Wednesday, December 30, 2015

သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသား(၂)ဦးအတွက် ထိုင်းနိုင်ငံ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် အယူခံဝင်သွားမည် ▄▄▄▄▄▄▄▄▄▄▄▄▄▄

သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသား(၂)ဦးအတွက် ထိုင်းနိုင်ငံ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် အယူခံဝင်သွားမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

နေပြည်တော် ဒီဇင်ဘာ ၂၉

မြန်မာနိုင်ငံသားနှစ်ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Pisanu Suvanajata အား   ယနေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံစဉ် ထိုင်းနိုင်ငံ၊ ကော့စမွီ တရားရုံး၌ ဒီဇင်ဘာ ၂၄ ရက် တွင် သေဒဏ်ချမှတ်ခံခဲ့ရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ (၂)ဦးအတွက် ထိုင်း နိုင်ငံ၏ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် အယူခံဝင်သွားမည် ဖြစ်ကြောင်း၊ ဤကိစ္စနှင့် ဆက်စပ်၍ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ သားများပေါ်သို့ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု မရှိစေလိုပါကြောင်းနှင့်‌ မြန်မာနိုင်ငံ သားများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ထိုင်းအစိုးရအနေဖြင့် ဦးစားပေးဆောင်ရွက် စေလိုပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၊ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ထိုင်းနိုင်ငံအစိုးရ၏ ပူးပေါင်း ပါဝင်မှုကိုပါ လိုလားပါကြောင်း၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးကိုအခြေခံ၍ ယခုကိစ္စအပေါ် ဥပဒေနှင့် အညီ မျှမျှတတ ဖြစ်စေရေးအတွက် ဆက်လက်၍ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက   ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။

No comments: