Monday, December 28, 2015

တရုတ် မြေပြိုမှု ဖြစ်ပွားခဲ့သည့် ခရိုင်မှ မြို့ပြအုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် သတ်သေ

တရုတ် မြေပြိုမှု ဖြစ်ပွားခဲ့သည့် ခရိုင်မှ မြို့ပြအုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် သတ်သေ

 Published on Mon, 12/28/2015 - 18:04

တရုတ်တွင် ဧရာမ မြေပြိုမှုများ ဖြစ်ပွားခဲ့သည့် ခရိုင်မှ မြို့ပြစီမံခန့်ခွဲရေး အေဂျင်စီ ဥက္ကဋ္ဌသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ရှင်ကျင်းမြို့ရှိ ကွမ်မင်းနယူးခရိုင်မှ မြို့ပြစီမံခန့်ခွဲရေးနှင့် ဥပဒေစိုးမိုးရေးဗျူရို ဥက္ကဋ္ဌ ရှုယွမ်အန်သည် ဒီဇင်ဘာ ၂၇ ရက်နှောင်းပိုင်းတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း ရဲတပ်ဖွဲ့က လူမှုမီဒီယာတွင် တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ရှု၏ သေဆုံးမှုသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆိုသည်။

တရုတ် အရှေ့ပိုင်းရှိ ဂျစ်ပဆမ် သတ္တု တွင်း ပြိုကျမှုတွင် လူတစ်ဦး သေဆုံးပြီး ၁၇ ဦး ပိတ်မိနေခဲ့ပြီးနောက် ယင်းသတ္တုတွင်း ပိုင်ရှင်သည်လည်း ဒီဇင်ဘာ ၂၇ ရက်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ဟောင်ကောင်နှင့် နယ်နိမိတ် ထိစပ်နေသော တောင်ပိုင်းရှိ ရှင်ကျင်းမြို့တွင် ယင်းဧရာမ မြေပြိုမှုမှ သေဆုံးသူ ခုနစ်ဦးကိုသာ အတည်ပြုနိုင်သေးပြီး ပျောက်ဆုံးနေဆဲ အခြား ၇၅ ဦးကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

တရုတ်တွင် ချန်ကွမ်းဟုခေါ်သော မြို့ပြစီမံခန့်ခွဲရေး တာဝန်ရှိသူများသည် လမ်းဘေးဈေးသည်များ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်အချို့နှင့် ပတ်သက်သော စည်းမျဉ်း သတ်မှတ်မှုကဲ့သို့ အရပ်ဘက် အမိန့်များကို ထုတ်ပြန်လေ့ရှိသည်။ သို့သော် မကြာသေးမီ နှစ်များအတွင်း ၎င်းတို့သည် အထူးသဖြင့် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား ပြုလုပ်ခဲ့သည်ဟု နာမည်ဆိုးများ ထွက်ပေါ်ခဲ့သည်။

Ref : AFP

No comments: