Wednesday, December 30, 2015

ဒေါ်စန္ဒာမင်းသို့ ..........

ဒေါ်စန္ဒာမင်းသို့ ..........
====================================
အရည်ကြိုရဲ့ပေါ့ပေါ့ပါးပါးလေးလေးပင်ပင်အတွေးများ (23) 7 day သတင်းစာ
=====================================
ဖရီးပါမစ် နဲ့သွင်းရင် တင်းကျပ်လိုက်သလို တခြားမော်ဒယ်နိမ့်ကားတွေ တင် သွင်းမယ်ဆိုရင်လည်း စလစ်ကပ် ရတော့မှာ ဖြစ်တဲ့အတွက် ၂၀၁၆ မှာ ကားဈေးဟာ ပြည်သူတွေအ တွက် သက်သက်သာသာနဲ့ ဘယ် လိုမှမရနိုင်တော့ဘဲ မြင့်တက် သွားပါပြီ အစ်မ။
တစ်နိုင်ငံလုံး ကိုယ်စားမပြုတဲ့ ရန်ကုန်မြို့ကို အကြောင်း ပြတာ လုံးဝလက်မခံနိုင်ပါဘူး။
ရန်ကုန်တိုင်းက ကျွန်တော် တို့ တိုင်းနဲ့ပြည်နယ် ၁၃ ခုက ပြည်သူတွေရဲ့ ဘဝမဟုတ်ပါဘူးအစ်မ။
၂၀၁၆ မော်တော်ယာဉ် ဥပဒေအရ ကားတင်သွင်းမှုတင်း ကျပ်တဲ့အတွက် တောင်ကြီး၊ မြဝတီ၊ ပဲခူး၊ မကွေး၊ မြစ်ကြီးနား၊ ဧရာဝတီ စတဲ့ကျန်တဲ့တိုင်းနဲ့ပြည် နယ်အားလုံးမှာ လိုင်စင်မဲ့ကား တွေ ကြီးစိုးလာမယ့်နှစ်ဆိုတာ တစ်ခါတည်း ကျွန်တော်ဟော ကိန်းထုတ်လိုပါတယ် အစ်မ။
ပြောချင်တာကတော့ နယ်တွေမှာ ကားလိုအပ်မှုရှိနေသေးပါတယ်။ အစ်မအနေနဲ့ ရန်ကုန်တစ်ခုတည်း ကွက်ပြီး မပြောစေလိုပါဘူး။ ကျွန်တော်တို့ နယ်တွေမှာ လူသေသွား ရင်တောင်မှ ကားမရှိလို့ လူသေ ကို ဆိုင်ကယ်နဲ့ ပို့နေရတဲ့ နယ် တွေ အခုအချိန်ထိ ရှိနေဆဲပါ။
====================================
ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ‘လွှတ်တော်တွင်ကားပါမစ်ကိစ္စ များလည်း ဆွေးနွေး’ဆိုပြီး လူမှုကွန်ရက်ပေါ်မှာတင်ခဲ့ပါတယ်။ ကျွန်တော့်အစ်မအရွယ်ဖြစ်တဲ့အတွက် ဒီဆောင်းပါးအစ မှာကတည်းက ဒေါ်စန္ဒာမင်းဆိုတဲ့နေရာမှာ အစ်မဆိုတဲ့ စကားလုံးကို အစားထိုးပြီး သုံးစွဲသွားမှာဖြစ်ပါကြောင်း ပဏာမပြောကြားလိုပါတယ်။
ရင်ထဲက အမေစု
ကျွန်တော်ဟာ ဒေါ်အောင် ဆန်းစုကြည်လို့ခေါ်တဲ့ အမေစုကို အကြွင်းမဲ့ယုံကြည်သူတစ်ဦးပါ။ ကျွန်တော်တို့ နယ်ပယ်အားလုံးက အသိပညာရှင်၊ အတတ်ပညာရှင် တွေနဲ့ ပြည်သူအားလုံးဟာ လူကို မကြည့်ဘဲ ပါတီကိုသာ ကြည့်ကြ ပါဆိုတဲ့ အမေစုစကားတစ်ခွန်းနဲ့ တောင်ပြိုကမ်းပြို NLD ပါတီကို မဲပေးခဲ့ကြတာပါ။ အမှန်အတိုင်း ပြောရရင် NLD ပါတီရဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံကို ယုံကြည်ခဲ့ကြတာ ခေါင်းဆောင် ဖြစ်တဲ့ အမေစုကြောင့်ပါ။ အမေစုက DLN ဆိုပြီး ပါတီဖွဲ့ပြီး ဝင်ပြိုင်ရင်လည်း ကျွန်တော်တို့အားလုံး ဟာ အမေစုကိုပဲ အင်တိုက်အားတိုက်ထောက်ခံကြမှာပါ။
အစ်မရေ
အကြောင်းအရာ တစ်ခုခုကို ဆွေးနွေးမယ်ဆိုရင် အဲဒီအကြောင်းအရာ တစ်ခုကိုပဲ အထူးပြုလေ့လာသုံးသပ်ပြီး ဆွေးနွေးစေ လိုပါတယ်။ အစ်မကိုယ်တိုင် လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ တခြားဆွေးနွေးတဲ့အပိုင်းတွေကို ကျွန်တော်နားမလည်တဲ့ အပိုင်း ဖြစ်လို့ မဆွေးနွေးလိုပေမယ့် ‘‘ကားပါမစ်ကိစ္စကိုလည်း လွှတ် တော်တွင် ဆွေးနွေး’’ဆိုတဲ့ ကား ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့ အပိုင်းတွေကိုတော့ သဘောမကျ ပါဘူး အစ်မ။
အစ်မတင်တဲ့ ကားနဲ့ပတ်သက်တဲ့ စာနှစ်ပိုဒ်
====================================
" နောက်ဆုံးအချက်ကတော့ ကုန်သွယ်မှုပမာဏ တိုးတက်စေ ရန်အတွက်ဟုဆိုကာ ကားတင် သွင်းမှု ပါမစ်များ ထုတ်ပေးနေမှု ပြန်လည်သုံးသပ်သင့်ပြီး မြို့၏ လမ်းစနစ်သစ်များ အကောင်အ ထည်မဖော်ရသေးခင် အချိန်ထိ
ပြည်ပမှ အိမ်စီးကားများ တင် သွင်းနေမှုများ၊ ပြည်ပမှ ကားဝင် ရိုးများတင်သွင်းပြီး ပြည်တွင်း၌ကားထုတ် လုပ်ခြင်းလုပ်ငန်းများ ကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ရပ်ဆိုင်းထားနိုင်ရန် မူဝါဒရေးရာ
များ ပြန်လည်သုံးသပ်သင့်ပါတယ်။
ယခင်နှစ်များက ဝင်ငွေရလမ်း ဖော်ပြစရာမလိုဘဲ Free Permit ဖြင့် တစ်ဦးချင်းစီး ကားတင်သွင်းခွင့်ပြုလိုက်၍ တန်ဖိုး ကြီးကားများ အမြောက်အမြား တင် သွင်းလာခြင်း၊ ယခုအခါ တင်သွင်းမည့် ကားတန်ဖိုးနှင့် လျော်ညီသည့် အခွန်ပေးဆောင်နိုင်မှ FreePermit ဖြင့် တင်သွင်းခွင့်ပြုခြင်း စသည်ဖြင့်မူဝါဒအမျိုးမျိုးပြောင်းကာ ကားများတင်သွင်းခွင့်ပြုလိုက်သဖြင့် ယခုအချိန်တွင် ရန်ကုန်မြို့ တွင်း ကားအစီးရေ သုံးသိန်းကျော် ရှိပြီး လမ်းများပိတ်ဆို့ကာ
ပြည်သူများမှာ အချိန်ကုန်၊ ငွေကုန်၊ လမ်းမပေါ်မှာပဲ အချိန်ကုန်နေကြရပါ တယ်။ ဒါဟာ စီမံကိန်းအသေအ ချာမရေးဆွဲဘဲ ကဏ္ဍတစ်ရပ်ကိုအလျင်အမြန်ဖွင့်ပေးလိုက်ခြင်း ၏ နောက်ဆက်တွဲအကျိုးရလဒ် များ ဖြစ်ပါတယ်။ "
အထက်ပါစာပိုဒ်နှစ်ပိုဒ်မှာ အစ်မအနေနဲ့ ယျေဘုယျဆန်ဆန် သုံးသပ်သွားပေမယ့် တချို့နေရာ တွေမှာ အချက်အလက်တွေ အ ရမ်းအားနည်းနေတာကို တွေ့ရ ပါတယ်။ ဆရာလုပ်တာမဟုတ် ပေမယ့် ကျွန်တော်နားလည်တဲ့အ ပိုင်းဖြစ်တဲ့အတွက် အစ်မမောင် တစ်ယောက်အနေနဲ့ အစ်မနောက်ပိုင်း ကားကိစ္စနဲ့ ဆွေးနွေးမယ်ဆိုရင် သေချာလေ့လာပြီးမှ ရန်ကုန်တိုင်းအ တွက်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံး လွှမ်းခြုံပြီး ပြည်သူတွေရဲ့ ခံစားချက်တွေကို နားထောင်ပြီး အချက်အလက်နဲ့ အတိအကျဆွေးနွေးစေလိုပါတယ်။ ထပ်ပြောရရင် ရန်ကုန်တိုင်းက ကျွန်တော် တို့ တိုင်းနဲ့ပြည်နယ် ၁၃ ခုက ပြည်သူတွေရဲ့ ဘဝမဟုတ်ပါဘူးအစ်မ။
ကားအစီးရေနဲ့ပတ်သက်လို့
============================
အစ်မရေ ကားအစီးရေနဲ့ ပတ်သက်လို့လည်း အတိအကျ လိုချင်ရင် နေတော့နည်းနည်းပူပါ တယ်။ နေပြည်တော် ကညနမှာ အချက်အလက်သွားယူမယ်ဆို ရင် ရနိုင်ပါတယ် အစ်မ။ ကျွန် တော်လည်း နေပြည်တော် ကညနကို ကိုယ်တိုင်သွားယူထားတဲ့ အ ချက်အလက်ကို ကိုးကားပြီးပြော ပြပေးမှာပါ အစ်မ။
အချက်အ လက်တာဝန်ယူနိုင်မှု
============================
၂၀၁၅ ဩဂုတ် ၃၁ ရက် ကညနရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ ယာဉ်အစီး ရေ၊ ကိန်းဂဏိန်းကို ကိုးကား
ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဝန်ခံရရင် တော့ ဒီနေ့ ၂၀၁၅ ဒီဇင်ဘာ ၂၉ ရက်ထုတ် ဆောင်းပါးပါချိန်နဲ့ဆို ရင်ကို အချက်အလက်က အနည်း ငယ်ကွဲလွဲနေမှာ ဖြစ်ပါတယ်။
အစ်မ ရန်ကုန်တိုင်းမှာ ကား အစီးရေ သုံးသိန်းကျော်ဆိုတာ မှားပါတယ် အစ်မ။ အမှန်တကယ်က ကားအစီးရေ ငါးသိန်းနီးပါး ၄၉၃,၄၈၆ စီးရှိပါတယ်။ အဲဒီ ကားအစီးရေဟာ လူစီးကား+ ခရီး သည်တင်ကား+ကုန်တင် (ဝန်ပေါ့)+ကုန်တင် (ဝန်လေး)နဲ့ အခြားစုစုပေါင်း (ငါးသိန်း)နီးပါး ရှိတာ ဖြစ်ပါတယ်။ ထပ်မံပြီး ဆိုင်ကယ်+သုံးဘီး+ ထော်လာ ဂျီအစီးရေ ၂၂၁,၄၄၄ စီးနဲ့ စက်ယန္တရား ၄၇၀ စီးရှိပြီး နောက်တွဲ ယာဉ် ၄,၃၀၉ စီး ရှိပါတယ်။ ရှိသမျှကားတွေအားလုံးနဲ့ ဆိုင်ကယ်+သုံးဘီး+ ထော်လာဂျီ+စက်ယန္တ ရား+နောက်တွဲ အားလုံးပေါင်း လိုက်ရင် ရန်ကုန်တိုင်းမှာ ၇၁၉,၇၀၉ စီး ရှိပါတယ်။
ခုနစ်သိန်းရှိပါတယ်
=============================
တစ်နိုင်ငံလုံးမှာ ကားအစီး ရေ ခုနစ်သိန်းခန့် ၇၃၆,၂၇၂ စီးပဲ ရှိပါတယ်။ ကားတင်သွင်းမှုထိန်း ချုပ်လိုတဲ့ စီးပွားရေးသမားအကြီး ကြီးတွေ စွဲကိုင်ပြီး အမြဲပြောခဲ့ရ တဲ့ အစီးရေဖြစ်ပါတယ်။ တစ် နိုင်ငံလုံးမှာ ကားအစီးရေ ခုနစ် သိန်းဖြစ်နေပြီး ကားတင်သွင်းမှု ထိန်းချုပ်သင့်ပြီဆိုပြီး အစိုးရကို နှပ်ကြောင်းပေးပြောဆိုလေ့ရှိပါ တယ်။
ရန်ကုန်တိုင်းမှာရှိတဲ့ ကား အစီးရေ ငါးသိန်းနီးပါး (၄၉၃,၄၈၆)ကို တစ်နိုင်ငံလုံး ကားအစီးရေ ခုနစ်သိန်း (၇၃၆,၂၇၂ )မှ နုတ်လိုက်မယ်ဆိုရင် ကျန်တဲ့တိုင်းနဲ့ ပြည် နယ်တွေမှာ နှစ်သိန်းကျော် (၂၄၂,၇၈၆ စီး) ရှိပါတယ် အစ်မ။
မြန်မာနိုင်ငံမှာ လူစီးကား ဘတ်စ်ကားနှင့် ကုန်တင် (ဝန် လေး) ယာဉ်များ ပိုမိုလိုအပ်နေ သေးတယ်ဆိုတာ လုံးဝမငြင်းနိုင် တဲ့ အမှန်တရားဖြစ်ပါတယ်။ နိုင်ငံရဲ့ ဝင်ငွေအချိုးအရနဲ့ ကားသစ် လေ ကောက်ခံတဲ့ အခွန်နှုန်းထား များလေ မူအရကားအသစ်တွေ ကို ဝယ်ယူနိုင်ဖို့ကလည်း အလှမ်း ကွာဝေးနေဆဲဖြစ်ပါတယ်။
ရန်ကုန်မြို့က ကျွန်တော်တို့ကို ကိုယ်စားမပြုပါဘူး
=====================================
ရန်ကုန်မြို့တွင်း ကားအစီး ရေ သုံးသိန်းကျော်ရှိပြီး လမ်းများ ပိတ်ဆို့ကာ ပြည်သူများမှာ အချိန် ကုန်၊ ငွေကုန်၊ လမ်းမပေါ်မှာပဲ အ ချိန်ကုန်နေကြပါရတယ်လို့ အစ်မက ပြောပါတယ်။ အစ်မ အဲဒါမှားပါတယ်။ ရန်ကုန်မြို့က ကားအစီးရေနဲ့ ကားကျပ်တာက ကျွန်တော်တို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် လုံးဝကိုယ်စား မပြုပါဘူး။ တစ်နိုင်ငံလုံး ကိုယ်စားမပြုတဲ့ ရန်ကုန်မြို့ကို အကြောင်း ပြတာ လုံးဝလက်မခံနိုင်ပါဘူး။ ရန်ကုန်မြို့ ကားကျန်တာကကောင်း မွန်မှန်ကန်တဲ့ Public Transpo-rtation စနစ်တစ်ခုမဖော်နိုင်လို့ ဒီလိုဖြစ်နေတာပါ။ အခြားအ ကြောင်းအရာတွေကြောင့်လည်း ပါဝင်ပါတယ်။ အဲဒါတွေကတော့ ရန်ကုန်မြို့မှာ လမ်းဘေးဈေး သည်များအား သင့်လျော်သော မြေနေရာကွက်လပ်များတွင် အစုအဖွဲ့အလိုက် နေရာမပေးနိုင်တော့ လမ်းဘေးဈေးသည်တွေဟာ အများသူငါ သွားလာတဲ့ ယာဉ်ကြောကျပ်တည်းတဲ့ နေရာတွေမှာ လမ်းတစ်ဝက်အထိ
နေရာယူခြင်း၊ ဘတ်စ်ကားနဲ့ တက္ကစီများ စည်းကမ်းမဲ့မောင်းနှင်ခြင်းတို့ကိုသာ သေသေချာချာဖြေရှင်းလိုက်ရင် ရနိုင်တဲ့အနေအထား ဖြစ်ပါတယ်။ လမ်းဘေးဝဲယာတွေမှာ ရပ်နားထားတဲ့ကားတွေကို စနစ်တကျရပ်နားနိုင်စေဖို့ အဆင့်မြင့် ကားပါကင်တွေကိုလည်း ဖော်ဆောင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်အစ်မ။
ကားအသုံးပြုမှု အနည်းဆုံး ပြည်နယ်နှင့်တိုင်း
==================================
ချင်းပြည်နယ်မှာဆိုရင် လူ စီးကား ၂၇၃ စီး၊ သုံးဘီးဆိုင်ကယ် ရှစ်စီး၊ ဘတ်စ်ကား ၃၄ စီးနဲ့ အ နည်းဆုံးရပ်တည်နေပါတယ်။ မော်တော်ယာဉ်အသုံးပြုနိုင်မှု အ နည်းဆုံးတိုင်းကတော့ တနင်္သာရီ တိုင်းဖြစ်ပြီး လူစီးကား ၂,၃၉၆ စီး၊သုံးဘီးဆိုင်ကယ် ၂,၂၃၀ စီး၊ ဘတ်စ်ကား ၄၁၉ စီး တွေ့ရှိရပါတယ်။
မော်တော်ယာဉ်ဥပဒေ
===============================×
ရန်ကုန်မြို့ ကားကျပ်တဲ့အ တွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် ရပ်ဆိုင်းထားနိုင်ရန် မူဝါဒရေး ရာများ ပြန်လည်သုံးသပ်သင့်ပါ တယ်လို့ အစ်မပြောတာလည်း မှားပါတယ်။ မကြာခင်ကမှ
ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ပြီး ၂၀၁၅ စက်တင်ဘာ ၇ ရက်မှာ နိုင်ငံတော်သမ္မတ ကြီး ဦးသိန်းစိန်လက်မှတ်ထိုးပြီး မော်တော်ယာဉ်ဥပဒေကို ထုတ် ပြန်ခဲ့ပါပြီ အစ်မ။ အခုလာမယ့် ၂၀၁၆ မှာ အဲဒီမော်တော်ယာဉ် ဥပဒေကို စွဲကိုင်ပြီး ရထားဝန်ကြီး ဌာန၊ ကညနက ဆောင်ရွက်တော့ မှာ အစ်မ။
မော်တော်ယာဉ်ဥပဒေအရ ကညန၊ နေပြည်တော်ကနေပြီး ၂၀၁၆ နိုင်ငံရပ်ခြားမှ ကားတင် သွင်းမှုကို ထိန်းချုပ်တော့မယ့် Model Year ကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဘဏ်စာရင်းဖွင့် ဖရီးပါမစ် ဖြင့် တန်ဖိုးကြီးကားတွေ တင် သွင်းတယ်ဆိုတဲ့ သုံးသပ်ချက်ဟာ လည်း မှားပါတယ် အစ်မ။ တန်ဖိုး အားဖြင့် သိန်း ၁၀၀ ခန့်ရှိတဲ့ ဟွန် ဒါဖစ်၊ ဒမ်မီယို၊ ပရိုဗောက်စ်၊ အေဒီဗန်တွေကို ပြည်သူတွေဝယ်ယူ သုံးခဲ့ကြတာပါ အစ်မ။ အစ်မပြောတဲ့ ဝင်ငွေရပေါက် ရလမ်းမပြနိုင် ဘဲ ဖရီးပါမစ်ဖြင့် ကားတင်သွင်း လို့ ရတယ်ဆိုတဲ့ ကိစ္စကလည်း ၂၀၁၆ မှာ မရတော့ပါဘူး အစ်မ။ ဝင်ငွေရပေါက် ရလမ်းပြနိုင်ရင် လည်း ၂၀၁၄ မော်ဒယ်မှ ၂၀၁၆ မော်ဒယ် ဘယ်မောင်းကားအသစ် တွေကိုပဲ တင်သွင်းနိုင်တော့မှာပါ။
အခု ၂၀၁၅ မှာ ပြည်သူတွေ ဈေးသက်သက်သာသာနဲ့ စီးနိုင်ခဲ့ တဲ့ ၁၃၅၀ စီစီ သိန်း ၁၀၀ တန် ကားလေးတွေဟာ ၂၀၁၆ မှာ စလစ်ဖိုးပေါင်းပြီး သိန်း ၁၈၀ ခန့် မှ ဝယ်လို့ရတော့မှာပါ။ ဖရီးပါမစ် နဲ့သွင်းရင် တင်းကျပ်လိုက်သလို တခြားမော်ဒယ်နိမ့်ကားတွေ တင် သွင်းမယ်ဆိုရင်လည်း စလစ်ကပ် ရတော့မှာ ဖြစ်တဲ့အတွက် ၂၀၁၆ မှာ ကားဈေးဟာ ပြည်သူတွေအ တွက် သက်သက်သာသာနဲ့ ဘယ် လိုမှမရနိုင်တော့ဘဲ မြင့်တက် သွားပါပြီ အစ်မ။
လိုင်စင်မဲ့ကားတွေကြီးစိုးမယ့်နှစ်
၂၀၁၆ မော်တော်ယာဉ် ဥပဒေအရ ကားတင်သွင်းမှုတင်း ကျပ်တဲ့အတွက် တောင်ကြီး၊ မြဝတီ၊ ပဲခူး၊ မကွေး၊ မြစ်ကြီးနား၊ ဧရာဝတီ စတဲ့ကျန်တဲ့တိုင်းနဲ့ပြည် နယ်အားလုံးမှာ လိုင်စင်မဲ့ကား တွေ ကြီးစိုးလာမယ့်နှစ်ဆိုတာ တစ်ခါတည်း ကျွန်တော်ဟော ကိန်းထုတ်လိုပါတယ် အစ်မ။ ပြည်သူတွေဟာ ဥပဒေကို ချိုးဖောက် ချင်လို့ ချိုးဖောက်နေတာ မဟုတ် ပါဘူး။
နယ်ဘက်က လူတွေဟာ သူတို့နိုင်တဲ့ ပိုက်ဆံနဲ့ မရနိုင်တဲ့အ တွက် ကားဈေးကြီးလွန်းလို့ လိုင် စင်မဲ့ကားတွေကို နယ်စပ်တွေက နေပြီး ဝယ်ယူအသုံးပြုနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း တိုင်းနဲ့ပြည်နယ်တွေမှာ တွင်တွင် ကျယ်ကျယ် ပြည်သူတွေအသုံးပြု နေကြတာ လိုင်စင်မဲ့ကားတွေဖြစ် တယ်။
နိဂုံး
ကျွန်တော်တို့ နယ်ဘက်တွေ မှာ လိုင်စင်မဲ့ကားအပြင် လိုင်စင် ပါတဲ့ ထော်လာဂျီ၊ သုံးဘီးဆိုင် ကယ်၊ ဆိုင်ကယ်တွေပဲ အသုံးပြု နေရပါတယ်။ ဆိုင်ကယ်ဆိုရင် တစ်နိုင်ငံလုံးမှာ ၄,၄၃၉,၁၇၈ စီး၊ သုံးဘီးဆိုင်ကယ် ၆၈,၈၀၈ စီး၊ ထော်လာဂျီ ၄၁,၇၈၉ စီး ရှိပါ တယ်။ စုစုပေါင်း ၄,၅၄၉,၇၇၅ စီး ရှိပါတယ်။ မုံရွာ၊ မူဆယ်၊ လားရှိုး၊ ပဲခူး၊ တစ်နိုင်ငံလုံးမြို့ကြီးများနဲ့ တောနယ်များမှာ ဘတ်စ်ကား အ စားထိုးအဖြစ် သုံးဘီးဆိုင်ကယ် များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေရပါတယ် အစ်မ။
ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာ နေပြည်တော်ကောင်စီနယ် မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များနဲ့ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ကားကျပ်တယ်ဆိုတဲ့ ရန် ကုန်ကိုဖယ်ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအတွက်ကို ထည့်သွင်း စဉ်းစားပေးသင့်ပါတယ်။ ပြောချင်တာကတော့ နယ်တွေမှာ ကားလိုအပ်မှုရှိနေသေးပါတယ်။ အစ်မအနေနဲ့ ရန်ကုန်တစ်ခုတည်း ကွက်ပြီး မပြောစေလိုပါဘူး။ ကျွန်တော်တို့ နယ်တွေမှာ လူသေသွား ရင်တောင်မှ ကားမရှိလို့ လူသေ ကို ဆိုင်ကယ်နဲ့ ပို့နေရတဲ့ နယ် တွေ အခုအချိန်ထိ ရှိနေဆဲပါ။
နိဂုံးချုပ်ပြောကြားလိုတာက တော့ အစ်မအနေနဲ့ နောက်တစ် ခါ လွှတ်တော်မှာ ဆွေးနွေးရင် တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ခံစားချက်တွေကို နှလုံးသားနဲ့နား ထောင်ပြီး လက်တွေ့ကျကျ အချက်အလက်နဲ့ အတိအကျ
ဆွေးနွေးစလိုပါကြောင်း ချစ်ခြင်းများ စွာဖြင့် အစ်မကို ပြောကြားရင်း..။
အရည်ကြို
7 day သတင်းစာ

No comments: