသတွင်းပင်လယ်ပြင် လုံခြုံရေးကင်းလှည့်နေသော တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ တပ်မတော် စစ်ရေယာဉ်တစ်စီးက ဒီဇင်ဘာ ၂၇ ရက်တွင် ဖမ်းဆီးခဲ့ ကြောင်း တပ်မတော်(ရေ) အရာ ရှိတစ်ဦးက ပြောသည်။

‘‘ငါးခိုးဖမ်းလို့ လိုက်ဖမ်းတာ’’ဟု အထက်ပါတပ်မတော် (ရေ) အရာရှိက ပြောသည်။

တပ်မတော်(ရေ)က ဖမ်းဆီး ပြီးနောက် ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းခဲ့ပြီး စစ်ဆေးနေသည်ဟု သတင်းရရှိ သည်။

ထိုင်း ငါးဖမ်းစက်လှေပေါ် တွင် ထိုင်းနိုင်ငံသား မည်မျှပါ သည်ကိုမူ အတည်မပြုနိုင်သေး ပေ။လိပ်ကျွန်းအမှုတွင် မြန်မာနိုင်ငံသားနှစ်ဦး လွဲမှားစွာပြစ်ဒဏ်ချမှတ်ခံရသည်ဟုဆိုကာ ထိုင်းအစိုးရအား ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများက တရားမျှတစွာ ဆောင်ရွက်ရေးဆန္ဒဖော်ထုတ်နေသည်။

မြန်မာ-ထိုင်းနယ်စပ်မှ တရားဝင်နယ်စပ်ဂိတ်မဟုတ်သည့် ဘုရားသုံးဆူနယ်စပ်ကို နှစ်ဖက်စလုံးက ပိတ်လိုက်သလို ကော့သောင်းမြို့ အပါအ၀င် နယ်စပ်ချင်းထိစပ်နေသည့် အခြားမြို့များတွင် ယခင်ကထက် လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

7 Days

No comments: