Monday, December 28, 2015

ဖားကန့်မြေစာပုံဆက်လက်ပြိုကျနေ၍ ကယ်ဆယ်ရေးမလုပ်နိုင်တော့

ဖားကန့်မြေစာပုံဆက်လက်ပြိုကျနေ၍ ကယ်ဆယ်ရေးမလုပ်နိုင်တော့

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၅

ဖားကန့်ဒေသတွင် ဒီ ဇင်ဘာ ၂၅ ရက်က ပြိုကျသည့် မြေစာပုံအနီး၌ ဆက်လက်ပြိုကျ နေ၍ ပျောက်ဆုံးနေသူများကို ရှာ ဖွေရေး မလုပ်ဆောင်နိုင်တော့ ကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

ဖားကန့်မြို့နယ် ကံပေါက် ကျေးရွာမှ ပေ ၄၀၀ ခန့်အမြင့်ရှိ စွန့်ပစ်မြေစာပုံသည် ဒီဇင်ဘာ ၂၅ ရက်ညနေ ၆ နာရီခန့်က ပြို ကျခဲ့သည်။ ရေမဆေးကျောက်ရှာ ဖွေသူ ၅၀ ခန့် မြေပိသွားကြောင်း ဒေသခံများက ပြောသော်လည်း မြေစာပုံတွင် ဖြစ်ပေါ်နေသည့် အက်ကြောင်းများကြောင့် ရှာဖွေ ရေးများ အင်တိုက်အားတိုက် မ လုပ်ဆောင်ရသေးမီ ထပ်မံပြိုကျ လာ၍ ရပ်ဆိုင်းခဲ့ရကြောင်း လူမှုရေး  အဖွဲ့အစည်းများနှင့်အုပ်ချုပ်ရေးတာဝန်ရှိသူများက ဒီဇင်ဘာ ၂၇ ရက်တွင်ပြောသည်။

ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးတင်ဆွေမြင့်က ‘‘ဒီနေ့မနက် ၈ နာရီကနေပြီးတော့ ဘက်ဟိုး ခုနစ်စီးနဲ့ရှာတယ်။ ၀ိုင်း လုပ်တဲ့ လူမှုဖူလုံရေးအဖွဲ့တွေ ရောဘာရော ၁၂ နာရီနောက်ပိုင်းမှာ အက်ကြောင်းတွေပေါ် လာလို့ အန္တရာယ်ရှိမှာစိုးလို့ ရပ်လိုက်တယ်’’ဟု ပြောသည်။

အခင်းဖြစ်ရာ အနီးဝန်းကျင် တွင် တပ်မတော်သားများ စောင့် ကြပ်နေပြီး အနီးဝန်းကျင်ရှိကုမ္ပဏီ များက မြေစာထပ်ပုံရန် ကားများ ရောက်လာသောကြောင့် တား ဆီးနေသည်ကို တွေ့ရကြောင်း မြေစာပုံပြိုကျရာအနီး၌ ရှိနေ သည့် ဒေသခံတစ်ဦးက ပြော သည်။

ဒီဇင်ဘာ ၂၅ ရက်က မြေစာ ပုံပြိုကျမှုတွင် သေဆုံးသူနှင့် ပျောက်ဆုံးသူကို အစိုးရက အ တည်မပြုနိုင်သကဲ့သို့ ဒေသခံများ က ၅၀ ဦးထက်မနည်း မြေပိ ပျောက်ဆုံးသွားကြောင်း အခိုင် အမာပြောကြားကြသည်။ ဒီဇင် ဘာ ၂၅ ရက်က ဖားကန့်မြို့တွင် ဖျော်ဖြေရေးပွဲပြုလုပ်ရန် ရောက် ရှိနေသည့် သရုပ်ဆောင် မေသက် ခိုင်က ယင်းမြေစာပုံပြိုကျမှုကို ဖုန်းကင်မရာဖြင့် ရုပ်သံမှတ်တမ်း တင်နိုင်ခဲ့သည်။ ထိုရုပ်သံတွင် ရေမဆေးကျောက်ရှာဖွေသူအ ချို့ မြေစာပုံအောက်ရောက်ရှိသွား သည်ကိုတွေ့ရသည်။

ဖားကန့်မြေစာပုံပြိုကျမှုနှင့် ပတ်သက်၍ အစိုးရက ဒီဇင်ဘာ ၂၇ ရက်ညတွင် သတင်းထုတ်ပြန် ခဲ့သည်။ ယင်းထုတ်ပြန်မှုတွင် ပျောက်ဆုံးနေသူသုံးဦးရှိသည်ဟူ သော သတင်းများကြောင့် ကယ် ဆယ်ရေးအဖွဲ့က ဘက်ဟိုးခုနစ် စီးဖြင့် ရှာဖွေနေကြောင်း ဖော်ပြ ထားသည်။

7 Day

No comments: