Thursday, December 31, 2015

လိပ်ကျွန်းအမှုအယူခံတင်ရန် ပြင်ဆင်ချိန်တလအထိ တိုးမြင့်ပေးရန် ထိုင်းအစိုးရ သဘောတူ

လိပ်ကျွန်းအမှုအယူခံတင်ရန် ပြင်ဆင်ချိန်တလအထိ တိုးမြင့်ပေးရန် ထိုင်းအစိုးရ သဘောတူ

( အမှုလိုက်ပါဆောင်ရွက်ပေးသူ ဦးထူးချစ် ဖေ့ဘုပ်စာမျက်နှာမှ )
--- --- ---

Htoo Chit
3 hrs ·

30/12/2015:

- လိပ်ကျွန်းလူသတ်မှု့ သေဒဏ်ပေးခဲ့ ရသည့် ကိစ္စနှင့်ပတ်သက်ပြီး အယူခံ ဝင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးရန် ( ၃၀၊၁၂၊၂၀၁၅) ရက်နေ့ နေ့လည် ( ၁နာရီခွဲ) ခန့်က ဘန်ကောက်မြို့ ထိုင်းရှေ့နေများကောင်စီ ရုံး တွင် သံ ရုံးမှဖွဲ့စည်းထားသည့်အထူးစုံစမ်းရေးကော်မီတီ၊နှင့်ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင်များ ဆွေးနွေးခဲ့သည်၊ အဆိုပါ အစည်းအဝေးသို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကိုယ်တိုင်တက်ရောက်ခဲ့သည်။

- အဆိုပါ အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးမှ အမှု့ အတွက် ကုန်ကျစရိတ်များကို တွက်ပေးရန်နှင့် နိုင်ငံတော်မှ အတတ်နိုင်ဆုံးကူညီပေးနိုင်ရန်တင်ပြပေးမည်ဟုပြောကြားခဲ့သော်လည်း၊ ရှေ့နေများကောင်စီ ဥက္ကဌမှ မတင်ပြခဲ့ဘဲ၊ တတ်နိုင်သလောက်ကူညီပေးမှု့ ဖို့သာတောင်းဆောင်ခဲ့သည်။

- ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ( FED) မှ သေဒဏ်ပေးခံခဲ ရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့၏ မိခင်များကို အတတ်နိုင်ဆုံး ကူညီစောင့် ရှောက်ရန် သဘောတူခဲ့သည်။
- အယူခံ ကို စနစ်တကျ ပြင်ဆင်ရမည်ဖြစ်သည့်အတွက် ပြင်ဆင်ချိန်ကို တစ်လထက် ကျော်လွန်မည်ဖြစ်ကြောင်း ထိုင်အစိုး မေတ္တာရပ်ခံခဲ့ပြီး ဖြစ်ကြောင်းနှင့် ထိုင်းအစိုးရမှ သဘောတူကြောင်းကြားသိခဲ့ရပါသည်။

- အယူခံ နှစ်ဆင့်ဝင် နိုင်မှု့နှင့် ပတ်သက်ပြီး ကြာချိန်ကို တစ်နှစ်မှ သုံးနှစ် အထိကြာနိုင်သည် ဟု ခန့်မှန်းခဲ့သည်။ မိမိတို့ အနေဖြင့် ကလေးနှစ်ဦး အားထိမ်းသိမ်းထားသည့် နခွန်စီဌာမာရ အကျဉ်းထောင်မှ ဘန်ကောက်မြို့ အကျဉ်းထောင်သို့ ပြောင်းရွေ့နိုင်ရန်ကြိုးစားမည်ဖြစ်ကြောင်းနှင့် မြန်မာအထုးအဖွဲ့အနေဖြင့်ထောင်ဝင်စာပုံမှန်သွားရောက်နိုင်ရန်စီစဉ်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
- အဆိုပါအစည်းအဝေးသို့မိမိတို့ FED အလုပ်သမားအရးဌာန တာဝန်ခံ ကိုမိုးဝေနှင့်ထိုင်းရှေ့နေ ( ရှီ) တို့တက်ရောက်ခဲ့သည်။
- ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော် မှအဆိုပါလိပ်ကျွန်းလူသတ်မှု့အပြင်၊ ရနောင်းလူသတ်မှု့နှင့်ထိုင်းနှင့်နိုင်ငံတွင်း မြန်မာရွေ့ပြောင်းအလုပ်သမား ဖွံ့ဖြိုးရေးအတွက် (ရန်ပုံငွေ တစ်စုံးတရာသတ်မှတ်ပြီး) အတတ်နိုငဆုံးကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။

(ထူးချစ်)

No comments: